Asia
ရှီကျင့်ဖိန်က တောင်ကိုရီးယား ရွေးကောက်ခံ သမ္မတ လီဂျေမြောင်ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တောင်ကိုရီးယားနိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံရသည့် လီဂျေမြောင်ထံ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်-တောင်ကိုရီးယားတို့သည် အပြန်အလှန်၏ အရေးပါသော အိမ်နီးချင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေးထူထောင်သည့် ၃၃ နှစ်တာကာလတွင် နှစ်နိုင်ငံသည် အတွေးအမြင်နှင့် လူမှုရေးစနစ် ကွဲပြားမှုကို ကျော်လွန်ကာ အတူလက်တွဲ၍ ရှေ့သို့ချီတက်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းမှာ နှစ်နိုင်ငံ ပြည်သူများအား အကျိုးဖြစ်ထွန်းစေသည်သာမက ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုအတွက် အပြုသဘောဆောင်အကျိုးဆောင်မှုကို မြှင့်တင်ပေးခဲ့ကြောင်း သဝဏ်လွှာတွင် ထောက်ပြပြောကြားထားသည်။
ရှီကျင့်ဖိန်က ၎င်းအနေဖြင့် တရုတ်-တောင်ကိုရီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားကြောင်း၊ လက်ရှိတွင် ကမ္ဘာ့ ရာစုနှစ် အပြောင်းအလဲများသည် အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိရာ နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများတွင် မသေချာမရေရာသော အကြောင်းရင်းများ တိုးပွားလာကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း အရေးပါသော နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့်အတူ သံတမန်ဆက်ဆံရေးထူထောင်သည့် မူလရည်ရွယ်ချက်ကို အခိုင်အမာ ထိန်းသိမ်းကာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဟူသော ဦးတည်ချက်ကို အခိုင်အမာထားရှိပြီး အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော ရည်မှန်းချက်များကို အခိုင်အမာလက်ကိုင်ထားရန်၊ နှစ်နိုင်ငံ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် တရုတ်- တောင်ကိုရီးယား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအား စဉ်ဆက်မပြတ် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်ရေးအား အတူတကွ တွန်းအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက သဝဏ်လွှာတွင် အလေးပေးပြောကြားခဲ့သည်။ (Xinhua)
…………………
(Chinese Version)
习近平向韩国当选总统李在明致贺电
新华社北京6月4日电 6月4日,国家主席习近平致电李在明,祝贺他当选韩国总统。
习近平指出,中韩互为重要近邻和合作伙伴。建交33年来,双方超越意识形态和社会制度差异,携手并进、相互成就,实现两国关系平稳健康发展,不仅增进了两国人民福祉,也为促进地区和平稳定和发展繁荣作出积极贡献。
习近平强调,我高度重视中韩关系发展。当前,世界百年变局加速演进,国际和地区形势中的不确定因素增多。作为全球和地区重要国家,中方愿同韩方一道,坚守建交初心,坚定睦邻友好方向,坚持互利共赢目标,共同推动中韩战略合作伙伴关系不断向前发展,更好造福两国人民。(完)
图说:6月4日,在韩国首尔,李在明(中左)和夫人在韩国国会向支持者表示感谢。新华社记者 姚琪琳 摄