International Organizations
၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ကလပ်ကမ္ဘာ့ဖလားတွင် ဒေ့ါမွန်၊ ဖလူမင်နိစ်တို့ ဂိုးမြူးခဲ့ပြီး အင်တာမီလန်က အူရာဝါရက်ဒ်ကို နောက်ကျဂိုးဖြင့် အနိုင်ရ
ဇွန် ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်များတွင် ဖလူမင်နိစ်၊ အင်တာမီလန်နှင့် ဒေ့ါမွန်အသင်းတို့မှာ အရေးပါသော နိုင်ပွဲများကို ရယူနိုင်ခဲ့ပြီး ရေးဗားပလိတ်မှာမူ မွန်တာရေးနှင့် ဂိုးမရှိသရေကျခဲ့သည်။
နယူးဂျာစီပြည်နယ်ရှိ MetLife အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဘရာဇီးကလပ် ဖလူမင်နိစ်က တောင်ကိုရီးယားကလပ် အူလ်ဆန်အား ၁-၂ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် အုပ်စု-F တွင် လေးမှတ်ရရှိထားကာ ဒေါ့မွန်အား ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံး၌ ဦးဆောင်လျက်ရှိသည်။

ဆီယက်တဲလ်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အီတလီကလပ် အင်တာမီလန်နှင့် ဂျပန်ကလပ် အူရာဝါရက်ဒ်ဒိုင်းမွန်းတို့၏ ပွဲစဉ်၌ အင်တာမီလန်က လော်တာရို မာတီနက်ဇ်၊ ဗလန်တင် ကာဘိုနီတို့၏ သွင်းဂိုးများနှင့်အတူ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အူရာဝါရက်ဒ်အသင်းမှ တခုရို ခါနဲကိုက ပါးပါးနပ်နပ်ပြေးထွက်ကာ ညာခြမ်းမှ ဖြတ်တင်ဘောပေးပို့မှုအား ယိုမာ ဝါတာနာဘဲက ဆယ်ကိုက်အကွာမှ အပြင်းကန်သွင်း၍ ဦးဆောင်ဂိုးသွင်းယူခဲ့သည်။

အင်တာမီလန်အနေဖြင့် ပွဲကစားချိန် ၇၈ မိနစ်ရောက်မှသာ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး နစ်ကိုလို ဘာရယ်လာ ထောင့်ကန်ဘောကန်တင်ရာတွင် မာတီနက်ဇ်က မြေမကျကန်ချက်ဖြင့် ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။
အင်တာမီလန်မှာ ရုတ်တရက် ကစားအားမြှင့်ခဲ့ပြီးနောက် ပွဲကစားချိန် ၉၂ မိနစ်တွင် ကာဘိုနီက လျှံထွက်လာသော ဘောလုံးကို အပိုင်ပိတ်သွင်းခဲ့ရာ ဂိုးသမား ရှုဆာခု နီရှိကာဝါ မကာကွယ်နိုင်ခဲ့သဖြင့် အနိုင်ဂိုးရရှိခဲ့သည်။


စင်စင်နတီမြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ကလပ် ဒေ့ါမွန်နှင့် တောင်အာဖရိကကလပ် မာမလိုဒီ ဆန်းဒေါင်းစ်တို့၏ ပွဲစဉ်တွင် ဒေ့ါမွန်က ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ရေးအတွက် အကြိတ်အနယ် ဆက်လက်တိုက်ပွဲဝင်လျက်ရှိသည်။
လူးကက်စ် ရီဘယ်ရို၊ အစ်က်ရမ် ရေနာစ်နှင့် လီဘို မိုသီဘာတို့က ပရီတိုးရီးယားအခြေစိုက် ဆန်းဒေါင်းစ်အသင်းအတွက် ဂိုးသွင်းယူခဲ့ပြီး ဒေ့ါမွန်အတွက် သွင်းဂိုးများကို ဖီးလစ်ဇ် မီချာ၊ ဆာဟူ ဂွီရက်ဆီနှင့် ဂျို့ဘ်ဘယ်လင်ဟမ်တို့က သွင်းယူခဲ့သလို ဆန်းဒေါင်းစ်အသင်းမှ ခူလစ်ဆို မူဒါအူကလည်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သည်။
…..
— ရီးရဲလ်မက်ဒရစ်နှင့် ပွဲစဉ်အတွက် အသင့်ပြင်ဆင်ထားဟု ပါချူကာတိုက်စစ်မှူး ပြော
မက္ကဆီကိုကလပ် ပါချူကာအသင်းတိုက်စစ်မှူး ဆာလိုမွန် ရွန်ဒွန်က ၎င်း၏အသင်းအနေဖြင့် ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ရမည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲစဉ်၌ ယမန်နှစ် အင်တာကွန်တီနင်တယ်ဖလား ဗိုလ်လုပွဲတွင် ထိပ်တိုက်တွေ့ဆုံခဲ့စဉ်ကထက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားမည်ဖြစ်ကြောင်း ဇွန် ၂၁ ရက်က ပြောကြားခဲ့သည်။
ယမန်နှစ် ဗိုလ်လုပွဲတွင် ပွဲပန်းမှုကြောင့် ရုန်းကန်နေရသည့် ပါချူကာကို ရီးရဲလ်မက်ဒရစ်က ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ မက္ကဆီကိုကလပ် ပါချူကာအနေဖြင့် အုပ်စု-H အဖွင့်ပွဲစဉ်၌ ဆဲလ်ဘတ်အား ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ထားရာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရေးအတွက် လာမည့်ပွဲစဉ်ကို မဖြစ်မနေ အနိုင်ကစားရမည်ဖြစ်သည်။ ရီးရဲလ်အသင်းကမူ အုပ်စုအဖွင့်ပွဲစဉ်၌ အယ်လ်-ဟီလာနှင့် ၁ ဂိုးစီ သရေကျခဲ့သည်။
…..
— ဘာလင်အိုးပင်းတွင် လက်စွမ်းပြနေသည့် တရုတ်တင်းနစ်မယ် ဝမ်ရှင်းယွီ ဗိုလ်လုပွဲသို့ တက်ရောက်
ဇွန် ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် WTA 500 ပြိုင်ပွဲအမျိုးအစားဖြစ်သော ဘာလင်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ဝမ်ရှင်းယွီက လျူဒီမီလာ ဆမ်ဆိုနိုဗာအား (ကမ္ဘာ့အဆင့်-၂၀) အား နှစ်ပွဲပြတ်အနိုင်ယူကာ WTA Tour တစ်ဦးချင်းပြိုင်ပွဲ၌ ဗိုလ်လုပွဲအဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်သွားပြီဖြစ်ပြီး ၎င်းအနေဖြင့် မြက်ခင်းကွင်း၌ အကောင်းဆုံးလက်စွမ်းပြလျက်ရှိသည်။
၎င်းအနေဖြင့် ဆမ်ဆိုနိုဗာကို အနိုင်ရရှိခဲ့ခြင်းမှာ ယခုသီတင်းပတ်အတွင်း ကမ္ဘာ့ထိပ်တန်းအဆင့်-၂၀ မှ ပြိုင်ဘက်တစ်ဦးအား လေးကြိမ်ဆက်တိုက် အနိုင်ရခဲ့ခြင်းဖြစ်ကာ WTA Tour ပြိုင်ပွဲ၌ ထွန်းတောက်လာမှုကို မီးမောင်းထိုးပြနေခြင်းဖြစ်သလို မြက်ခင်းကွင်းအမျိုးအစား၌ အကောင်းဆုံးစွမ်းဆောင်ရည်သစ်ကို ဖန်တီးပုံဖော်နေခြင်းလည်းဖြစ်သည်။ ဝမ်မှာ ဇွန် ၂၂ ရက် ဗိုလ်လုပွဲ၌ ၂၀၂၃ ခုနှစ် ဝင်ဘယ်ဒန်ချန်ပီယံ မာကီတာ ဗွန်ဒရူဆိုဗာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဗွန်ဒရူဆိုဗာမှာ ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့်-၁ အရီနာ ဆာဘလန်ကာကို အနိုင်ယူ၍ ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။
…..
— Queen’s Club ချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အယ်လ်ကာရက်ဇ်နှင့် လီဟက်ကာတို့ ထိပ်တိုက်တွေ့ဆုံ
ဇွန် ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ATP 500 ပြိုင်ပွဲအမျိုးအစားဖြစ်သော Queen’s Club ချန်ပီယံရှစ် အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် ဆီဒင်-၁ ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် ချက်ကြယ်ပွင့်ကစားသမား ဂျီရီ လီဟက်ကာတို့ အသီးသီးအနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။
အသက် ၂၂ နှစ်အရွယ် ကမ္ဘာ့အဆင့်-၂ စပိန်တင်းနစ်ကစားသမား အယ်လ်ကာရက်ဇ်မှာ တစ်နိုင်ငံတည်းသားဖြစ်သူ အသက် ၃၇ နှစ်အရွယ် ရော်ဘတ်တို ဘော်တစ်စတာကို လက်ရည်အပြတ်အသတ်ဖြင့် ယှဉ်ပြိုင်သွားခဲ့ပြီး ၆-၄၊ ၆-၄ ဖြင့် အနိုင်ယူကာ ၎င်း၏ကစားသမားဘဝတွင် ၁၇ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး နိုင်ပွဲဆက်မှုကို အချိန်အကြာဆုံး ထိန်းထားနိုင်ခဲ့သည်။
ရှေ့ပွဲစဉ် သုံးပွဲစလုံးတွင် နှစ်ပွဲပြတ်အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာခဲ့သည့် လီဟက်ကာမှာလည်း လန်ဒန်အနောက်ပိုင်းတွင် ၎င်း၏အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့သည်။ (Xinhua)
#Sports #ClubWorldCup #Pachuca #BerlinOpen #Queen’sClubChampionships #အားကစား #ကလပ်ကမ္ဘာ့ဖလား #ပါချူကာ #ဘာလင်အိုးပင်း
…………………………………………………………………………….
(English Version)
Inter leaves it late as Dortmund, Flu hit four
Fluminense, Inter Milan and Borussia Dortmund all recorded crucial wins on Saturday at the FIFA Club World Cup, while River Plate was held to a goalless draw by Monterrey.
At the MetLife Stadium in New Jersey, Brazil’s Fluminense recovered from 2-1 down to beat South Korean side Ulsan 4-2. Fluminense is now top of Group F with four points, ahead of Borussia Dortmund on goal difference.
In Seattle, Lautaro Martinez and Valentin Carboni scored for Inter Milan as the Italian side rallied late to overcome Japan’s Urawa Red Diamonds 2-1.
Ryoma Watanabe gave the J1 League outfit an early lead by sweeping home from 10 yards after Takuro Kaneko’s clever run and cross from the right flank.
It took until the 78th minute for Inter to equalize as Martinez struck with an acrobatic volley following Nicolo Barella’s corner.
The Serie A club suddenly had the momentum and Carboni gave his side the lead in the 92nd minute by pouncing on a loose ball and drilling a low effort past Shusaku Nishikawa.
In Cincinnati, Germany’s Borussia Dortmund stayed in contention for a place in the last 16 with a 4-3 win over South African side Mamelodi Sundowns.
Lucas Ribeiro, Iqraam Rayners and Lebo Mothiba were on target for the Pretoria-based side while Felix Nmecha, Serhou Guirassy and Jobe Bellingham scored for the Bundesliga outfit, which also benefitted from a Khuliso Mudau own goal.
…..
Pachuca ready for Real Madrid test, says striker Rondon
Pachuca striker Salomon Rondon said Saturday his team will be better prepared to face Real Madrid at the FIFA Club World Cup than when the sides met in last year’s Intercontinental Cup final.
Madrid won that match 3-0 against a Pachuca team that struggled with a heavy schedule. The Mexican side must win to keep alive its hopes of reaching the knockout stage after a 2-1 loss to Salzburg in their Group H opener. Madrid, meanwhile, was held to a 1-1 draw by Al-Hilal in their first game.
…..
China’s Wang Xinyu reaches WTA singles final with stunning run in Berlin
China’s Wang Xinyu continued her sensational form on grass courts, storming into her first-ever WTA Tour singles final with a straight-sets victory over world No. 20 Liudmila Samsonova in the semifinals of the WTA 500 Berlin Open on Saturday.
Her win over Samsonova marked her fourth consecutive victory over a top-20 opponent this week, underlining her rise on the WTA Tour and establishing a new personal best on grass. Wang will face 2023 Wimbledon champion Marketa Vondrousova in Sunday’s final, who earlier defeated world No. 1 Aryna Sabalenka in the other semifinal.
…..
Alcaraz, Lehecka set up final clash at Queen’s club
The top-seeded Carlos Alcaraz and Czech hopeful Jiri Lehecka both reached the men’s singles final at the ATP 500 Queen’s Club Championships here on Saturday.
The world No. 2 Alcaraz from Spain was too good to be beaten by compatriot Roberto Bautista Agut as the 22-year-old sensation extended his longest winning streak in his career to 17 matches after outplaying the 37-year-old 6-4, 6-4.
Lehecka showed his great form in west London as he reached the semifinals by winning three matches in a row all in straight sets.