Connect with us

Africa & Middle East

ထရမ့်အစိုးရ အီရန်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်တွင်းတွင် အခြေခံဥပဒေ ချိုးဖောက်မှု၊ သစ္စာဖောက်မှု၊ တန်ပြန်စွပ်စွဲမှုတို့ဖြင့် ပြစ်တင်ရှုတ်ချခံရ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်သို့ အမေရိကန်သမ္မတ ထရမ့် ပြန်လည်ရောက်ရှိလာသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန် ထရမ့်အစိုးရက အီရန်နျူကလီးယာအဆောက်အဦများကို လေကြောင်းတိုက်ခိုက်ရန် အမိန့်ချလိုက်ခြင်းက ကမ္ဘာကို တုန်လှုပ်အံ့အားသင့်စေခဲ့သလို တစ်ချိန်တည်းတွင်ပင် အမေရိကန် ပြည်တွင်း၌ ပြင်းထန်သော ပြစ်တင်ဝေဖန်မှုများ ဖြစ်ပွားခဲ့ပေသည်။ ပါတီနှစ်ရပ် လွှတ်တော်အမတ်များက ဤအကြိမ် စစ်ရေးလှုပ်ရှားမှုမှာ လွှတ်တော်၏ခွင့်ပြုချက်မရှိခြင်းကြောင့် အခြေခံဥပဒေကို ချိုးဖောက်ကြောင်း သံသယရှိသည်ဟု ပြစ်တင်စွပ်စွဲကြသည်။ ရီပက်ဘလစ်ကန်ပါတီဝင်အချို့နှင့် ထရမ့်၏ အမာခံ ထောက်ခံသူများက ထရမ့်အစိုးအရသည် ထိုမတိုင်မီကတိကဝတ်များကို ချိုးဖောက်ခြင်း၊ မဲဆန္ဒရှင်များကို သစ္စာဖောက်ခြင်း ဖြစ်သည်ဟု ဝေဖန်ကြသည်။ လေကြောင်းတိုက်ခိုက်မှုက အမေရိကန်နိုင်ငံကို ကာလကြာရှည်သော ပဋိပက္ခအတွင်းသို့ ဆွဲသွင်းသွားနိုင်ပြီး ပြည်ပရှိ အမေရိကန် လူပုဂ္ဂိုလ်များနှင့် အဆောက်အဦများကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အမေရိကန်လူထုသဘောထားက သတိပေးကြသည်။

ခွင့်ပြုချက်မရဘဲ လက်နက်သုံးခြင်း
အမေရိကန်စစ်တပ်က အီရန်နျူကလီးယားအဆောက်အဦများကို လေကြောင်းတိုက်ခိုက်ပြီးနောက် အမေရိကန် ပါတီနှစ်ရပ်၏ လွှတ်တော်အမတ်အများအပြားက ထရမ့်အစိုးရအနေဖြင့် လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ စစ်ရေးလှုပ်ရှားခြင်းသည် အခြေခံဥပဒေ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း စွပ်စွဲအပြစ်တင်ခဲ့သလို ၎င်းကို တရားဥပဒေနှင့် နိုင်ငံရေးအရ တာဝန်ခံပေးရန် တိုက်တွန်းခဲ့သည်။

ဒီမိုကရက်တစ်လွှတ်တော်အမတ်များ၏ စွပ်စွဲအပြစ်တင်မှုများက အထူးသဖြင့် ပြင်းထန်ခဲ့သည်။ အောက်လွှတ်တော် လူနည်းစုပါတီခေါင်းဆောင်၊ ဒီမိုကရက်တစ်ပါတီဝင် Hakeem Jeffries က ထရမ့်အစိုးရ၏ စစ်ရေးစတင်လှုပ်ရှားတိုက်ခိုက်မှုသည် လွှတ်တော်၏ခွင့်ပြုချက်ကို ရယူခဲ့ခြင်း မရှိသလို အမေရိကန်ကို ကပ်ဘေးအသွင် အရှေ့အလယ်ပိုင်းစစ်မက်အန္တရာယ်ထဲတွင် ဆွဲသွင်းလိုက်ခြင်းဖြစ်ရာ ထရမ့်သည် ၎င်း၏ တစ်ဖက်သတ် စစ်ရေးစတင်လှုပ်ရှားမှုကြောင့် ဖြစ်ပွားသော မည်သည့်နောက်ဆက်တွဲဆိုးကျိုးကိုမဆို အပြည့်အဝ တာဝန်ယူသင့်ကြောင်း ပြောကြားခဲ့သည်။ ဒီမိုကရက်တစ်ပါတီဝင်၊ အောက်လွှတ်တော်အမတ် Alexandria Ocasio-Cortez က အစ္စရေးနှင့် အီရန် ပဋိပက္ခတွင် ပါဝင်သည့် ထရမ့်၏လုပ်ရပ်သည် အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ရာ စွဲချက်တင်နိုင်သောပြစ်မှုတစ်ခု ဖြစ်သည်ဟု ယူဆသည်။

အမေရိကန်လွှတ်တော်၏ တစ်သီးပုဂ္ဂလ အထက်လွှတ်တော်အမတ် Bernie Sanders က ယခုရက်ပိုင်းများ၌ ကျင်းပသော ဟောပြောပွဲတစ်ခုတွင် အီရန်ကို တိုက်ခိုက်ရန် ထရမ့်အစိုးရ အမိန့်ချခြင်းသည် “အခြေခံဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်း” ဖြစ်ကြောင်း၊ “အမေရိကန်ကို စစ်တိုက်ဖို့ လုပ်ဆောင်နိုင်သူမှာ လွှတ်တော်သာဖြစ်ပြီး သမ္မတမှာ ဒီအခွင့်အရေးမရှိ” ဟု ဝေဖန်ပြောကြားခဲ့သည်။

ရီပက်ဘလစ်ကန်ပါတီဝင် အချို့မှာလည်း အလားတူ သံသယမေးခွန်းများ ပေါ်ထွက်လာသည်။ ကန်တက်ကီပြည်နယ် ရီပက်ဘလစ်ကန်ပါတီဝင် အောက်လွှတ်တော်အမတ် Thomas Massie က အီရန်ကို လေကြောင်းတိုက်ခိုက်ရန် ထရမ့်အမိန့်ချခြင်းသည် “အခြေခံဥပဒေကို ချိုးဖောက်ခြင်း” ဖြစ်သည်ဟု ဝေဖန်ခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို အဆိုပြုခဲ့ရာ လွှတ်တော်၏ အတိအလင်း ခွင့်ပြုချက်ရရှိခြင်းမှအပ အီရန်အပေါ် အမေရိကန်၏ တိုက်ရိုက်စစ်ရေးလှုပ်ရှားမှုများကို တားဆီးစေလိုကြောင်း ပြောကြားခဲ့သည်။
အိုဟိုင်းယိုးပြည်နယ် ရီပက်ဘလစ်ကန်ပါတီဝင် အောက်လွှတ်တော်အမတ် Warren Davidson က ထရမ့်၏ ဆုံးဖြတ်ချက်အတွက် “အခြေခံဥပဒေနှင့်ကိုက်ညီသည့် အကြောင်းပြချက်” ရှာတွေ့ရန် အလွန်ခဲယဉ်းကြောင်း လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။

MAGA အုပ်စု၏ မကျေနပ်မှု
အမေရိကန်စစ်တပ်က အီရန်ကို လေကြောင်းတိုက်ခိုက်မှုသည် ရီပက်ဘလစ်ကန်ပါတီအတွင်း “Make America Great Again” (MAGA) အုပ်စု၏ မကျေနပ်မှုများလည်း ဖြစ်ပွားစေခဲ့သည်။ MAGA ထောက်ခံသူများက ယခုအကြိမ်တိုက်ခိုက်မှုသည် ထရမ့်အစိုးရ၏ ထိုမတိုင်မီ “ပြည်ပပဋိပက္ခများ၌ ပါဝင်မည်မဟုတ်” ဟူသော ကတိကဝတ်နှင့် ဆန့်ကျင်ပြီး အမေရိကန်ကို ကာလကြာရှည်သော ပဋိပက္ခအတွင်းသို့ နောက်ထပ်တစ်ကြိမ် ဆွဲသွင်းနိုင်သည်ဟု ယူဆကြသည်။

“ဒါက MAGA ထောက်ခံသူတွေ ကြားချင်တဲ့သတင်း ဟုတ်လား၊ မဟုတ်လား ဆိုတာတော့ ကျွန်တော် မသေချာဘူး” ဟု ထရမ့်၏ ထိပ်တန်းမဟာဗျူဟာအကြံပေးဟောင်း Steve Bannon က ယခုအကြိမ် လေကြောင်းတိုက်ခိုက်မှုအပေါ် သုံးသပ်ပြောကြားခဲ့သည်။ အကယ်၍ အီရန်က လက်တုံ့ပြန်သည့် လှုပ်ရှားမှုများ လုပ်ဆောင်မည်ဆိုလျှင် အမေရိကန်က “ထာဝရ အတောမသတ်နိုင်သည့် စစ်ပွဲ” အတွင်းကို သက်ဆင်းရနိုင်ကြောင်း၊ ယင်းမှာ အမေရိကန်အစိုးရ၏ ပြည်တွင်းအစီအစဉ်များကို အနှောင့်အယှက် ဖြစ်စေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထရမ့်အစိုးရသည် အမေရိကန်ကို “အဓိပ္ပာယ်မဲ့” သည့် နောက်ထပ် ပဋိပက္ခတွင်းသို့ ကျဆင်းစေမည် ဖြစ်ကြောင်း လက်ယာစွန်းလွှတ်တော်အမတ်၊ ကွန်ဆာဗေးတစ် ရီပက်ဘလစ်ကန်ပါတီဝင် Marjorie Taylor Greene က မကြာသေးမီ လူမှုကွန်ရက်စာမျက်နှာတွင် ပြစ်တင်ပြောကြားခဲ့သည်။ နိုင်ငံခြားစစ်ပွဲများတွင် အမေရိကန်သည် ကန်ဒေါ်လာ ထရီလီယံပေါင်းများစွာ ကုန်ကျပြီးဖြစ်ကြောင်း၊ “သို့သော်လည်း မည်သည့် အမေရိကန်နိုင်ငံသားကိုမျှ အကျိုးအမြတ်မရှိစေခဲ့ကြောင်း” ၎င်းက ပြောကြားခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုမတိုင်မီ Fox News ၏ ယခင်သတင်းကြေညာသူ Tucker Carlson အပါအဝင် MAGA ထောက်ခံသူများက အစ္စရေး-အီရန် ပဋိပက္ခတွင် အမေရိကန်ပါဝင်မှုကို ကန့်ကွက်ခဲ့ဖူးပေသည်။

ထရမ့်သည် ရွေးကောက်ပွဲကာလတွင် အမေရိကန်ကို ပြည်ပပဋိပက္ခများတွင် ပါဝင်သွားခြင်းမရှိစေရန် ကတိကဝတ်ပြုခဲ့ပြီး ထို့ကြောင့်ပင် MAGA အုပ်စု၏ ထောက်ခံအားပေးမှုကို ရရှိခဲ့ကြောင်း၊ သို့သော် ယခုအကြိမ် လေကြောင်းတိုက်ခိုက်မှုက ထရမ့်အနေဖြင့် ၎င်းရွေးကောက်ပွဲ ယှဉ်ပြိုင်ရာ၌ပေးအပ်ထားသည် ကတိကဝတ်များကို ချိုုးဖောက်သည့် လက္ခဏာဖြစ်ရာ MAGA အုပ်စု၏ မကျေနပ်မှုကို ဖြစ်ပွားစေကြောင်း အမေရိကန် The Washington Post က ဝေဖန်ထောက်ပြခဲ့သည်။

မိမိအကျိုးစီးပွားကို အန္တရာယ်ဖြစ်စေ
“အန္တရာယ်များသည့် လောင်းကစားကြီးတစ်ရပ်”။ ယင်းမှာ အမေရိကန်ပြည်တွင်း သုံးသပ်သူများက အီရန်၏ နျူကလီးယားအဆောက်အဦများအပေါ် ထရမ့်အစိုးရ စစ်ရေးလှုပ်ရှားမှုကို တင်စားခြင်းဖြစ်သည်။ အမေရိကန်ဘက်က လှုပ်ရှားမှုသည် အီရန်၏ ပြင်းထန်သည့်လက်တုံ့ပြန်မှုကို လက်ယက်ခေါ်သလို ဖြစ်နိုင်ရာ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်လူပုဂ္ဂိုလ်၊ အဆောက်အဦများကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း သုံးသပ်သူများက ထောက်ပြကြသည်။

ထရမ့်အစိုးရ လောင်းကြေးထပ်သည်မှာ အရှေ့အလယ်ပိုင်းအခြေစိုက် အမေရိကန်စစ်တပ်များအပေါ် အီရန်၏ လက်တုံ့ပြန်မှုဒဏ် အမေရိကန်ခံနိုင်ခြင်း ဖြစ်ကြောင်း၊ လက်ရှိ အရှေ့အလယ်ပိုင်းဒေသတွင် အခြေစိုက်သည့် အမေရိကန်စစ်သည် လေးသောင်းကျော်ရှိရာ အီရန်စစ်ရေးတုံ့ပြန်မည်ဆိုလျှင် ယင်းအမေရိကန်တပ်များသည် လက်စားချေသည့်ပစ်မှတ် ဖြစ်လာမည် ဖြစ်ကြောင်း The New York Times ဆောင်းပါးက ယူဆသည်။
The Washington Post ကမူ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးရှိ အမေရိကန်နိုင်ငံ၏ သံတမန်ရေးရာ သံရုံးနှင့် ကောင်စစ်ဝန်ရုံးများသည် အီရန်တိုက်ခိုက်သည့်ပစ်မှတ် ဖြစ်လာမည် ဖြစ်ကြောင်း ထောက်ပြထားသည်။

အမေရိကန်စစ်တပ် အီရန်ကို လေကြောင်းတိုက်ခိုက်ပြီးနောက် အမေရိကန်လွှတ်တော်အမတ်အများအပြားက ဒေသတွင်းရှိ အမေရိကန်စစ်တပ်နှင့် အမေရိကန်နိုင်ငံသားများ၏ လုံခြုံရေးကို စိုးရိမ်ကြောင်း လူမှုကွန်ရက် မီဒီယာတွင် ဖော်ပြကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၂ ရက်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကမ္ဘာတစ်ဝန်း အမေရိကန်နိုင်ငံသားများ သတိဝိရိယကြီးစွာ နေထိုင်ကြရန် အကြုံပြုခဲ့သည်။

အီရန်ဘက်က Hormuz ရေလက်ကြားကို ပိတ်ဆို့ခြင်းဖြင့် အမေရိကန်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်နိုင်ကြောင်း အမေရိကန်မီဒီယာများနှင့် သုံးသပ်သူများက ခန့်မှန်းကြသည်။
အမေရိကန်နိုင်ငံ စွမ်းအင်အချက်အလက်ရေးရာဌာန (EIA) ၏ ခန့်မှန်းချက်များအရ နေ့စဉ် ရေနံထွက်ကုန် စည်ပေါင်း ၂ သန်းခန့်ကို Hormuz ရေလက်ကြားမှတစ်ဆင့် အမေရိကန်သို့ နောက်ဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။ Hormuz ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်မည်ဆိုလျှင် အမေရိကန် ပြည်တွင်းစွမ်းအင်ဈေးနှုန်းများ မြင့်တက်လာကာ စွမ်းအင်ဈေးကွက်ရှုပ်ထွေးပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ပံ့ပိုးမှုနှင့် စီးပွားဖြစ် ရေကြောင်းသယ်ယူပို့ဆောင်မှုများကို ရိုက်ခတ်မည် ဖြစ်ကြောင်း အမေရိကန် Newsweek ဆောင်းပါးတွင် ထောက်ပြထားသည်။

အီရန်နျူကလီးယားအရေး ဖြေရှင်းရန် ပိုမို ခက်ခဲ
စစ်ရေးတိုက်ခိုက်မှုသည် အီရန်နျူကလီးယားအရေးကို ဖြေရှင်းသည့် အကောင်းဆုံးနည်းလမ်း မဟုတ်သည့် အပြင် ပြဿနာများကို ပို၍ရှုပ်ထွေးနိုင်စေရာ အီရန်နျူကလီးယားအရေး စေ့စပ်ဆွေးနွေးမှု လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် တွန်းအားပေးသင့်သည်ဟု အမေရိကန် သုံးသပ်သူများက ယူဆကြသည်။

“ထရမ့်ကို ထောက်ခံသူအချို့က ဒါဟာ အီရန်နျူကလီးယားအရေးကို တစ်ချက်တည်းဖြေရှင်းနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှုလို့ ယူဆကြတယ်။ ဒီလိုအမြင်က မှားယွင်းတယ်” ဟု Carnegie Endowment for International Peace သုတေသနဌာန နျူကလီးယားမူဝါဒစီမံကိန်း ပူးတွဲဒါရိုက်တာ James Acton က ပြောကြားခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုက အီရန်၏ အကြီးအကျယ် လက်တုံ့ပြန်မှုကို ဖြစ်စေနိုင်သလို နျူကလီးယားလက်နက် မပြန့်ပွားရေးသဘောတူညီချက်မှ အီရန်နုတ်ထွက်ရန်လည်း နှိုးဆွပေးနိုင်ကြောင်း ၎င်းက ထောက်ပြ ပြောကြားခဲ့သည်။
အမေရိကန်တတ်သိပညာရှင်များ လက်နက်ထိန်းချုပ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ရာတွင် ယခုအကြိမ် လေကြောင်းတိုက်ခိုက်မှုသည် အီရန်၏ နျူကလီးယားအစီအစဉ်ကို အခက်တွေ့စေနိုင်သော်လည်း “အီရန်၏ နျူကလီးယားနည်းပညာ အသိပညာကိုမူ ဖျက်ဆီး၍မရကြောင်း”၊ ထို့အပြင် နျူကလီးယားလက်နက် သုတေသနပြုထုတ်လုပ်ရန် အီရန်ကို တွန်းအားဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့၏ နျူကလီးယားအရေးကျွမ်းကျင်သူ Kelsey Davenport က “အမေရိကန်အနေနဲ့ အခြေအနေ ပြေလျော့ရေး အစီအစဉ်နဲ့ နျူကလီးယားမပြန့်ပွားရေး ကာကွယ်တဲ့ ရေရှည်မဟာဗျူဟာကို ရေးဆွဲဖို့ လိုအပ်ဆဲဖြစ်တယ်” ဟု ထောက်ပြခဲ့သည်။

အမေရိကန် “ကာကွယ်ရေး ဦးစားပေး” အဖွဲ့ စစ်ရေးသုံးသပ်မှုရေးရာ ဒါရိုက်တာ Jennifer Kavanagh က သံတမန်ရေးသည် အီရန်နျူကလီးယားအရေးအား ထာဝရဖြေရှင်းသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ Capital One Arena တွင် ဒုတိယနေ့၌ အမေရိကန် သမ္မတ တာဝန်ထမ်းဆောင်တော့မည့် ထရမ့်က မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ် မြောက်ပိုင်းရှိ လက်ဘနွန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ၂၀၂၄ ခုနှစ် ဇွန် ၅ ရက်က တိုက်ခိုက်ခံခဲ့ရရာ ယင်းနေ့တွင် စစ်သားများက လက်ဘနွန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနီး၌ စောင့်ကြပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
国际观察|违宪、背叛、反噬 特朗普政府空袭伊朗遭国内谴责
新华社北京6月23日电(记者阚静文 席玥)美国特朗普政府下令空袭伊朗核设施,震惊世界,同时引发美国国内强烈批评。两党议员指责这次军事行动未经国会授权,涉嫌违反宪法;部分共和党人以及特朗普的“铁杆”支持者批评特朗普政府背离此前承诺、背叛选民;美国舆论警告,空袭或将美国拖入一场旷日持久的冲突,危及美国在海外的人员和设施。
未经授权动武
美军空袭伊朗核设施后,来自美国两党的多名国会议员指责特朗普政府未经国会授权发动军事行动,违反宪法规定,呼吁追究其法律与政治责任。
民主党议员的指责尤其强烈。众议院少数党领袖、民主党人哈基姆·杰弗里斯说,特朗普政府发动军事袭击未寻求国会授权,并将美国置于一场灾难性中东战争的风险之中,特朗普应对其单方面发起军事行动造成的任何不利后果负有完全责任。民主党籍众议员亚历山德里娅·奥卡西奥-科尔特斯认为,特朗普介入以色列和伊朗冲突的行为违反宪法,构成可弹劾的罪行。
美国国会独立参议员伯尼·桑德斯在近日的一场演讲中抨击特朗普下令空袭伊朗“严重违宪”,“唯一能让美国开战的是国会,总统没有这个权利”。
部分共和党议员同样发出质疑。肯塔基州共和党籍众议员托马斯·梅西批评特朗普下令空袭伊朗“违反宪法”,并提出一份决议草案,希望阻止美国对伊朗直接采取军事行动,除非获得国会明确授权。俄亥俄州共和党籍众议员沃伦·戴维森在社交媒体平台上说,很难为特朗普的决定找到“符合宪法的理由”。
MAGA阵营不满
美军空袭伊朗还引发共和党内“让美国再次伟大”(MAGA)阵营的不满。一些MAGA支持者认为,此次袭击背离了特朗普政府此前所谓“不卷入海外冲突”的承诺,可能将美国再次拖入一场旷日持久的冲突。
“我不确定这是不是很多MAGA支持者想要听到的消息。”曾任特朗普首席战略师的史蒂夫·班农就此次空袭发表评论说,如果伊朗采取报复行动,美国可能陷入一场“永无止境的战争”,这将干扰美政府推进国内议程。
极右翼国会议员、保守派共和党人玛乔丽·泰勒·格林日前在社交媒体上谴责特朗普政府或将让美国陷入另一场“毫无意义”的冲突。她说,对外战争已耗费美国数万亿美元,“但从未让任何美国人受益”。
空袭前,包括美国福克斯新闻台前主播塔克·卡尔森等在内的MAGA支持者都曾反对美国介入以伊冲突。美国《华盛顿邮报》分析指出,特朗普在竞选期间曾承诺不会让美国卷入海外冲突,并由此得到MAGA阵营支持,而此次空袭标志着特朗普背离其竞选承诺,引发MAGA阵营不满。
危及自身利益
“一场危险的豪赌”——美国国内分析人士如此形容特朗普政府对伊朗核设施的军事行动。批评者指出,美方行动或将招致伊朗的强烈报复,危及美国在中东地区的人员、设施等。
美国《纽约时报》文章认为,特朗普政府赌的是美国能够承受伊朗针对驻中东美军的报复。目前中东地区约有超过4万名美军驻扎,一旦伊朗采取军事回应,这些美军将成为报复目标。《华盛顿邮报》指出,美国在整个中东地区的外交使领馆将会成为伊朗打击目标。
美军空袭伊朗后,多名美国国会议员在社交媒体上表达了对地区内美军及美国公民安全的担忧。美国国务院22日发布全球安全警告,建议全球美国公民提高警惕。
美国媒体和分析人士还推测,伊朗方面可能会以封锁霍尔木兹海峡报复美军的空袭。据美国能源信息局估计,每天约有200万桶石油产品经霍尔木兹海峡最终运往美国。美国《新闻周刊》文章指出,一旦伊朗封锁霍尔木兹海峡,将推高美国国内能源价格,扰乱能源市场,影响全球能源供应和商业航运。
伊核问题更难解
美方分析人士认为,军事打击并非解决伊核问题的最佳方式,反而会令问题更加复杂化,应推动伊核问题重回对话谈判轨道。
“一些特朗普的支持者认为这是结束伊核问题一锤定音式的空袭,这种看法是错误的。”美国卡内基国际和平研究院核政策项目共同主任詹姆斯·阿克顿指出,空袭不仅可能导致伊朗实施大规模报复,还有可能刺激伊朗退出《不扩散核武器条约》。
美国智库军备控制协会发表声明说,此次空袭可能会使伊朗的核计划受挫,但“无法摧毁伊朗的核技术知识”,并且可能会促使伊朗推进核武器研发。该机构核问题专家凯尔茜·达文波特指出,“美国仍然需要制定缓和局势的计划和防止核扩散的长期战略”。
美国“国防优先”组织军事分析事务主任珍妮弗·卡瓦纳指出,外交是永久解决伊朗核问题的唯一方式。
1. 6月21日,美国总统特朗普返回华盛顿白宫。新华社记者胡友松摄
2. 1月19日,即将于次日就任美国总统的特朗普在首都华盛顿特区第一资本体育馆举行的集会上讲话。新华社记者李睿摄
3. 2024年6月5日,位于黎巴嫩首都贝鲁特北部的美国驻黎巴嫩大使馆遭到枪击。图为当天士兵在美国驻黎使馆附近戒备。新华社发(比拉尔·贾维希摄)