Connect with us

China

ဆင်ဟွာသတင်းဌာနက ဂရိမီဒီယာများနှင့်အတူ ရှေးဟောင်းယဉ်ကျေးမှု၏ ခေတ်အသွင်သစ်ကို တင်ဆက်လို

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက ဇွန် ၃၀ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဂရိ Athens-Macedonian သတင်းဌာန ဘုတ်အဖွဲ့ဥက္ကဋ္ဌ နှင့် အထွေထွေမန်နေဂျာ Aimilios Perdikaris နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဇွန် ၃၀ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဆင်ဟွာသတင်းဌာနသို့ လာရောက်လည်ပတ်သည့် ဂရိမီဒီယာ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက တရုတ်နှင့် ဂရိနိုင်ငံတို့သည့် ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံကြီးများ ဖြစ်သည့်အလျောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် သမိုင်းကြောင်းကြာရှည်ကာ အချိန်နှင့်အမျှ ပို၍ကောင်းမွန်လာကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် ဂရိမီဒီယာများနှင့်အတူ သတင်းတင်ဆက်မှု၊ လူပုဂ္ဂိုလ်သွားလာဆက်ဆံမှုနှင့် ယန္တရားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍများတွင် ကူးလူးဖလှယ်မှု တိုးမြှင့်ကာ ရိုးရာယဉ်ကျေးမှုအား ဖန်တီးမှုရှိစွာ အသွင်ပြောင်းမှုနှင့် ဆန်းသစ်တီထွင်စွာ တိုးတက်မှုကို အတူတကွ တွန်းအားပေးခြင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှုနှစ်ရပ်၏ ခေတ်အသွင်သစ်ကို ပိုမိုကောင်းမွန်စွာ တင်ဆက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဂရိ Athens-Macedonian သတင်းဌာန ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာ Aimilios Perdikaris က ဂရိမီဒီယာများအနေဖြင့် ဆင်ဟွာသတင်းဌာနနှင့်အတူ သတင်းတင်ဆက်မှု၊ ဉာဏ်ရည်တု စသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ပြီး နှစ်နိုင်ငံ မီဒီယာများ၊ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းအောင် ပံ့ပိုးလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
新华社愿同希腊媒体共同展现古老文明时代新貌
新华社北京6月30日电(记者董雪)新华社社长傅华30日在北京会见到访新华社的希腊媒体代表团一行。
傅华表示,中国、希腊同为文明古国,两国友好关系源远流长、历久弥新。新华社愿同希腊媒体在新闻报道、人员往来和机制性合作等方面加强交流,共同推动传统文化的创造性转化和创新性发展,更好展现两大古老文明的时代新貌。
希腊雅典-马其顿通讯社社长佩尔季卡里斯表示,希腊媒体期待同新华社扩大在新闻报道、人工智能等各领域合作,助力深化两国媒体、两国人民之间的友好关系。(完)
图说:6月30日,新华社社长傅华在北京会见希腊雅典-马其顿通讯社社长佩尔季卡里斯。 新华社记者 丁海涛 摄