China
SCO အဖွဲ့ဝင်နိုင်ငံများက ဒေသတွင်း အပြန်အလှန်ချိတ်ဆက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးမြှင့်တင်သွားမည်

ထျန်းကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
“‘ရှန်ဟိုင်း’ စိတ်ဓာတ်တိုးတက်စေခြင်းဖြင့် စဉ်ဆက်မပြတ်ဖြစ်သော ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ ပို့ဆောင်ရေးဝန်ကြီးများ ၁၂ ကြိမ်မြောက် အစည်းအဝေးကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ဇူလိုင် ၂ ရက်က ကျင်းပခဲ့သည်။ အစည်းအဝေးတွင် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ သယ်ယူပို့ဆောင်ရေးဦးစီးဌာနများ၏ ‘ပိုးလမ်းမ ရပ်နားစခန်း’ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ” ၊ “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ ပို့ဆောင်ရေးဝန်ကြီးများ ၁၂ ကြိမ်မြောက် အစည်းအဝေးမှတ်တမ်း” တို့ကို စိစစ်အတည်ပြု၍ လက်မှတ်ရေးထိုးခဲ့ကြရာ ဒေသတွင်း အပြန်အလှန် ချိတ်ဆက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးမြှင့်တင်သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး လျိုဝေက ဒေသတွင်း နိုင်ငံတကာ ကုန်းလမ်းပို့ဆောင်ရေး လုပ်ကိုင်လျက်ရှိသည့် ယာဉ်မောင်းများအတွက် ယာဉ်ရပ်နားအနားယူရန်၊ ရေနွေးပံ့ပိုးပေးခြင်း စသည့် လိုအပ်သော ဝန်ဆောင်မှုများ အာမခံပေးနိုင်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဘက်ပေါင်းစုံမှ “ပိုးလမ်းမ ရပ်နားစခန်း” အား ပူးပေါင်းတည်ဆောက်ရန် အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံနှင့် SCO အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံတကာ ကုန်းလမ်းပို့ဆောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်လာပြီး နယ်စပ်ဖြတ်ကျော် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးတို့ တစ်နေ့တခြား များပြားလာကြောင်း၊ တစ်ချိန်တည်းတွင် လမ်းကြောင်းတစ်လျှောက်၌ ယာဉ်မောင်းအနားယူစခန်း၊ ပံ့ပိုးရေးစခန်း၊ ပြုပြင်ရေးစခန်း စသည့် တွဲဖက်ဝန်ဆောင်မှုအဆောက်အဦများ လိုအပ်သည့်ပြဿနာသည် တစ်နေ့တခြား သိသာထင်ရှားလာပြီး နိုင်ငံတကာ ကုန်တင်ယာဉ်မောင်းများ ပင်ပန်းသည့်အခြေအနေတွင် မောင်းနှင်သည့် အန္တရာယ်လည်း တိုးများလာကာ ပို့ဆောင်မှုလုပ်ငန်းတွင်ကျယ်မှု ကျဆင်းလာသည်ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာန အာရှ-ပစိဖိတ်ရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ချန်ရှင်းစန်းက “ပိုးလမ်းမ ရပ်နားစခန်း” သည် ယာဉ်မောင်းများ ပင်ပန်းသည့်အခြေအနေတွင် မောင်းနှင်သည့်အန္တရာယ်ကို လျှော့ချပေးရန်၊ ယာဉ်မောင်းနှင်မှု ဘေးကင်းလုံခြုံမှုအား အာမခံပေးရန် အထောက်အကူပြုသည့်အပြင် ယဉ်မောင်းများ “ထမင်းပူပူ ဟင်းပူပူ စားရရန်၊ ရေနွေးနွေးသောက်ရရန်၊ ရေနွေးနွေးနဲ့ ရေချိုးပြီး စိတ်ချလက်ချအိပ်နိုင်ရန်” ဟူသည့် အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သောကြောင့် အဆိုပါလူအုပ်စုများအပေါ် လူမှုယဉ်ကျေးမှုအရ ဂရုစိုက်မှုကို ပေါ်လွင်စေကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် “ပိုးလမ်းမ ရပ်နားစခန်း” တည်ဆောက်ရာ၌ ဒေသတွင်း ယဉ်ကျေးမှုထူးခြားချက်များ ထည့်သွင်း၍ နိုင်ငံစုံ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်အား တင်ဆက်ဖော်ပြသည့် ပြတင်းပေါက်အဖြစ် တည်ဆောက်ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများအကြား ယဉ်ကျေးမှု ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဘီလာရုဇ်၊ ကာဂျစ္စတန်၊ တာဂျီကစ္စတန် စသည့် နိုင်ငံများမှ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် နိုင်ငံအသီးသီးမှ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်များက ကက်စပီယံပင်လယ် ဖြတ်ကျော် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး စင်္ကြံ (TITR) တည်ဆောက်မှုအား အရှိန်မြှင့်ရန်၊ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းနှင့် တရုတ်-ကာဇက်စတန် တတိယမြောက်ရထားလမ်းကြောင်း တည်ဆောက်မှု အရှိန်မြှင့်ရန်၊ တရုတ်-ဥရောပရထား အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် တွန်းအားပေးရန်၊ နည်းလမ်းမျိုးစုံ ပူးတွဲပို့ဆောင်ရေးစင်္ကြံနှင့် ကုန်စည်ပို့ဆောင်ရေးစင်တာအား တက်ကြွစွာတည်ဆောက်ရန်၊ နိုင်ငံတကာ ကုန်းလမ်းပို့ဆောင်ရေး မောင်းနှင်မှုခွင့်ပြုချက်အား အီလက်ထရွန်းနစ်အသွင်ပြောင်းမှု ဖော်ဆောင်ရန် စသည့် လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ (Xinhua)
——————
(Chinese Version)
上合组织成员国将进一步加强区域互联互通合作
新华社天津7月2日电(记者叶昊鸣、刘惟真)以“弘扬‘上海精神’,促进可持续交通合作”为主题的上海合作组织成员国交通部长第十二次会议2日在天津举行。会议审议通过并签署了《上合组织成员国交通运输主管部门关于“丝路驿站”合作的谅解备忘录》《上海合作组织成员国交通部长第十二次会议纪要》,将进一步加强区域互联互通合作。
交通运输部部长刘伟表示,中方倡议上合组织各方合作建设“丝路驿站”,为从事区域内国际道路运输的司机提供停车休息、热水供应等必要的服务保障。
当前,我国与上合组织成员国之间国际道路运输合作越来越密切,跨境客货运输日益增长。与此同时,沿线司机休息站、补给站、维修站等服务配套设施欠缺的问题日益凸显,国际货车司机疲劳驾驶的风险增高、运输效率低下。
交通运输部国际合作司亚太事务处处长陈星森介绍,“丝路驿站”有助于减少司机群体疲劳驾驶的风险,保障行车安全,可以满足司机群体“吃口热饭、喝口热水,洗个热水澡、睡个安稳觉”的基本诉求,体现了对这一群体的人文关怀。与此同时,“丝路驿站”在建设过程中将融入当地文化特色,建设成为展示各国交通运输发展成就和友好合作精神的窗口,促进上合组织成员国之间文化交流合作。
据悉,来自巴基斯坦、蒙古国、白俄罗斯、吉尔吉斯斯坦、塔吉克斯坦等国交通运输主管部门负责人参会。会上,各国交通运输主管部门负责人还就加快跨里海国际运输走廊建设、加快中吉乌铁路和中哈第三条铁路通道建设、持续推进中欧班列高质量发展、积极打造多式联运交通走廊和物流中心、推行国际道路运输行车许可证电子化等交通运输领域方面合作深入交换意见。(完)
图说:7月2日,以“弘扬‘上海精神’,促进可持续交通合作”为主题的上海合作组织成员国交通部长第十二次会议在天津举行。新华社记者 李然 摄