China
ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ်အား မကြာမီရက်အတွင်း လွှတ်တင်သွားမည်ဖြစ်ရာ အာကာသယာဉ်နှင့် ဒုံးပျံပူးတွဲအုပ်စုအား လွှတ်တင်မည့်ဇုန်သို့ ရွှေ့ပြောင်းပို့ဆောင်

ဝန်ချန်း (ဟိုင်နန်)၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ်အား မကြာမီရက်အတွင်း လွှတ်တင်သွားမည်ဖြစ်ရာ အာကာသယာဉ်နှင့် ဒုံးပျံပူးတွဲအုပ်စုအား ဇူလိုင် ၁၂ ရက်တွင် လွှတ်တင်မည့်ဇုန်သို့ ရွှေ့ပြောင်းပို့ဆောင်ခဲ့သည်။
ထိုနေ့နံနက်ပိုင်းတွင် ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ်နှင့် Long March-7 Y10 ပို့ဆောင်ရေးဒုံးပျံတို့ ပူးတွဲအုပ်စု ပို့လွှတ်မည့်ဇုန်သို့ ဒေါင်လိုက်ရွှေ့ပြောင်းပို့ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) ၏ သတင်းများအရ သိရသည်။ လက်ရှိတွင် ဝန်ချန်း အာကာသလွှတ်တင်ရေးနေရာရှိ စက်ပစ္စည်းများ အနေအထားကောင်းမွန်လျက်ရှိကြောင်း၊ ဆက်လက်ပြီး အစီအစဉ်အတိုင်း မလွှတ်တင်မီ လုပ်ဆောင်ချက်အမျိုးမျိုးအား စစ်ဆေးမှု၊ ပူးတွဲစမ်းသပ်မှု စသည့်လုပ်ငန်းများကို လုပ်ဆောင်သွားပြီး မကြာမီရက်အတွင်း လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်း အာကာသလွှတ်တင်ရေးနေရာ၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၂ ရက်က ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ်နှင့် Long March-7 Y10 ပို့ဆောင်ရေးဒုံးပျံတို့ ပူးတွဲအုပ်စုအား ဒေါင်လိုက် ရွှေ့ပြောင်းပို့ဆောင်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်း အာကာသလွှတ်တင်ရေးနေရာ၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၂ ရက်က ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ်နှင့် Long March-7 Y10 ပို့ဆောင်ရေးဒုံးပျံတို့ ပူးတွဲအုပ်စုအား ပို့လွှတ်မည့်ဇုန်သို့ ဒေါင်လိုက်ရွှေ့ပြောင်းပို့ဆောင်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်း အာကာသလွှတ်တင်ရေးနေရာ၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၂ ရက်က ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ်နှင့် Long March-7 Y10 ပို့ဆောင်ရေးဒုံးပျံတို့ ပူးတွဲအုပ်စုအား ဒေါင်လိုက် ရွှေ့ပြောင်းပို့ဆောင်နေစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
天舟九号将于近日择机发射 船箭组合体转运至发射区
新华社海南文昌7月12日电(李国利、邓孟)天舟九号将于近日择机发射,船箭组合体12日转运至发射区。
据中国载人航天工程办公室介绍,当日上午,天舟九号货运飞船与长征七号遥十运载火箭组合体垂直转运至发射区。目前,文昌航天发射场设施设备状态良好,后续将按计划开展发射前的各项功能检查、联合测试等工作,计划于近日择机实施发射。(完)
图说1、2、3、5:7月12日,天舟九号货运飞船与长征七号遥十运载火箭组合体垂直转运中。新华社记者 杨冠宇 摄
图说4:7月12日,天舟九号货运飞船与长征七号遥十运载火箭组合体垂直转运至发射区。新华社记者 杨冠宇 摄