Connect with us

China

“ကြွယ်ဝသောအောင်မြင်မှုအသီးအပွင့်များ” ရိတ်သိမ်းရရှိ၊ တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲ (CISCE) အတွင်း လက်မှတ်ထိုးခဲ့သော ပူးပေါင်းဆောင်ရွက်ရေးစာချုပ် လက်မှတ်ရေးထိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုအလားအလာ သဘောတူညီမှု ၆,၀၀၀ ကျော် ရရှိခဲ့

တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲ (CISCE) ၏ ကြော်ငြာဘုတ်အရှေ့မှ ဖြတ်သန်းသွားသူများအား ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
“အမာခံ” ပြပွဲက “ကြွယ်ဝသောအောင်မြင်မှုအသီးအပွင့်များ” ရိတ်သိမ်းရရှိခဲ့သည်။ တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲ (CISCE) ကို ဇူလိုင် ၂၀ ရက်တွင် ပေကျင်းမြို့၌ ပိတ်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပြည်တွင်းပြည်ပကုမ္ပဏီလုပ်ငန်းနှင့်အဖွဲ့အစည်း ၁,၂၀၀ အထိ ပါဝင်ပြသခဲ့ပြီး ပါဝင်ပြသသူများနှင့် ကုန်ထုတ်လုပ်ငန်းအဆင့်ဆင့်ရှိ ကုမ္ပဏီလုပ်ငန်း ၄,၂၀၀၀ တို့ကြား ပူးပေါင်းဆောင်ရွက်ရေး ဆက်သွယ်မှုများ တည်ဆောက်နိုင်ခဲ့ကြောင်း၊ အပြည့်အစုံ မတွက်ချက်ရသေးသည့် စာရင်းများအရ ပြပွဲကာလအတွင်း လက်မှတ်ထိုးခဲ့သော ပူးပေါင်းဆောင်ရွက်ရေးစာချုပ် လက်မှတ်ရေးထိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုအလားအလာ သဘောတူညီမှု ၆,၀၀၀ ကျော် ရရှိခဲ့ကြောင်း သတင်းထောက်က ပြပွဲ၏ပိတ်ပွဲသတင်းစာရှင်းလင်းပွဲမှ သိရှိခဲ့သည်။

“ယခုအကြိမ် CISCE က အဆင့်အတန်းပိုမြင့်၊ လူကြိုက်ပိုများ၊ ဖလှယ်မှုပိုကျယ်ပြန့်ပြီး အောင်မြင်မှုရလဒ်ပိုထိရောက်တယ်” ဟူ၍ တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ လီရှင်းချန် က ပြောကြားခဲ့သည်။ နိုင်ငံအများအပြားမှ အဓိကအစိုးရအရာရှိများ၊ ကမ္ဘာ့ထိပ်တန်း မာလ်တီနေရှင်နယ်ကုမ္ပဏီလုပ်ငန်း ၅၀၀ မှ ခေါင်းဆောင် ၄၀ ဦးကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ တာဝန်ရှိသူများ အထူးတလည်တက်ရောက်ခဲ့ကြပြီး ပြည်ပအဖွဲ့ ၁၇၂ ဖွဲ့ တက်ရောက်ကြည့်ရှုခဲ့ကြရာ ယခင်တစ်ကြိမ်၏ ၂.၂ ဆရှိခဲ့ကြောင်း၊ အွန်လိုင်းနှင့် အော့ဖ်လိုင်း ကြည့်ရှုသူ အကြိမ်ရေ ၂၁၀,၀၀၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ကြိမ်ထက် ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးက ဆွေးနွေးပွဲလှုပ်ရှားမှုပေါင်း ၇၀ ကျင်းပခဲ့ကြကြောင်း၊ ယင်းက CISCE အပေါ် အသိအမှတ်ပြုမှုကို အပြည့်အဝပြသလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

သုံးကြိမ်တိုင် ကျင်းပခဲ့သော CISCE တွင် ပြည်ပမှ ပြသသူပါဝင်မှုသည် နှစ်စဉ်တိုးတက်လာခဲ့ပြီး ပထမအကြိမ် ၂၆ ရာခိုင်နှုန်း၊ ဒုတိယအကြိမ်တွင် ၃၂ ရာခိုင်နှုန်းမှ ယခုအကြိမ် ၃၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ ယင်းအနက် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီလုပ်ငန်း ၅၀၀ နှင့် လုပ်ငန်းကဏ္ဍ၌ ဦးဆောင် ကုမ္ပဏီ ပါဝင်မှုသည် ၆၅ ရာခိုင်နှုန်းကျော်ရှိပြီး ပြသသူ လွှမ်းခြုံမှုအတိုင်းအတာမှာ ပထမအကြိမ်တွင် နိုင်ငံနှင့် ဒေသ ၅၅ ခုမှ ယခုအကြိမ်တွင် ၇၅ ခုအထိ မြင့်တက်လာကြောင်း၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်ကုမ္ပဏီလုပ်ငန်း အများအပြားက တက်ကြွစွာ ပါဝင်ပြသကာ နိုင်ငံတကာအဖွဲ့အစည်း ၂၅ ခုက ပြပွဲတက်ရောက်ကြည့်ရှုခဲ့ပြီး ပြည်ပအဖွဲ့ ၁၇၂ ခုက ပြပွဲတက်ရောက်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း အချက်အလက်များတွင် ဖော်ပြခဲ့သည်။

ယခုအကြိမ် CISCE တွင် ပါဝင်ပြသသော အမေရိကန်ကုမ္ပဏီလုပ်ငန်းနှင့် အဖွဲ့အစည်း အရေအတွက်သည် ယခင်အကြိမ်ထက် ၁၅ ရာခိုင်နှုန်းမြင့်တက်လာရာ ပြည်ပမှ ပါဝင်ပြသသူ အရေအတွက်၏ ပထမနေရာတွင် ဆက်လက်တည်ရှိနေကြောင်း လီရှင်းချန်၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။
ယခုအကြိမ် CISCE ပြသသူများ၏ ဘက်စုံကျေနပ်မှုမှာ ၉၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ပြသသူအများအပြားသည် လာမည့်နှစ်တွင် အတိုင်းအတာ တိုးချဲ့ရန်၊ ကမ္ဘာတစ်ဝန်းမှ ပိုမိုများပြားသော ထောက်ပံ့သူများနှင့် ဝယ်ယူသူများ ပြပွဲသို့ အတူတကွ လာရောက်ပါဝင်ရန် မျှော်လင့်ကြောင်း အဆိုပြုခဲ့သည်ဟု တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ စက်မှုလုပ်ငန်းမြှင့်တင်ရေးဌာန အကြီးအကဲ ယန်ရှောင်ကျွင်းက ပြောကြားခဲ့သည်။

အဆိုပါနေ့ ကျင်းပသော စတုတ္ထအကြိမ်မြောက် CISCE ပြပွဲပါဝင်တက်ရောက်မည့် လက်မှတ်ရေးထိုးပွဲတွင် Honeywell ၊ GE HealthCare ၊ Siemens ၊ Corning ၊ Sumitomo Electric Industries ၊ ZTE ၊ Alibaba ၊ Seres ၊ Winner Medical စသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီလုပ်ငန်းနှင့် အဖွဲ့အစည်း ၁၀၂ ခုက ပြပွဲတွင် ပြသရန် ဆန္ဒရှိကြောင်း လက်မှတ်ရေးထိုးခဲ့ပြီး ယမန်နှစ် လက်မှတ်ရေးထိုးမှု အရေအတွက်ထက် ၅၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ (Xinhua)

တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲ (CISCE) ၏ သန့်စင်စွမ်းအင် ကွင်းဆက်ပြသခန်းအတွင်း လေ့လာကြည့်ရှုနေသူများကို ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
收获“盛夏果实”!第三届链博会签署合作协议、达成合作意向超6000项
新华社北京7月20日电(记者邹多为、熊琳)“硬核”展会收获“盛夏果实”!第三届中国国际供应链促进博览会20日在北京闭幕。记者从闭幕新闻发布会上获悉,本届链博会中外参展企业和机构达到1200家,参展商与4.2万家上下游企业建立合作联系。据不完全统计,现场共签署合作协议、达成合作意向超过6000项。
“本届链博会层次更高、人气更旺、交流更广、成果更实。”中国贸促会副会长李兴乾说,多国政要、40多位世界500强跨国企业领导人以及国际组织主要负责人专程参会,172个境外团组观展参会,是上届的2.2倍,线上线下观众人数超过21万人次,比上届增长5%,有关各方共举办70场会议活动,这些充分反映大家对链博会的认可。
数据显示,链博会举办三届来,境外参展商占比逐年攀升,从首届的26%、第二届的32%,上升至本届的35%。其中,世界500强和行业龙头企业占比超过65%;参展商覆盖范围从首届的55个国家和地区,增加到本届的75个。大批美国、欧盟、日本企业积极参展,25家国际组织观展参会,172个境外团组前来观展洽谈。
李兴乾介绍,本届链博会,参展的美国企业和机构数量比上届增长15%,继续位列境外参展商数量之首。
中国贸促会产业促进部部长杨晓军表示,本届链博会参展商综合满意度达到95%,很多参展商提出明年希望扩大规模,携手全球更多的供应商和客户前来参展。
在当天举行的第四届链博会参展签约仪式上,霍尼韦尔、GE医疗、西门子、康宁、住友电工、中兴通讯、阿里巴巴、赛力斯、稳健医疗等102家中外企业和机构签署参展意向,比去年现场签约数量增加50%。(完)
图说1:7月16日,人们从第三届中国国际供应链促进博览会的宣传品前经过。新华社记者 陈朔 摄
图说2:7月19日,观众在第三届链博会清洁能源链展区内观展。新华社记者 陈朔 摄