Asia
ထိုင်းနိုင်ငံအနေဖြင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခအား ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆို

ဘန်ကောက်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံအနေဖြင့် နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုဖြင့် ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခအား ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ကမ္ဘောဒီးယားအား ညှိနှိုင်းဆွေးနွေးပွဲစကားဝိုင်းရှေ့သို့ ပြန်လည်ရောက်ရှိလာရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ တိုက်တွန်းပေးရန် မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nikorndej Balankura က ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံနယ်စပ်အခြေအနေ တင်းမာချိန်မှစ၍ ကျင့်သုံးခဲ့သော သဘောထား ရပ်တည်ချက်ဖြစ်သည့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုဖြင့် အငြင်းပွားမှုအား ငြိမ်းချမ်းစွာဖြေရှင်းရေးကို လက်ကိုင်ထားဆဲဖြစ်ကြောင်း၊ ထိုင်းနိုင်ငံက လက်ရှိတွင် နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုနှင့် တွေ့ဆုံဆွေးနွေးမှုကို ပြဿနာအားဖြေရှင်းသည့် တစ်ခုတည်းသောထွက်ပေါက်ဟု ရှုမြင်ထားဆဲဖြစ်ကြောင်း၊ သို့သော် ရှေးဦးစွာ လိုအပ်ချက်မှာ ကမ္ဘောဒီးယားဘက်က မဖြစ်မနေ အပစ်ရပ်ရမည်ဖြစ်ကြောင်း Nikorndej Balankura က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဆွေးနွေးလို့ရပါတယ်။ အရင်ဆုံးလိုအပ်ချက်က ကမ္ဘောဒီးယားဘက်က အပစ်ရပ်ရပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
လတ်တလော အချိန်ကာလအတွင်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသအခြေအနေ စဉ်ဆက်မပြတ် တင်းမာမှုများ ဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံစစ်သည်များ မိုင်းနင်းမိမှုဖြစ်ရပ် နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ မြေမြုပ်မိုင်းသည် ကမ္ဘောဒီးယားဘက်က ထိုင်းနိုင်ငံပြည်တွင်း၌ အသစ်မြှုပ်ထားခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံဘက်က စုံစမ်းစစ်ဆေးမှုအရ အတည်ပြုရသဖြင့် ကမ္ဘောဒီးယားဘက်ထံ ကန့်ကွက်မှုကို ဖော်ပြခဲ့ကြောင်း Nikorndej Balankura က ထောက်ပြ ပြောကြားခဲ့သည်။
ဇူလိုင် ၂၄ ရက်တွင် ကမ္ဘောဒီးယားဘက်က ရန်စပြီး ထိုင်းဘက်သို့ စတင်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာအား တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရမှု ဖြစ်စေခဲ့ကြောင်း၊ ယင်းကို ထိုင်းနိုင်ငံစစ်တပ်က လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ထိုသို့ဖြစ်သည့်တိုင် အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရမှုအား ရှောင်ရှားရန် ထိုင်းနိုင်ငံဘက်က ပဋိပက္ခအား နယ်စပ်ဒေသနှင့် စစ်ရေးပစ်မှတ်များတွင် ကန့်သတ်ထားရန် ကြိုးပမ်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယားသည် နှစ်ဖက်ဆက်ဆံရေးအား အဆင့်လျှော့ချထားသော်လည်း တစ်ဖက်နိုင်ငံရှိ သံရုံးများကို ဆက်လက်ထားရှိထားပြီး ချိတ်ဆက်ရန်လမ်းကြောင်း ရှိနေဆဲဖြစ်ကြောင်း၊ ကမ္ဘောဒီးယားက အပစ်ရပ်၍ ညှိနှိုင်းဆွေးနွေးပွဲ စကားဝိုင်းရှေ့သို့ ပြန်လည်ရောက်ရှိလာရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ တိုက်တွန်းပေးရန် ထိုင်းနိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း Nikorndej Balankura က ပြောကြားခဲ့သည်။
ယခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim က ဇူလိုင် ၂၄ ရက်တွင် ၎င်းအနေဖြင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် Phumtham Wechayachai နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်တို့အား သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်ဟု ဆိုသည်။
ယင်းနှင့်စပ်လျဉ်း၍ Nikorndej Balankura က ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်ပဋိပက္ခအား အာဆီယံအရေးကိစ္စမဟုတ်ဘဲ နှစ်နိုင်ငံအကြား အရေးကိစ္စအဖြစ်ရှုမြင်ကြောင်း၊ ရှေးဦးစွာ နှစ်ဖက်ယန္တရားအားလုံးကို အသုံးပြု၍ ပြဿနာအားဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
“ဒါက နှစ်ဖက်ပြဿနာဖြစ်ပေမဲ့ နှစ်ဖက်ယန္တရားက လုပ်ဆောင်ချက်မရရှိနိုင်ဘူးဆိုရင် နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုစကားဝိုင်းကို ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ ပြန်လည်ရောက်ရှိဖို့အတွက် မလေးရှား ကူညီပေးတာကို ကျွန်တော်တို့ လက်ခံနိုင်ပါတယ်” ဟု Nikorndej Balankura က ပြောကြားခဲ့သည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nikorndej Balankura က ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ဆင်ဟွာသတင်းထောက် မေးမြန်းမှုကို ဖြေကြားနေစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
泰国外交部发言人:泰方致力于通过双边谈判解决泰柬冲突
新华社曼谷7月25日电(记者林昊 陈倩慈)泰国外交部发言人尼康德25日说,泰国致力于通过双边谈判解决与柬埔寨的边境冲突,希望国际社会能够敦促柬埔寨回到谈判桌前。
尼康德当天在曼谷接受新华社记者专访时表示,泰方依然坚持两国边境局势趋于紧张时就采取的立场,即通过双边对话和平解决争议。泰方目前仍视双边谈判和对话为解决问题的唯一出路,但前提是柬方必须停火。
“我们愿意谈,前提条件是柬方停火。”他说。
尼康德指出,最近一段时间,泰柬边境局势持续紧张,两次发生泰方士兵触雷事件。泰方经调查认定,地雷由柬方在泰国境内新近埋设,因此向柬方提出抗议。24日,柬方实施挑衅,率先向泰方开火,随后攻击非军事目标,造成平民伤亡,这是泰国军方不能接受的。即便如此,泰方仍试图将冲突限定在边境地区和军事目标,以避免造成平民伤亡。
尼康德表示,泰柬虽然双边关系降级,但依然保留在对方国家的大使馆,依然有沟通渠道。泰方希望国际社会能够敦促柬埔寨停火并回到谈判桌前。
今年东盟轮值主席国马来西亚总理安瓦尔24日表示,他已就泰柬边境冲突分别与泰国代理总理普坦和柬埔寨首相洪玛奈通话。尼康德对此表示,泰国把与柬埔寨之间的冲突视为两国间的问题,而不是东盟的问题,希望首先穷尽所有双边机制来解决问题。
“尽管这属于双边问题,但如果双边机制无法发挥作用,我们可以接受马来西亚帮助泰国和柬埔寨回到双边谈判桌前。”尼康德说。(完)
1、这是7月25日在泰国曼谷拍摄的泰国外交部。新华社记者 孙玮彤 摄
2、7月25日,泰国外交部发言人尼康德在曼谷接受新华社记者专访。新华社记者 孙玮彤 摄