Connect with us

International Organizations

ဘိုင်ယန်မြူးနစ်မှ ထွက်ခွာပြီးနောက် ပြည်ပသို့ထွက်ကာ ဘောလုံးဆက်လက်ကစားလိုဟု သောမတ်စ် မူလာ ပြော

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ရှိ မာစီဒီးစ်-ဘန့်ဇ် အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၅ ရက်က ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းနှင့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်၌ ဘိုင်ယန်မြူးနစ် ကစားသမား သောမတ်စ် မူလာ (အနောက်-ဝဲ) ဘောလုံးပေးပို့နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ဂျာမန်ဘောလုံး အကျော်အမော် သောမတ်စ် မူလာက ၎င်းအနေဖြင့် ဂျာမန်အမှတ်ပေးချန်ပီယံဆုကို စံချိန်တင် ရရှိထားသည့် ဘိုင်ယန်မြူးနစ်အသင်း၌ ၂၅ နှစ်ကြာ ဖြတ်သန်းမှုကို အဆုံးသတ်ကာ အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ‌ဘောလုံးဆက်လက်ကစားမည်ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။“ကျွန်တော် ဘောလုံးဆက်ကစားမှာပါ” ဟု ၂၀၁၄ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ချန်ပီယံဆုရှင် မူလာက ကြော်ငြာရိုက်ကွင်းတစ်ခု၌ ပြောကြားခဲ့ကာ ၎င်း ကစားသမားဘဝမှ အနားယူဖွယ်ရှိသည်ဟူသော ထင်ကြေးပေးမှုများကို အဆုံးသတ်စေခဲ့သည်။

အသက် ၃၅ နှစ်အရွယ် အဆိုပါ ကစားသမားက ၎င်းအနေဖြင့် ပြည်ပ၌ အတွေ့အကြုံများရှာဖွေရန် ဂျာမနီနှင့် ဥရောပမှ ထွက်ခွာမည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။ “ကျွန်တော် ပြိုင်ပွဲဝင်ဖို့ စိတ်အားထက်သန်နေတုန်းပါပဲ။ အဲဒါကြောင့် ဘောလုံးဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု မူလာက ဆိုသည်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၂၅ ခုနှစ် မတ် ၈ ရက်က ဘိုင်ယန်မြူးနစ်အသင်းနှင့် ဘိုချမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ သောမတ်စ်မူလာအား တွေ့ရစဉ် (ဆင်ဟွာ)

မူလာအနေဖြင့် ဘိုင်ယန်မြူးနစ်၏ မိတ်ဖက်ကလပ်အသင်းဖြစ်သည့် မေဂျာလိဂ်ဘောလုံးကလပ် လော့စ်အိန်ဂျလိစ်အက်ဖ်စီအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု မီဒီယာအများအပြားက ဖော်ပြလျက်ရှိသလို အချို့ မီဒီယာများကလည်း မူလာမှာ အက်ဖ်စီ စင်စင်နတီ သို့မဟုတ် ဩစတြေးလျကလပ် ဆစ်ဒနီအက်ဖ်စီအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု ဆိုသည်။

မူလာက ကစားသမားဘဝ စာမျက်နှာသစ်အတွက် စိတ်လှုပ်ရှားမိကြောင်း၊ အထူးသဖြင့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအား အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည်ဖြစ်သဖြင့် မေဂျာလိဂ်မှာ စိတ်ဝင်စားစရာကောင်းသည့် လိဂ်ပြိုင်ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

မူလာအနေဖြင့် မေဂျာလိဂ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက အဆိုပါလိဂ်သို့ သွားရောက်ကစားသည့် ၁၉ ဦးမြောက် ဂျာမန်ကစားသမား ဖြစ်လာမည်ဟု သိရသည်။ ၎င်းအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းအတွက် ၇၅၆ ပွဲ ပါဝင်ကစားခဲ့ကာ ဆုဖလား ၃၃ လုံး ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အသင်းမှထွက်ခွာသွားခဲ့ခြင်းဖြစ်ကာ ဇူလိုင် ၅ ရက်က ပီအက်စ်ဂျီအား ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အတွက် နောက်ဆုံးပါဝင်ကစားခဲ့ခြင်းဖြစ်သည်။

မူလာမှာ ၂၀၀၀ ပြည့်နှစ်တွင် အသက် ၁၀ နှစ်အရွယ်၌ ဘိုင်ယန်အသင်း၏ လူငယ်အကယ်ဒမီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ် ဩဂုတ်လတွင် အသင်းကြီးအတွက် ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ တစ်မူထူးခြားသော ကစားဟန်ကြောင့် လူသိများပြီး ပြိုင်ဘက်ခံစစ်ဇုန်ထဲတွင် နေရာလွတ်ရှာဖွေရာ၌ ကျွမ်းကျင်ပါးနပ်မှုရှိသောကြောင့် ဂျာမန်ဘာသာအရ “Raumdeuter” သို့မဟုတ် “နေရာလွတ်များကို ရှာဖွေအသုံးချနိုင်သူ” ဟု အမည်ရခဲ့သူလည်းဖြစ်သည်။

၎င်း၏ နိုင်ငံလက်ရွေးစင် ကစားသမားဘဝမှာလည်း ကလပ်အသင်းနည်းတူ အောင်မြင်မှုများ ရရှိခဲ့ကာ ဂျာမနီအသင်းနှင့်အတူ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။ ၎င်းအနေဖြင့် စပိန်အသင်းအား ရှုံးနိမ့်ခဲ့သည့် ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် နိုင်ငံအသင်းအတွက် နောက်ဆုံးအကြိမ် ပါဝင်ကစားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………..
(English Version)
Thomas Muller to continue career abroad after leaving Bayern Munich
BERLIN, July 25 (Xinhua) — German football icon Thomas Muller has confirmed he will continue his playing career after parting ways with Bayern Munich, ending his 25-year tenure with the record German champion.
Speaking during a commercial shoot, the 2014 FIFA World Cup winner said, “I will continue to play football,” quashing speculation that he might retire.
The 35-year-old revealed he is set to leave Germany and Europe in pursuit of “an experience abroad.” “I still have the passion for the game,” said Muller. “That’s why I’ve decided to keep going.”
Multiple media outlets report that Muller is likely to join Major League Soccer, with Los Angeles FC – a partner club of Bayern Munich. Other reported suitors include FC Cincinnati and Australia’s Sydney FC.
Muller expressed excitement about the next chapter of his career, describing MLS as an “interesting league,” especially with the 2026 FIFA World Cup to be held in the United States, Mexico and Canada.
A move to MLS would make Muller the 19th German player to appear in the league. He departs Bayern with 33 titles and 756 competitive appearances to his name. He made his final outing for the club on July 5, in a 2-0 defeat to Paris Saint-Germain in the quarterfinals of the FIFA Club World Cup.
Muller joined Bayern’s youth system at the age of 10 in 2000 and debuted for the senior team in August 2008. Known for his unconventional playing style, he earned the nickname “Raumdeuter” or “space interpreter” for his knack of finding gaps in opposing defenses.
His international career was equally storied, capped with Germany’s 2014 World Cup triumph. He made his final appearance for the national team in its Euro 2024 quarterfinal loss to Spain.
English Caption 1
Thomas Muller (rear, L) of FC Bayern Munich passes the ball the quarterfinal match between Paris Saint-Germain (FRA) and FC Bayern Munich (GER) at the FIFA Club World Cup 2025 at the Mercedes-Benz Stadium, Atlanta, Georgia, the United States, July 5, 2025. (Xinhua/Huang Zongzhi)
English Caption 2
Thomas Mueller of Bayern Munich reacts during the German first division Bundesliga football match between Bayern Munich and VfL Bochum in Munich, Germany, March 8, 2025. (Photo by Philippe Ruiz/Xinhua)