Asia
SCO အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်နားလည်မှု တိုးမြှင့်ရာတွင် မီဒီယာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုက အဓိကကျဟု ပါကစ္စတန် မီဒီယာအဖွဲ့အစည်း အကြီးအကဲ ပြော

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ မီဒီယာအဖွဲ့အစည်းများအနေဖြင့် ယင်းတို့၏ တာဝန်များကို သယ်ပိုးဆောင်ရွက်ကာ အပြန်အလှန်နားလည်မှုနှင့် ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုများ တိုးမြှင့်ရာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရန် လက်တွေ့ကျသော ဆောင်ရွက်မှုများ လုပ်ဆောင်သင့်ကြောင်း ပါကစ္စတန် မီဒီယာအဖွဲ့အစည်းတစ်ခု၏ အကြီးအကဲဖြစ်သူက ပြောကြားခဲ့သည်။ရှန်ဟိုင်းစိတ်ဓာတ်၏ လမ်းညွှန်မှုအောက်တွင် SCO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ခဲ့ပြီး နယ်ပယ်အသီးသီးတွင် နိုင်ငံစုံပါဝင်သော ပူးပေါင်းဆောင်ရွက်မှုမှာ အမျိုးအစားစုံလင်၍ အကျိုးဖြစ်ထွန်းမှုများပြားသည်ဟု ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ Associated Press of Pakistan (APP) သတင်းဌာန၏ လက်ထောက်ဒါရိုက်တာဖြစ်သူ မူဒက်ဆာ အစ်ဘယ်က ပြောကြားခဲ့သည်။
SCO အနေဖြင့် နှစ်ပေါင်း ၂၄ နှစ်ကြာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး လူဦးရေကို ပိုင်ဆိုင်ထားသည့် ဘက်စုံ ဒေသတွင်းအဖွဲ့အစည်းတစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့ရာ ရှန်ဟိုင်းစိတ်ဓာတ်၏ ခိုင်မာအားကောင်းသော အားမာန်တက်ကြွမှု၊ ပေါင်းစည်းညီညွတ်မှုနှင့် ဆွဲဆောင်မှုတို့ကို အပြည့်အဝ ထုတ်ဖော်ပြသနေသည်ဟု အစ်ဘယ်က ဆိုသည်။ ၎င်းမှာ ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိသည့် SCO မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။
SCO အနေဖြင့် ယူရေးရှားတိုက်အတွက် တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် မှီခိုအားထားစရာတစ်ခု ဖြစ်လာရုံမျှမက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အား အဆင့်မြှင့်တင်မှုကိုလည်း အထောက်အကူပြုလျက် ရှိသည်ဟု ၎င်းက ဆိုသည်။
ပါကစ္စတန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား မီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ မကြာသေးမီ နှစ်များအတွင်း ဆက်လက်ခိုင်မာနက်ရှိုင်းလာခဲ့သည်။ ဆင်ဟွာသတင်းဌာနအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ အူရဒူ ဘာသာစကားဖြင့် သတင်းထုတ်လွှင့်တင်ဆက်မှုကို စတင်ခဲ့ကာ APP သတင်းဌာနကလည်း တရုတ်ဘာသာဖြင့် သတင်းထုတ်လွှင့်တင်ဆက်မှုကို ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ကြောင်း သိရသည်။ မကြာသေးမီက နိုင်ငံပိုင် သတင်းဌာနနှစ်ခုအကြား အပြန်အလှန် သတင်းဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အား ၂၀၂၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
SCO အဖွဲ့ဝင်နိုင်ငံများ၏ မီဒီယာအဖွဲ့အစည်းများအနေဖြင့် ယခုထိပ်သီးအစည်းအဝေးကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများမှတစ်ဆင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို တည်ဆောက်ကာ ယဉ်ကျေးမှုများအကြား အပြန်အလှန် လေ့လာမှုကို အဆင့်သစ်တစ်ခုဆီသို့ မြှင့်တင်သွားမည်ဖြစ်ကြောင်း အစ်ဘယ်က ဆိုသည်။
“အနာဂတ်ကာလမှာ SCO အဖွဲ့ဝင်နိုင်ငံတွေရဲ့ မီဒီယာတွေအနေနဲ့ အထူးသဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနဲ့ ဝန်ထမ်းတွေကို လေ့ကျင့်သင်တန်းပေးခြင်းတို့လို နယ်ပယ်တွေမှာ ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ချိတ်ဆက်ဆောင်ရွက်မှုတွေ ပိုမိုခိုင်မာအောင်လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5uM
……………………………………………………………………….
(English Version)
Media cooperation key to enhancing mutual understanding among SCO countries, says Pakistani media leader
ISLAMABAD, July 27 (Xinhua) — The media outlets of Shanghai Cooperation Organization (SCO) countries should take practical actions to fulfill their responsibilities and play a critical role in enhancing mutual understanding and people-to-people exchanges, a Pakistani media leader has said.
Guided by the Shanghai Spirit, the people of SCO countries have established closer ties, and multilateral cooperation in various fields has been diverse and fruitful, said Mudassar Iqbal, deputy director of Associated Press of Pakistan (APP), in an interview with Xinhua.
After 24 years of development, the SCO has grown into a comprehensive regional organization with the world’s largest population, “fully demonstrating the strong vitality, cohesion and appeal of the Shanghai Spirit,” said Iqbal, who is now in Zhengzhou, central China’s Henan Province, to attend the SCO Media and Think Tank Summit on July 23-27.
The SCO has not only become a “stabilizing anchor” for the Eurasian continent, but also contributed to the improvement of the global governance system, he said.
Media cooperation between Pakistan and China has continued to deepen in recent years. In 2019, Xinhua launched its Urdu news service in Pakistan. In 2023, APP launched its Chinese news service. Most recently, the two state news agencies signed a news exchange and cooperation agreement in 2024.
Through cooperation mechanisms like the summit, the media outlets of SCO countries will establish a closer cooperative relationship and promote mutual learning among civilizations to a new level, Iqbal said.
“I hope that in the future, media of the SCO countries will further strengthen connectivity, especially the exchanges and cooperation in areas such as digitalization and personnel training,” he said.
English Caption
This photo taken on July 25, 2025 shows a scene at the plenary session of the Shanghai Cooperation Organization (SCO) Media and Think Tank Summit in Zhengzhou, capital of central China’s Henan Province. (Xinhua/Gao Jie)