Connect with us

China

နည်းပညာသစ်က တရုတ်ယခင်စက်မှုလုပ်ငန်းအခြေစိုက်စခန်းများ၏ သမားရိုးကျစက်ကိရိယာများဖြင့် ကုန်ထုတ်လုပ်မှုကို အသွင်ပြောင်း အဆင့်မြှင့်တင်ရာတွင် အားဖြည့်ပေး

Harbin Electric Machinery Company Limited လျှပ်စစ်သံလိုက်ကွိုင် စက်ရုံခွဲ စမတ်ထုတ်လုပ်ရေးအလုပ်ရုံတွင် ဝန်ထမ်းများက ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

“ဒစ်ဂျစ်တယ် စမတ်အသွင်” စသည့် ခေတ်ရှေ့ပြေးနည်းပညာများကို အသုံးပြုခြင်းဖြင့် သမားရိုးကျ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပြုပြင်ပြောင်းလဲ၍အဆင့်မြှင့်တင်မှုသည် တရုတ်နိုင်ငံ ယခင်စက်မှုအခြေစိုက်စခန်းဖြစ်သည့် ဟားအယ်ပင်းက အရည်အသွေးသစ်ထုတ်လုပ်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခြင်း၏ အရေးကြီးလမ်းကြောင်း ဖြစ်လာခဲ့သည်။

ယခုနှစ်များတွင် ဟားအယ်ပင်းသည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုကို ကုန်ထုတ်လုပ်မှုလုပ်ငန်း၏ ခုန်ပျံကျော်လွှားရာစွမ်းအားအဖြစ် ထားရှိကာ ဆန်းသစ်တီထွင်မှုကွင်းဆက်၊ လူရည်ချွန်ကွင်းဆက်နှင့် ကုန်ထုတ်လုပ်မှုကွင်းဆက်တို့ အရှိန်အဟုန်မြှင့် အလျဉ်းသင့်စွာ ပေါင်းစပ်ရန် တွန်းအားပေးဆောင်ရွက်ခဲ့ရာ “ဟားအယ်ပင်း စမတ်ထုတ်လုပ်မှု” ကို သမားရိုးကျ စက်ကိရိယာများဖြင့် ကုန်ထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍ၌ အလင်းရောင်သစ် တောက်ပစေခဲ့သလို “ယခင်စက်မှုလုပ်ငန်းအခြေစိုက်စခန်း + အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား” ဟူသော အတူယှဉ်တွဲဖြစ်ထွန်းရေး၏ အလားအလာကို တစ်စတစ်စ ဖွင့်လှစ်နိုင်ခဲ့သည်။

“၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ကာလအတွင်း ဟားအယ်ပင်းသည် “လုပ်ငန်းထောင်ချီ နည်းပညာပြုပြင်ပြောင်းလဲခြင်း” အထူးလှုပ်ရှားမှုအစီအစဉ်များကို ဖော်ဆောင်ခဲ့ရာ လုပ်ငန်းများ၏ နည်းပညာပြုပြင်တည်ဆောက်ရေးအတွက် စုစုပေါင်း ယွမ် သန်း ၅၀၀ ရင်းနှီးခဲ့ပြီးဖြစ်ရာ စက်မှုလုပ်ငန်း နည်းပညာပြုပြင်ပြောင်းလဲရေး ရင်းနှီးမြှုပ်နှံမှု၏ နှစ်စဉ်ပျမ်းမျှတိုးတက်မှုပမာဏမှာ ၂၀ ရာခိုင်နှုန်းဖြစ်သည်။ (Xinhua)

Harbin Electric Machinery Company Limited လျှပ်စစ်သံလိုက်ကွိုင် စက်ရုံခွဲ စမတ်ထုတ်လုပ်ရေးအလုပ်ရုံတွင် ဝန်ထမ်းများက ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
新华全媒+丨聚焦“智造”:新技术赋能中国老工业基地传统装备制造业转型升级
新华社照片,哈尔滨,2025年8月4日
用“数智化”等先进技术改造提升传统产业已成为中国老工业基地哈尔滨发展新质生产力的重要路径。近年来,哈尔滨把科技创新作为产业跃迁动力,推动创新链、人才链与产业链的加速耦合,让“哈尔滨智造”在传统装备制造业领域绽放新光,一幅“老工业基地+新质生产力”的共生图景徐徐展开。 “十四五”期间,哈尔滨实施“千企技改”专项行动,累计投入5亿元支持企业技术改造,工业技改投资年均增幅达20%。
1,2.8月4日,在哈尔滨电机厂有限责任公司线圈分厂智能制造车间,工人在进行生产作业(无人机照片)。新华社发(刘洋摄)