Connect with us

Europe

အမေရိကန်နှင့် ရုရှားကြား သဘောတူညီချက်တွင် ယူကရိန်းနှင့် ဥရောပသမဂ္ဂ မဖြစ်မနေ ပါဝင်ရမည်ဟု ဥရောပသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် ဆို

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့၌ ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေးကာလအတွင်း မီဒီယာများနှင့် အတူတွေ့ဆုံနေသော ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီး၊ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေးနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် (ဝဲမှ ယာ) တို့အား ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ရုရှားကြား ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးဆိုင်ရာ မည်သည့် သဘောတူညီချက်တွင်မဆို ယူကရိန်းနှင့် ဥရောပသမဂ္ဂအား မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ သံတမန်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Kallas က ဩဂုတ် ၁၀ ရက်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှားကြား မည်သည့် သဘောတူညီချက်တွင်မဆို ယူကရိန်းနှင့် ဥရောပသမဂ္ဂအား မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အကြောင်းရင်းမှာ ဤကိစ္စရပ်သည် ယူကရိန်းအပါအဝင် ဥရောပတိုက်တစ်ခုလုံး၏ လုံခြုံရေးနှင့် သက်ဆိုင်သောကြောင့်ဖြစ်ကြောင်း Kallas က ပြောကြားခဲ့သည်။ ဩဂုတ် ၁၁ ရက်တွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပပြီး နောက်တစ်ဆင့်လှုပ်ရှားမှုများ ဆွေးနွေးသွားမည်ဖြစ်ကြောင်း Kallas က ပြောကြားခဲ့သည်။

စစ်ပွဲကို မဖြစ်မနေ တရားမျှတစွာ အဆုံးသတ်ရမည်ဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စသည့် ဥရောပနိုင်ငံ ၆ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့ ဩဂုတ် ၉ ရက် ညပိုင်းတွင် ထုတ်ပြန်သော ယူကရိန်း ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲ ကြေညာချက်ကို အပြည့်အဝ ထောက်ခံအားပေးကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဩဂုတ် ၁၀ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

တက်ကြွစွာ သံတမန်ရေးအရ ကြားဝင်ဖျန်ဖြေခြင်း၊ ယူကရိန်းအား ဆက်လက်အားပေးထောက်ခံ၍ ရုရှားအား ဖိအားပေးခြင်းသာလျှင် ယူကရိန်းအတွက် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ဖော်ဆောင်နိုင်ဖွယ်ရှိကြောင်း၊ သက်ဆိုင်ရာ ဥရောပနိုင်ငံများသည် “ဆန္ဒအလျောက် မဟာမိတ်အဖွဲ့” မှ တစ်ဆင့် ယူကရိန်းအား “လက်တွေ့ကျသော စစ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ” ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ပြီး ရုရှားအပေါ် အကန့်အသတ်ဖြစ်စေသော အစီအမံများကို ထိန်းသိမ်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စသည့် ဥရောပနိုင်ငံ ၆ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့ ဩဂုတ် ၉ ရက် ညပိုင်းတွင် ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်း ဆွေးနွေးရန် အမေရိကန် သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့သည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ ဩဂုတ် ၁၅ ရက်တွင် တွေ့ဆုံကြမည်ဖြစ်သည်။ ယူကရိန်း၏ ငြိမ်းချမ်းရေးလမ်းကြောင်းသည် “မဖြစ်မနေ ယူကရိန်းနှင့်အတူတကွ အတည်ပြုရမှာဖြစ်တယ်၊ ဒါက အခြေခံအကျဆုံးပါ” ဟူ၍ ဇယ်လန်းစကီးက ဩဂုတ် ၉ ရက်တွင် ပြောခဲ့သည်။ ထရမ့်နှင့် ဥရောပခေါင်းဆောင်များသည် ဩဂုတ် ၆ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ်တွင် ရုရှား၊ ယူကရိန်း ခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့ဖူးသော်လည်း တက်ရောက်မည့်သူများတွင် မည်သည့်ဥရောပခေါင်းဆောင်မျှ မပါဝင်ကြောင်း မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ထရမ့်သည် ဥရောပအား “ယုံကြည်၍မရသူ အဖြစ်” ရှုမြင်ကြောင်း အမေရိကန် “The New York Times” က သတင်းဖော်ပြခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
欧盟高级代表:美俄之间的协议须包含乌克兰和欧盟
新华社布鲁塞尔8月10日电(记者陈斌杰 张兆卿)欧盟外交与安全政策高级代表卡拉斯10日在接受媒体采访时表示,美国和俄罗斯之间关于结束俄乌冲突的任何协议都必须将乌克兰和欧盟考虑在内。
卡拉斯说,美俄之间的任何协议都必须包含乌克兰和欧盟,因为这事关乌克兰乃至整个欧洲的安全。卡拉斯表示将于11日召开欧盟外长紧急会议,讨论下一步行动。
乌克兰总统泽连斯基10日在社交媒体发文说,必须公正地结束战争,乌方全力支持英国、法国、德国等欧洲6国领导人和欧盟委员会主席冯德莱恩9日晚发表的有关乌克兰和平的联合声明。
英法德等6个欧洲国家领导人和欧盟委员会主席冯德莱恩9日晚发表联合声明说,唯有积极外交斡旋、继续支持乌克兰并施压俄罗斯,才有可能实现乌克兰和平与安全。相关欧洲国家将通过“志愿联盟”继续给予乌克兰“实质性军事和财政支持”,并维持和实施针对俄罗斯的限制性措施。
美国总统特朗普与俄罗斯总统普京将于8月15日在美国阿拉斯加州会晤,讨论乌克兰危机。泽连斯基9日表示,乌克兰的和平之路“必须与乌克兰共同确定,这是最基本的”。据媒体报道,特朗普8月6日与欧洲领导人通电话时曾表示计划与俄乌领导人会谈,但参与者不包括任何欧洲领导人。美国《纽约时报》报道说,特朗普视欧洲为“不可信任的对象”。(完)
图说:6月24日,在荷兰海牙,欧洲理事会主席科斯塔、乌克兰总统泽连斯基、北约秘书长吕特和欧盟委员会主席冯德莱恩(从左至右)在北约峰会期间共见记者。 新华社记者 赵丁喆 摄