Connect with us

Politics, Law & Military

ရုရှား-အမေရိကန် အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ သတင်းထောက်‌မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

ရုရှား-အမေရိကန် အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ သတင်းထောက်‌မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဩဂုတ် ၁၂ ရက်တွင် ဖြေကြားခဲ့သည်။အမေရိကန် သမ္မတ ထရမ့်သည် ရုရှား သမ္မတ ပူတင်နှင့် ဩဂုတ် ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်များကမူ ပါဝင်ရန် ဖိတ်ကြားခံထားရခြင်း မရှိကြောင်း၊ ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုတွင် ယူကရိန်းအကြောင်းအရာကို ဆွေးနွေးမည်ဖြစ်သော်လည်း ယူကရိန်း၊ ဥရောပဘက်မှ ပါဝင်မှုမရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆိုပါအခြေအနေအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုသနည်း၊ သက်ဆိုင်ရာနိုင်ငံများ သဘောတူညီချက်ရရှိမှုကို ထည့်သွင်းစဉ်းစားခြင်းမပြုပါက အဆိုပါနိုင်ငံများအပေါ် တရားမျှတမှုရှိပါသလော၊ လက်ခံနိုင်ဖွယ်ရှိပါသလောနှင့် ထိန်းချုပ်နိုင်မှုစွမ်းအား ရှိပါသလောဟု တရုတ်နိုင်ငံက ယူဆပါသလားဟု သတင်းထောက်က မေးမြန်းခဲ့သည်။

လျင်ကျန့်က တရုတ်နိုင်ငံအနေဖြင့် အကျပ်အတည်းအား ငြိမ်းချမ်းစွာ ဖြေရှင်းမှုအတွက် အကျိုးရှိသည့် ကြိုးပမ်းမှု မှန်သမျှအား ထောက်ခံအားပေးကြောင်း၊ ရုရှား-အမေရိကန် နှစ်ဖက်က ထိတွေ့ဆက်ဆံမှုထိန်းသိမ်း၍ အပြန်အလှန် ဆက်ဆံရေး တိုးတက်လာအောင် လုပ်ဆောင်ကာ ယူကရိန်းအကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ် တွန်းအားပေးခြင်းအား တွေ့မြင်လိုကြောင်း၊ မိမိတို့အနေဖြင့် ကာယကံရှင်ဘက်နှင့် အကျိုးစီးပွားသက်ဆိုင်သူဘက်များက ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်အတွင်း အလျဉ်းသင့်သလို ပါဝင်လာကာ တရားမျှတသော၊ ရေရှည်ဖြစ်သော၊ ထိန်းချုပ်နိုင်မှုစွမ်းရည်ရှိသောနှင့် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများက လက်ခံနိုင်သော ငြိမ်းချမ်းရေး သဘောတူညီချက် ဆောလျင်စွာ ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————-
(Chinese Version)
外交部发言人就俄美元首会晤答记者问
新华社北京8月12日电 外交部发言人林剑12日就俄美元首会晤答记者问。
有记者问:美国总统特朗普将于15日同俄罗斯总统普京会晤,而乌克兰总统泽连斯基和欧盟代表未被邀请参加。此次会晤将讨论乌克兰议题,但却没有乌、欧方面参与。中方对这种情况作何评论?中方认为抛开相关国家达成协议,对于这些国家来说是否公平、可接受且有约束力?
林剑表示,中方支持一切有利于和平解决危机的努力,乐见俄美双方保持接触,改善彼此关系,推动乌克兰危机政治解决进程。我们期待所有当事方和利益攸关方都能适时参与到和谈进程中,尽早达成一个公平、持久、有约束力并被各当事方接受的和平协议。(完)