Connect with us

International Organizations

ပင်လယ်နီ ရေကြောင်းလမ်း လုံခြုံရေး ကာကွယ်စောင့်ရှောက်ပြီး ယီမင်အရေးအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး တွန်းအားပေးရန် တရုတ် အလေးအနက်ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီအစည်းအဝေး၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် စကားပြောဆိုနေသော ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Hans Grundberg (ဖန်သားပြင်ပေါ်) အား ၂၀၂၅ ခုနှစ် သြဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ဩဂုတ် ၁၂ ရက်တွင် လုံခြုံရေးကောင်စီ၏ ယီမင်အရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာ၌ ပင်လယ်နီ ရေကြောင်းလမ်း လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး ယီမင်အရေးအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှု ရရှိရန် တွန်းအားပေးရမည်ဟု အလေးပေးပြောကြားသည်။လက်ရှိအချိန်တွင် ယီမင်နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းမှာ စဉ်ဆက်အပြတ်တည်ရှိနေပြီး လုံခြုံရေးအခြေအနေမှာ အားနည်းလျက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာလည်း ပြင်းထန်လှကြောင်း၊ အစ္စရေးနှင့် ယီမင်ဟူသီလက်နက်ကိုင်တို့ အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ပင်လယ်နီအခြေအနေမှာ ဆက်လက်တင်းမာလျက်ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယီမင်အရေးအား နိုင်ငံရေးနည်းလမ်းဖြင့် ဆောလျင်စွာ ဖြေရှင်းနိုင်ရေး၊ ပင်လယ်နီအခြေအနေ ငြိမ်းချမ်းတည်ငြိမ်မှု ဆောလျင်စွာပြန်လည်ရရှိစေရေးကို တွန်းအားပေးရန် အတူတကွ ကြိုးပမ်းသင့်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ပထမဦးစွာ ပင်လယ်နီ ရေကြောင်းလမ်းလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ဇူလိုင်လတွင် ဟူသီလက်နက်ကိုင်တို့က ကုန်တင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ပြီး လူသေဆုံးမှုများ ဖြစ်ပွားခဲ့ရာ ယင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံအနေဖြင့် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိကြောင်း၊ ဟူသီလက်နက်ကိုင်တို့အနေဖြင့် နိုင်ငံတကာဥပဒေအရ နိုင်ငံအသီးသီးမှ ကုန်သွယ်သင်္ဘောများ၏ ပင်လယ်နီရေပြင်တွင် ရွက်လွှင့်သွားလာခွင့်ကို လေးစားရန်၊ ကုန်သွယ်သင်္ဘောများအား နှောင့်ယှက်တိုက်ခိုက်ခြင်း ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ ပင်လယ်နီရေပြင်၏ ရေကြောင်းလမ်း လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးသင့်သလို သင်္ဘောသားများအပါအဝင် အရပ်သားပြည်သူများ ဘေးကင်းရေးကိုလည်း ထိန်းသိမ်းကာကွယ်ပေးသင့်ကြောင်း၊ ထိုနည်းတူစွာ ယီမင်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုတို့ကိုလည်း လေးစားရမည်ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တက်ကြွစွာတွန်းအားပေးရမည်ဖြစ်ကြောင်း၊ ယီမင်အရေးသည် နောက်ဆုံးတွင် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး အခြေခံကျသော ထွက်လမ်းမှာ ဆွေးနွေးစေ့စပ်ညှိနှိုင်းအပေါ်တွင် မူတည်ကြောင်း၊ ယီမင် ပဋိပက္ခတွင်ပါဝင်သည့် နှစ်ဖက်လုံးက ထိတွေ့ဆက်ဆံမှုပြန်လည်ရရှိစေပြီး စိတ်ကူကိုယ်တူလျှောက်လှမ်းရန်၊ သဘောထားကွဲလွဲမှုများကိုဖြေရှင်းရာတွင် စစ်မှန်သော သဘောထားပြသရန်၊ ပြန်လည်သင့်မြတ်မှု အကောင်အထည်ဖော်ရေးအတွက် အကြီးမားဆုံးသောသဘောတူညီမှုများ စုစည်းရန်နှင့် ငြိမ်းချမ်းရေးပြန်လည်ရရှိရေးအတွက် အကြီးမားဆုံးသော ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ကိန်းစွမ်က ထောက်ပြခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်း ဆောလျင်စွာဖြေလျှော့ရမည်ဖြစ်ကြောင်း၊ ယီမင်သည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးအကျပ်အတည်းဒဏ် ပြင်းထန်စွာ ခံစားရလျက်ရှိသော နိုင်ငံများအနက်တစ်ခုဖြစ်ရာ အမျိုးသမီး၊ ကလေးငယ် စသည့် အားနည်းသည့်လူအုပ်စု၏ အခြေအနေမှာ လွန်စွာခက်ခဲလှကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယီမင်အပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုပေးသင့်ပြီး ယီမင်က စီးပွားရေး၊ ပြည်သူလူနေမှုဘဝကောင်းမွန်စေရေး ဖွံ့ဖြိုးတိုးတက်စေရာတွင် ထောက်ခံအားပေးကာ ယီမင်ပြည်သူများ အခက်အခဲကျော်လွှားနိုင်ရန် အကူအညီပေးသင့်ကြောင်း ကိန်းစွမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ယီမင်၊ ပင်လယ်နီအခြေအနေနှင့် အရှေ့အလယ်ပိုင်းဒေသတွင်း အခြေအနေမှာ နီးကပ်စွာဆက်နွှယ်နေကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဂါဇာစစ်မီး ဆောလျင်စွာ ငြှိမ်းသတ်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးများ ဖြေလျှော့ရန်၊ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအခြေအနေ ယေဘုယျအားဖြင့် ပြေလျော့သွားရေးအား တွန်းအားပေးရန် လိုအပ်သော လှုပ်ရှားမှုအားလုံးကို ဖော်ဆောင်သင့်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)

#ကုလသမဂ္ဂ #ပင်လယ်နီ_ရေကြောင်းလမ်း_လုံခြုံရေး #ယီမင်ဟူသီလက်နက်ကိုင် #တရုတ်နိုင်ငံကိုယ်စားလှယ်
………………………..
(Chinese Version)
中方强调维护红海航道安全推动也门问题政治解决
新华社联合国8月12日电 中国常驻联合国副代表耿爽12日在安理会也门问题公开会上发言,强调要维护红海航道安全,推动也门问题得到政治解决。
耿爽说,当前也门政治僵局持续,安全形势脆弱,人道危机严峻。以色列和也门胡塞武装相互袭击,红海局势依然紧张。国际社会应该共同努力,推动也门问题早日得到政治解决、红海局势早日恢复和平稳定。
耿爽说,首先,要维护红海航道安全。7月,胡塞武装袭击两艘货轮并造成人员伤亡,中方对此深表关切。中方呼吁胡塞武装尊重各国商船根据国际法在红海水域的航行权利,停止袭扰商业船只。红海水域的航道安全应当得到维护,包括船员在内的平民的安全应当得到保护。同时,也门的主权、安全和领土完整也应当得到尊重。
耿爽指出,要积极推进和平进程。也门问题最终要靠政治解决,根本出路在于对话谈判。中方呼吁也门冲突双方恢复接触,相向而行,为解决分歧展现最大诚意,为实现和解凝聚最大共识,为恢复和平作出最大努力。
耿爽还表示,要尽快缓解人道危机。也门正经历全球最严重的粮食危机之一,妇女、儿童等脆弱群体的处境尤为艰难。国际社会应加大对也门的人道援助,支持也门发展经济、改善民生,帮助也门人民渡过难关。
耿爽说,也门和红海局势同中东地区局势紧密相联。国际社会应采取一切必要行动,尽早平息加沙战火,缓解人道灾难,推动中东地区局势整体降温。(完)
图说:UN Special Envoy for Yemen Hans Grundberg (on screens) speaks via a video link at a Security Council meeting at the UN headquarters in New York, on Aug. 12, 2025. (Manuel Elias/UN Photo/Handout via Xinhua)