Connect with us

China

တရုတ်နိုင်ငံ၏အမြန်ချောပို့လုပ်ငန်း ပထမ ခုနစ်လတွင် တည်တည်ငြိမ်ငြိမ် ဆက်လက်တိုးတက်

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် ရှန့်ရှောင်မြို့ ဟိန်ဖုန်းခရိုင် ကုန်စည်ပို့ဆောင်ရေးဌာနတွင် အထုပ်များကို အမျိုးအစားခွဲနေသော အလုပ်သမားတစ်ဦးကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အမြန်ချောပို့ကဏ္ဍတွင် ၂၀၂၅ ခုနှစ် ပထမ ခုနစ်လအတွင်း ပါဆယ်ထုပ်ပေါင်း ၁၁၂.၀၅ ဘီလီယံ ကို ပို့ဆောင်ပေးခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဥ်ပါက ၁၈.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များက ဖော်ပြခဲ့သည်။
အဆိုပါကာလအတွင်း နိုင်ငံ၏စာတိုက်လုပ်ငန်းသည်လည်း ပါဆယ်ထုပ်ပေါင်း ၁၂၂.၃ ဘီလီယံ ပို့ဆောင်ပေးခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၆.၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရုတ်နိုင်ငံစာတိုက်လုပ်ငန်းဌာန အဆိုအရ သိရသည်။
ဇန်နဝါရီလမှ ဇူလိုင်လအထိ စာတိုက်လုပ်ငန်းဝင်ငွေ စုစုပေါင်း ယွမ် ၁.၀၂ ထရီလျံ နီးပါး (အမေရိကန်ဒေါ်လာ ၁၄၂.၉၈ ဘီလီယံ ခန့်) ရရှိခဲ့သောကြောင့် ၈.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် အမြန်ချောပို့ လုပ်ငန်းဝင်ငွေသည် ၉.၉ ရာခိုင်နှုန်းမြင့်တက်ကာ ယွမ် ၈၃၉.၄၂ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါကာလအတွင်း မြို့တွင်းအမြန်ချောပို့အနေဖြင့် ပါဆယ်ထုပ်ပေါင်း ၉.၂၆ ဘီလီယံ ပို့ဆောင်ပေးခဲ့ရပြီး ယမန်နှစ်အလားတူကာလကထက် ၆.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ မြို့များအကြား ပါဆယ်ထုပ်ပို့ဆောင်မှုမှာ ၁၉.၉ ရာခိုင်နှုန်း မြင့်တက်ကာ ပါဆယ်ထုပ်ပေါင်း ၁၀၀.၄၃ ဘီလီယံ ပို့ဆောင်ပေးခဲ့ရသည်။(Xinhua)

……………………
(English Version)
China’s express delivery sector sustains robust growth in first 7 months
BEIJING, Aug. 14 (Xinhua) — China’s express delivery sector handled 112.05 billion parcels in the first seven months of 2025, up 18.7 percent year on year, official data showed on Thursday.
The country’s postal industry handled a total of 122.3 billion parcels during the period, representing a 16.2 percent increase from a year earlier, according to the State Post Bureau.
From January to July, the postal industry’s business revenue totaled nearly 1.02 trillion yuan (about 142.98 billion U.S. dollars), which was up 8.3 percent year on year. Specifically, express delivery revenue came in at 839.42 billion yuan, rising 9.9 percent.
Same-city express deliveries amounted to 9.26 billion parcels during the period, up 6.5 percent year on year, while inter-city deliveries rose 19.9 percent to 100.43 billion parcels.
Photo : Workers sort out packages at a logistics transfer center in Hengfeng County, Shangrao City, east China’s Jiangxi Province, July 11, 2025. (Xinhua/Liu Jinhai)