Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နယ်နိမိတ်အရေး ဆွေးနွေးရန် အိန္ဒိယသို့သွားရောက်မည်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်ဖြစ်သူ၊ တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေး၊ နိုင်ငံတကာအခြေအနေများနှင့်ပတ်သက်ပြီး ဗီဒီယိုဖိုင်ပေးပို့၍ မိန့်ခွန်းပြောကြားနေခြင်းအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၊ တရုတ်-အိန္ဒိယ နယ်နိမိတ်အရေးဆိုင်ရာ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် ဝမ်ရိသည် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုအရ ဩဂုတ် ၁၈ ရက်မှ ၂၀ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ကာ နယ်နိမိတ်အရေးဆိုင်ရာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ အထူးကိုယ်စားလှယ်များအကြား ၂၄ ကြိမ်မြောက် ဆွေးနွေးပွဲအား ပြုလုပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၆ ရက်၌ ကြေညာခဲ့သည်။
ဝမ်ရိမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ (Xinhua)
————————-
(English Version)
Top Chinese diplomat to visit India, hold talks on boundary question
BEIJING, Aug. 16 (Xinhua) — From August 18 to 20, Chinese Foreign Minister and China’s Special Representative on the China-India boundary question Wang Yi will visit India and hold the 24th Round of Talks Between the Special Representatives of China and India on the Boundary Question at the invitation of the Indian side, a foreign ministry spokesperson announced Saturday.
Wang is also a member of the Political Bureau of the Communist Party of China Central Committee.
Photo: Chinese State Councilor and Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, addresses a symposium on the international situation and China’s foreign relations in 2022 via video link on Dec. 25, 2022. (Xinhua/Zhang Ling)