China
၂၀၂၅ ခုနှစ် ပထမ ၇ လတာအတွင်း တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဝင်ငွေ တိုးတက်လျက်ရှိ

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် ပထမ ၇ လတာ အတွင်း ဘဏ္ဍာရေးဝင်ငွေသည် ယခင်နှစ် အလားတူ ကာလထက် ၀.၁ ရာခိုင်နှုန်း တိုးတက်လျက်ရှိရှိခဲ့ကာ ယွမ် ၁၃.၅၈ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၉ ထရီလီယံခန့်)အထိ ရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဩဂုတ် ၁၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ဗဟိုအစိုးရက ဘဏ္ဍာရေးဝင်ငွေ ယွမ် ၅.၅၈ ထရီလီယံ ကျော် ကောက်ခံရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များကမူ အဆိုပါကာလအတွင်း ယွမ် ၇.၇၃ ထရီလီယံကောက်ခံရရှိခဲ့ပြီး ယခင်နှစ် အလား တူ ကာလထက် ၁.၈ ရာခိုင်နှုန်း ပိုမိုကောက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးအသုံးစရိတ်သည် ယမန်နှစ် ပထမ ၇ လတာ ကာလကထက် ၃.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၁၆.၁ ထရီလီယံ အသုံးပြုခဲ့ရကြောင်း၊ ဗဟိုအစိုးရ၏ ဘဏ္ဍာရေး အသုံးစရိတ်သည် ယမန်နှစ် အလားတူ ကာလထက် ၈.၈ ရာခိုင်နှုန်းပိုများခဲ့ကြောင်း၊ ဒေသဆိုင်ရာ အစိုးရများ၏ ဘဏ္ဍာရေးအသုံးစရိတ်ကလည်း ၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်မှုအရ သိရသည်။ (xinhua)
……………………..
(English Version)
China’s fiscal revenue sees increase in first 7 months
BEIJING, Aug. 19 (Xinhua) — China’s fiscal revenue edged up 0.1 percent year on year to over 13.58 trillion yuan (about 1.9 trillion U.S. dollars) in the first seven months of the year, said the Ministry of Finance on Tuesday.
The central government collected over 5.85 trillion yuan in fiscal revenue in the January-July period, down 2 percent year on year, while local governments collected over 7.73 trillion yuan in the same period, up 1.8 percent year on year.
China’s fiscal expenditure expanded 3.4 percent year on year to nearly 16.1 trillion yuan in the first seven months. The central government’s fiscal expenditure rose 8.8 percent year on year during the period, and there was a 2.5 percent increase in local governmen
Photo:
A man works in the workshop of a glass company in Cangxian County, north China’s Hebei Province, on Feb. 8, 2023. (Xinhua/Mu Yu)