Connect with us

Africa & Middle East

ကမ္ဘာကြီးက တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ၏ အရေးကြီး နိုင်ငံတကာ အနက်အဓိပ္ပာယ်ကို ပြန်လည်သိရှိလာစေရမည်ဟု အီဂျစ် ပညာရှင် Nadia Helmi ဆို

ဘီလာရုစ်နိုင်ငံ မြို့တော်မင့်စ်ခ်၌ ကျင်းပသည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို လေ့လာကြည့်ရှုနေသည့် ဧည့်သည်တော်တစ်ဦးအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
“တရုတ်နိုင်ငံအကြောင်း လေ့လာတဲ့ပညာရှင်အနေနဲ့ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲက ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲထဲမှာ ပါဝင်တဲ့ အရေးကြီးအခန်းကဏ္ဍအကြောင်း ကမ္ဘာကြီးက ပြန်လည်သိရှိလာစေဖို့အတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ခံစားရတယ်” ဟု အီဂျစ်နိုင်ငံ Beni Suef တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ Nadia Helmi က ဆင်ဟွာသတင်းထောက် တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။
Nadia Helmi သည် တရုတ်နိုင်ငံရေးနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်ရေး လက်တွေ့ဖော်ဆောင်မှုအား ကာလကြာရှည်စွာ သုတေသနပြုလုပ်ခဲ့သည်။
လွန်ခဲ့သည့် ၅ နှစ်တွင် ၎င်းက တရုတ်နိုင်ငံသို့ လာရောက် ကူးလူးဖလှယ်သည့်ကာလအတွင်း ပေကျင်းမြို့ ဝမ်ဖိန်ခရိုင်မြို့ လူကိုးတံတား (မာကိုပိုလိုတံတား) နံဘေးရှိ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အထိမ်းအမှတ်ပြတိုက်အား သွားရောက် လေ့လာခဲ့သည်ဟု ၎င်းကဆိုသည်။ အထိမ်းအမှတ်ပြတိုက်အတွင်း၌ ပြသထားသော တရုတ်ကိုကျူးကျော်သည့် ဂျပန်စစ်တပ်များ တရုတ်ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများဆိုင်ရာ အချက်အလက်နှင့် ဓာတ်ပုံများကို ကြည့်ရှုပြီးနောက် ၎င်းအနေဖြင့် များစွာတုန်လှုပ်ခဲ့ရသည်။
“ဂျပန်က တရုတ်အပေါ် ကျူးကျော်မှုနဲ့ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေက ငြင်းပယ်လို့မရပါဘူး” ဟု Nadia Helmi က ဆိုသည်။
ဂျပန်၏ အချို့သော အင်အားစုများသည် ယနေ့တိုင် ကျူးကျော်မှုများကို ငြင်းပယ်ရန်၊ သမိုင်းကိုပုံဖျက်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး ယင်းသည် “ပြောင်ပြောင်တင်းတင်း သမိုင်းအမှားတစ်ခု” ဖြစ်သလို တရုတ်ပြည်သူများအပေါ် ရန်စမှုနှင့် တစ်ကမ္ဘာလုံးရှိ ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးသော ပြည်သူများအပေါ် စော်ကားမှုပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုနှစ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်ရာ Nadia Helmi သည် မကြာသေးမီက ဥရောပ “Modern Diplomacy” ဝက်ဘ်ဆိုက် စသည့် ပလက်ဖောင်းများတွင် “နှစ် ၈၀ အကြာ – တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း၏ ကမ္ဘာ့အနက်အဓိပ္ပာယ်” ဆောင်းပါးဖော်ပြ၍ ဂျပန်ပြည်တွင်း၌ ကျူးကျော်မှုသမိုင်းအား ငြင်းပယ်သည့် လုပ်ရပ်ကို တုံ့ပြန်ဝေဖန်ခဲ့ပြီး တရုတ်‌ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းသည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းအတွက် အရေးကြီး အကျိုးထမ်းဆောင်မှုအကြောင်း တင်ဆက်ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ အဆိုပြု၍ တည်ထောင်သည့် ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေး အမျိုးသားတစ်ပြေးညီတိုက်ပွဲ အလံအောက်တွင် တရုတ်ပြည်သူများသည် အကြမ်းဖက်မှုကိုပင် မမှုဘဲ ခိုင်မာစွာ တိုက်ပွဲဝင်ခဲ့ပြီး အမျိုးသားလွတ်လပ်ရေးနှင့် လွတ်လပ်မှုဖော်ဆောင်ရန်၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအား ကာကွယ်ရန်အတွက် ကြီးမားစွာ ပေးဆပ်ခဲ့ရပြီး “ဓမ္မဖြင့် အဓမ္မအား အောင်နိုင်ခြင်း၊ အလင်းရောင်ဖြင့် မှောင်မိုက်မှုအား အနိုင်ယူခြင်း၊ တိုးတက်မှုဖြင့် လှုပ်ရှားဆန့်ကျင်မှုအား အောင်နိုင်ခြင်း” ဟူသည့် ကြီးမြတ်သော အောင်နိုင်မှုများ ရရှိခဲ့သည်ဟု Nadia Helmi က ဆိုသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများသည် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်၌ ကမ္ဘာမျက်မြင်အောင်မြင်မှုများ အဆက်မပြတ်ရရှိခဲ့သည်ဟု Nadia Helmi ပြောကြားခဲ့သည်။
မကြာမီကျင်းပတော့မည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနှင့် စပ်လျဉ်း၍ Nadia Helmi က မျှော်လင့်ချက်အပြည့်ပင်ဖြစ်သည်။ သမိုင်းအား အောက်မေ့အမှတ်ရမှုသည် များစွာ အရေးကြီးကြောင်း၊ ကမ္ဘာကြီးအနေဖြင့် တရုတ်ပြည်သူများက ကမ္ဘာ့ဖက်ဆစ်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်မှုအတွက် ကြီးမားသော အကျိုးထမ်းဆောင်မှုအပေါ် ပိုမိုနားလည်သိရှိလာပြီး အလေးထားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


——————–
(Chinese Version)
海外人士谈抗战|专访:让世界重新认识中国人民抗日战争的重大国际意义——访埃及学者赫勒米
新华社开罗8月25日电 新华社记者董修竹 吴宝澍
“作为研究中国的学者,我感到有责任让世界重新认识中国人民抗日战争在世界反法西斯战争中发挥的至关重要作用。”埃及贝尼苏韦夫大学政治学教授纳迪娅·赫勒米日前在开罗接受新华社记者采访时说。
赫勒米长期研究中国政治和中国共产党执政实践。她说,5年前,她来华交流期间,参观了位于北京宛平城卢沟桥畔的中国人民抗日战争纪念馆。在观看纪念馆内展出的揭露侵华日军对中国人民所犯滔天罪行的资料和照片后,她深感震惊。
“日本对中国的侵略和犯下的暴行不容否认。”赫勒米说。日本某些势力至今仍试图否认侵略、歪曲历史,这是“赤裸裸的历史谬论”,是对中国人民的挑衅和对全世界爱好和平人民的冒犯。
今年是中国人民抗日战争暨世界反法西斯战争胜利80周年,赫勒米不久前在欧洲《现代外交》网站等平台发表文章《80年过去:中国抗日战争胜利的世界意义》,批驳日本国内否认侵略历史的行径,阐释中国人民抗日战争胜利为世界反法西斯战争胜利作出的重大贡献。
赫勒米说,在中国共产党倡导并建立的抗日民族统一战线旗帜下,中国人民不畏强暴,顽强斗争,为实现民族独立和自由、捍卫正义与和平付出了巨大牺牲,取得“正义战胜邪恶、光明战胜黑暗、进步战胜反动”的伟大胜利。
赫勒米表示,在中国共产党领导下,中国人民在发展道路上不断取得举世瞩目的成就。对于即将举行的纪念中国人民抗日战争暨世界反法西斯战争胜利80周年大会,赫勒米充满期待。她说,铭记历史十分必要,世界应当对中国人民为世界反法西斯战争胜利作出的重大贡献有更多认识和重视。(完)
图说1:8月15日,在白俄罗斯首都明斯克,一名嘉宾参观纪念中国人民抗日战争暨世界反法西斯战争胜利80周年图片展。新华社记者 曹阳 摄