Asia
စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာသဖြင့် မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်ရေး အမြတ်ငွေ တိုးတက်

ကွာလာလမ်ပူ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့အကြီးဆုံးစားအုန်းဆီထုတ်လုပ်သည့်လုပ်ငန်းတစ်ခုဖြစ်သည့် မလေးရှားနိုင်ငံ FGV ဟိုးလ်ဒင်းသည် ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်တွင် စားအုန်းဆီစျေးမြင့်တက်မှုနှင့်အတူ အမြတ်ငွေတိုးတက်ခဲ့ကြောင်း သိရသည်။
ကုမ္ပဏီသည် ဒုတိယသုံးလပတ် အသားတင်အမြတ်ငွေ ရင်းဂစ် ၁၃၆.၈၈ သန်း( အမေရိကန်ဒေါ်လာ ၃၂.၃၃ သန်း) ရရှိခဲ့ပြီး ယမန်နှစ် ကာလတူကထက် ၅၈.၄၆ ရာခိုင်နှုန်း ခုန်တက်ခဲ့ကြောင်း ကြေညာချက်တစ်ခုတွင် ပြောဆိုခဲ့သည်။
သုံးလပတ်အတွက် ၎င်း၏ဝင်ငွေမှာ ယမန်နှစ် အလားတူကာလကထက် ၄.၉၆ ရာခိုင်နှုန်း တက်လာကာ ရင်းဂစ် ၅.၇၉ ဘီလီယံရှိခဲ့သည်။ ယမန်နှစ်အလားတူကာလက တစ်တန်လျှင် ၄,၁၀၃ ရင်းဂစ် စျေးရှိသည့် ပျှမ်းမျှစားအုန်းဆီ ကုန်ကြမ်း (CPO) စျေးနှုန်းသည် တစ်တန်လျှင် ၄,၂၁၈ ရင်းဂစ်အထိ မြင့်တက်လာခြင်းကြောင့်ဖြစ်သည်။
ပထမနှစ်ဝက်အတွက် ကုမ္ပဏီ၏အသားတင်အမြတ်ငွေမှာ နှစ်ဆကျော် မြင့်တက်ကာ ရင်းဂစ် ၁၇၃.၃၆ သန်းရှိခဲ့သည်။ အဆိုပါကာလအတွင်း ၎င်း၏ဝင်ငွေသည်လည်း ရင်းဂစ် ၁၀.၈၃ ဘီလီယံ ရရှိခဲ့သည်။
ရှေ့ဆက်၍ ရာသီဥတုကောင်းမွန်မှုနှင့် သီးနှံအထွက်ကောင်းသည့်အခြေအနေများကြောင့် ကုမ္ပဏီက CPO စျေးနှုန်း တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်း သိရသည်။
အခြားစားသုံးဆီများနှင့် CPO ၏စျေးနှုန်းယှဥ်ပြိုင်နိုင်စွမ်းကြောင့် ပို့ကုန်မှာယူမှုအနေဖြင့် ဆက်လက်တည်ငြိမ်နေမည်ဟု မျှော်မှန်းထားကြောင်းသိရသည်။
“သို့သော်လည်း ခန့်မှန်းချက်အရ ပထဝီနိုင်ငံရေးတင်းမာမှုများ ကုန်သွယ်ရေးအခွန်များနှင့် မူဝါဒအပြောင်းအလဲများကြောင့် မတည်မငြိမ် ဆက်ရှိနိုင်ကြောင်း” ကုမ္ပဏီက ပြောကြားခဲ့သည်။ (တစ်ရင်းဂစ်သည် အမေရိကန်ဒေါ်လာ ၀.၂၄ နှင့်ညီမျှသည်) (Xinhua)
…………………
(English Version)
Malaysia’s palm oil producer posts higher profit amid improved palm oil prices
KUALA LUMPUR, Aug. 27 (Xinhua) — Malaysia’s FGV Holdings, one of the world’s largest palm oil producers, has achieved higher profit in the second quarter of 2025, in line with improved palm oil prices.
The firm said in a statement that its net profit for the quarter jumped 58.46 percent year-on-year to 136.88 million ringgit (32.33 U.S. dollars) in the second quarter.
Its revenue for the quarter also improved by 4.96 percent year-on-year to 5.79 billion ringgit.
This was supported by a higher average crude palm oil (CPO) price of 4,218 ringgit per ton compared to 4,103 ringgit per ton in the same quarter last year.
As for the first half, the firm’s net profit surged more than two times year-on-year to 173.36 million ringgit. Its revenue for the period also rose to 10.83 billion ringgit.
Going forward, the firm expects CPO price to remain stable, supported by improved production from favorable weather and seasonally higher cropping cycles.
Export demand is expected to remain steady given CPO’s competitive pricing relative to other edible oils, it noted.
“Nevertheless, the outlook remains subject to volatility from geopolitical tensions, trade tariffs and policy changes,” said the firm. (1 ringgit equals 0.24 U.S. dollar)
Photo : A woman packages a tank of cooking oil at a market in Jakarta, Indonesia, May 20, 2022. (Xinhua/Zulkarnain)