Connect with us

China

(SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး) ထိရှလွယ်သော ကမ္ဘာကြီးအတွက် SCO ၏ အဖြေ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့၏ သမိုင်းဝင် မြို့ပြဧရိယာ Wudadao ၌ ပြည်သူများ စိတ်လက်အပန်းဖြေနေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အကြီးကျယ်အခမ်းနားဆုံး ထိပ်သီးအစည်းအဝေးအား တရုတ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ထျန်းကျင်း၌ ကျင်းပလျက်ရှိရာ နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှ ခေါင်းဆောင်များ တက်ရောက်ကာ ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ ဖြစ်ပေါ်နေချိန်တွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အေးအတူပူအမျှ တည်ရှိမှုတို့ကို ပိုမိုခိုင်မာလေးနက်စွာ နိမိတ်ပြသလျက်ရှိသည်။
၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ချိန်မှစ၍ SCO အဖွဲ့အနေဖြင့် ဒေသတွင်း၌ ဘုံလုံခြုံရေးနှင့် အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေးအတွက် အဓိကကြိုးပမ်းလုပ်ဆောင်ရန် အာရုံစိုက်လျက်ရှိသည်။ SCO အနေဖြင့် ဗဟုဝင်ရိုးကမ္ဘာ အခင်းအကျင်းအား နောက်ခံပြုလျက် မဟာမိတ်ဖွဲ့ခြင်းထက် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း၊ ထိပ်တိုက်ပဋိပက္ခဖြစ်ခြင်းထက် အပြန်အလှန်ဆွေးနွေးခြင်းကို ဗဟိုပြုသော ပူးပေါင်းဆောင်ရွက်မှု စံနမူနာသစ်တစ်ခုကို ရှေ့ဆောင်လမ်းပြအဖြစ် ဖော်ဆောင်ခဲ့သည်။ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေသည့် နိုင်ငံများ ပိုမိုများပြားလာသည့်အလျောက် အပြန်အလှန်ချိတ်ဆက်မှု ပိုမိုအားကောင်းလာသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့်အတူ အင်အားကြီးထွားလာသည့် SCO အဖွဲ့မှာ ကြွယ်ဝတိုးတက်လျက်ရှိသည်။
အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ၊ လေ့လာသူနိုင်ငံ ၂ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံ ၁၄ နိုင်ငံတို့ကို စုစည်းထားသော SCO အဖွဲ့မှာ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးကိုလည်းကောင်း၊ ကမ္ဘာ့ကုန်းမြေ၏ လေးပုံတစ်ပုံကိုလည်းကောင်း၊ ကမ္ဘာ့ဂျီဒီပီ၏ လေးပုံတစ်ပုံခန့်ကိုလည်းကောင်း လွှမ်းခြုံကိုယ်စားပြုလျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/6lO

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ပြုလုပ်သော ရုပ်စုံမှန်ပြောင်း ယဉ်ကျေးမှုဈေးပွဲတော်၌ ပီကင်း အော်ပရာပြဇာတ်ဝတ်စုံများကို ဝတ်ဆင်ကြည့်နေသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံများမှ ကျောင်းသူလေးများအား ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
(SCO Tianjin Summit) Xinhua Commentary: The SCO solution to a fractured world
BEIJING, Aug. 30 (Xinhua) — The largest-ever summit of the Shanghai Cooperation Organization (SCO) will soon convene in China’s northern port city of Tianjin, bringing together leaders from more than 20 countries and heads of 10 international organizations and sending a stronger signal for global cooperation, development and shared future in an age of global uncertainties.
Since its founding in 2001, the SCO has focused its primary efforts on enhancing mutual trust and common security in the region. Against the backdrop of evolving global multipolarity, it has pioneered a new model of cooperation — partnership instead of alliance, dialogue rather than confrontation. Growing alongside an increasingly interconnected global economy, the organization has thrived as more and more countries seek peaceful development.
Gathering 10 member states, two observer states and 14 dialogue partners, the SCO now represents nearly half of the world’s population, a quarter of the global landmass and about a quarter of global GDP.
English Caption 1
Citizens enjoy their leisure time at the Wudadao historical urban area in north China’s Tianjin, Aug. 27, 2025. (Xinhua/Zhao Zishuo)
English Caption 2
Young students from the Shanghai Cooperation Organization (SCO) countries try on Peking Opera costumes during the Kaleidoscope Cultural Bazaar in north China’s Tianjin, Aug. 6, 2025. (Xinhua/Li Ran)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.