Connect with us

Europe

အီတလီ ဖက်ရှင်ဂုရုကြီး ‌ဂျော်ဂျီယိုအာမနီ အသက် ၉၁ နှစ်တွင် ကွယ်လွန်

ပြင်သစ်နိုင်ငံပါရီမြို့တွင်ပြုလုပ်သည့် ၂၀၁၉/၂၀၂၀ ဂျော်ဂျီယိုအာမနီ၏ အထူးလက်ရာ ဆောင်းရာသီ အဆင့်မြင့်ဖက်ရှင်အဝတ်အထည်ပြပွဲအတွင်း ပရိသတ်များအား ဂုဏ်ပြုနှုတ်ဆက်နေသည် ဒီဇိုင်နာ ဂျော်ဂျီယိုအာမနီကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂ ရက် က တွေ့ရစဥ် (ဆင်ဟွာ)

ရောမ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
အသက် ၉၁ နှစ်အရွယ် အီတလီဖက်ရှင်ဒီဇိုင်နာကြီး‌ဂျော်ဂျီယိုအာမနီသည် စက်တင်ဘာ ၄ ရက်တွင် ကွယ်လွန် ခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။
အာမနီသည် ဆေးရုံတွင်တက်ရောက်ကုသခဲ့ပြီးနောက် နေပြန်ကောင်းလာခဲ့ကာ လအတန်ကြာတွင် နေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း အီတလီသတင်းစာတစ်စောင်ဖြစ်သည့် La Repubblica က ဖော်ပြခဲ့သည်။
အာမနီသည် ၎င်း၏ နာမည်တူအမှတ်တံဆိပ်ကို ၁၉၇၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ မကြာသေးမီနှစ်များ အတွင်း ကျန်းမာစွာရှိနေခဲ့ပြီး ဖက်ရှင်ပြပွဲများကိုလူကိုယ်တိုင်မတက်ရောက်နိုင်တော့သည့်အချိန်တွင် အဝတ်အထည်အသစ်အဆန်းများကို အဝေးမှကြီးကြပ်ပေးခဲ့သည်။
အာမနီသည် ၎င်း၏အသက်မွေးဝမ်းကျောင်းခရီး နှစ် ၅၀ ပြည့်အဖြစ် အထိမ်းအမှတ် အထူးဖက်ရှင်ရှိုးပွဲ တစ်ခုကို အီတလီနိုင်ငံ မီလန်မြို့၌ စက်တင်ဘာ ၂၈ ရက်တွင် ပြုလုပ်ရန် စီစဥ်ခဲ့ကြောင်းသိရသည်။
(Xinhua)
…………………….
(English Version)
Italian fashion icon Giorgio Armani dies at 91
ROME, Sept. 4 (Xinhua) — Italian fashion designer Giorgio Armani passed away Thursday at the age of 91, local media reported.
Armani died at home after months of convalescence following a hospital stay, according to Italian newspaper La Repubblica.
Armani founded his namesake brand in 1975. He remained active in recent years, supervising collections remotely when unable to attend fashion shows in person.
He had been preparing a special runway show in Milan, scheduled for Sept. 28, to mark the 50th anniversary of his career.
Photo : Designer Giorgio Armani salutes to audiences during Giorgio Armani Prive’s Fall/Winter 2019/20 Haute Couture collections in Paris, France, July 2, 2019. (Xinhua/Piero Biasion)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.