Connect with us

International Organizations

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် UN-SCO ပူးပေါင်းဆောင်ရွက်မှု ဆုံးဖြတ်ချက်ကို မဲအများအပြားဖြင့် အတည်ပြုခဲ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ဖန်သားပြင်ပေါ်၌ မဲပေးမှု ရလဒ်ကို စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် တရုတ်နိုင်ငံက အဓိကအဆိုပြုသော “UN-SCO (ကုလသမဂ္ဂ-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့) ပူးပေါင်းဆောင်ရွက်မှု” ဆုံးဖြတ်ချက်ကို စက်တင်ဘာ ၅ ရက်၌ မဲအများအပြားဖြင့် အတည်ပြုခဲ့သည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံအားလုံး အပါအဝင် နိုင်ငံ ၄၀ နီးပါးက ပါဝင်၍ အတူတကွအဆိုပြုခဲ့ကြသည်။

အဆိုပါဆုံးဖြတ်ချက်က SCO ၏ ဒေသတွင်းငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှု၊ အပြန်အလှန်ယုံကြည်မှုရှိသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို မြင့်မားစွာ အသိအမှတ်ပြုခဲ့ပြီး SCO ၏ ကုလသမဂ္ဂ လုပ်ငန်းများအား ထောက်ခံအားပေးရန် ကြိုးပမ်းလုပ်ဆောင်ခဲ့မှုများကို အပြုသဘောဆောင် သုံးသပ်ချီးကျူးခဲ့ကာ ကုလသမဂ္ဂစနစ်နှင့် SCO ကြား ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ထောက်ခံခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ ကိန်းစွမ်က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဆုံးဖြတ်ချက်မူကြမ်းကို မိတ်ဆက်ပြောကြားရာ၌ SCO ထူထောင်လာသည့် ၂၄ နှစ်ကာလတစ်လျှောက်တွင် “ရှန်ဟိုင်းစိတ်ဓာတ်” ဦးဆောင်မှုအောက်တွင် အဆက်မပြတ် ကြီးထွားတိုးတက်လာပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးဒေသတွင်း အဖွဲ့အစည်းဖြစ်လာခဲ့ကြောင်း၊ ထျန်းကျင်းထိပ်သီးအစည်းအဝေး၏ အထင်ရှားဆုံးအချက်မှာ “SCO plus” အစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အဆိုပြုချက်သည် ဘက်အသီးသီး၏ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုနှင့် အပြုသဘောဆောင်သော တုံ့ပြန်မှုများ ရရှိခဲ့ကြောင်း၊ ယနေ့ ကမ္ဘာကြီးသည် ပိုမိုထိရောက်မှုရှိသော စီမံခန့်ခွဲမှုအတွေးအခေါ်နှင့် စီမံခန့်ခွဲမှုစနစ်ကို အရေးတကြီး လိုအပ်လျက်ရှိရာ တရုတ်နိုင်ငံ အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် အချိန်အခါနှင့်ကိုက်ညီကြောင်း ဖော်ပြခဲ့သည်။

ရုရှား၊ ကာဂျစ္စတန်၊ ဘီလာရုစ်၊ ပါကစ္စတန်၊ အီရန်၊ ကမ္ဘောဒီးယား၊ ကျူးဘား၊ ဗင်နီဇွဲလားနှင့် ဆာဘီးယားစသည့် နိုင်ငံတို့မှ ကိုယ်စားလှယ်များက SCO ထျန်းကျင်းထိပ်သီးအစည်းအဝေးနှင့် တရုတ်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လုပ်ဆောင်မှုများကို အထူးသုံးသပ်ချီးကျူးခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် မဲအများအပြားဖြင့် အတည်ပြုခံရခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းက SCO အား အသိအမှတ်ပြုမှုနှင့် ထောက်ခံမှုကို ဖော်ပြနေကြောင်း အလေးနက်ထား ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အစီအမံသည် ခေတ်ကာလဦးတည်ရာအရှိန်အဟုန်နှင့် ကိုက်ညီပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့အတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ ကိန်းစွမ်က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဆုံးဖြတ်ချက်မူကြမ်းကို စက်တင်ဘာ ၅ ရက်က မိတ်ဆက်ပြောကြားစဉ် (ဆင်ဟွာ)

…………………………….
(Chinese Version)
联大高票通过联合国-上合组织合作决议
新华社联合国9月5日电 第79届联合国大会5日高票通过中国主提的“联合国同上海合作组织的合作”决议。包括上合组织所有成员国在内的近40国参与共提。
决议高度肯定上合组织为促进地区和平发展、互信合作发挥的建设性作用,积极评价上合组织为支持联合国事业所作努力,支持联合国系统同上合组织加强对话协作。
中国常驻联合国代表团临时代办耿爽在联大全会介绍决议草案时表示,上合组织成立24年来,在“上海精神”引领下不断发展壮大,已成为世界上最大的区域组织。天津峰会的最大亮点是习近平主席在“上海合作组织+”会议上提出全球治理倡议。中方倡议得到各方热烈欢迎和积极响应。大家一致认为,当今世界亟需更加有效的治理理念和治理体系,中国提出全球治理倡议正当其时。
俄罗斯、吉尔吉斯斯坦、白俄罗斯、巴基斯坦、伊朗、柬埔寨、古巴、委内瑞拉、塞尔维亚等国代表发言,高度评价上合组织天津峰会及中方担任轮值主席国期间所做工作,强调联大决议获得高票通过展现了国际社会对上合组织的认可与支持。习近平主席提出的全球治理倡议顺应时代大势,将为应对全球性挑战、完善全球治理发挥重要作用。(完)
图说1:这是9月5日在位于纽约的联合国总部拍摄的显示屏上的投票结果。 新华社记者 谢锷 摄
图说2:9月5日,在位于纽约的联合国总部,中国常驻联合国代表团临时代办耿爽在联大全会介绍决议草案。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.