Media
အသက် ၇၅ နှစ်အရွယ် ယီလူမျိုးအဘွားအိုက သစ်ရွက်ဖြင့် တရုတ်တိုင်းရင်းသားဓလေ့တေးသီချင်းအား တီးမှုတ်ပြသခြင်း
မီလဲ့၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
သစ်ရွက်ဖြင့် တေးသွားတီးမှုတ်သည်ကို သင်မြင်တွေ့ဖူးပါသလား။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မီလဲ့မြို့ ရှီးဆန်းဒေသ ယီလူမျိုး ကျေးရွာလေးတွင် ရှေးအခါက ဓလေ့ရိုးရာတစ်ခုကို လက်ဆင့်ကမ်းပေးလျက်ရှိပေသည်။
ယင်းမှာ “သစ်ရွက်ဖြင့် ချစ်ခြင်းမေတ္တာခံစားချက်အား ဖော်ပြခြင်း” ဖြစ်ရာ အားရှိတိုင်းရင်းသူလေးက သစ်ရွက်ဖြင့် သာယာနာပျော်ဖွယ် တေးသံစဉ်ကို တီးမှုတ်၍ မိမိ၏ ချစ်ခြင်းမေတ္တာနှင့် ပျော်ရွှင်ကြည်နူးမှုကို ဖော်ပြသည်။ အားရှိတိုင်းရင်းသားလေးကလည်း တမေ့တမောရပ်တန့်၍ ယင်းတေးသံစဉ်ကို နားဆင်လျက် နှစ်လိုဖွယ် တေးသီချင်းကို နားဆင်မိချိန်တွင် တန်ပြန်သီဆိုကာ လွမ်းမောဖွယ် ချစ်ခြင်းမေတ္တာတရားကို အပြန်အလှန် ဖော်ပြကြသည်။
ယခု အသက် ၇၅ နှစ်အရွယ် “သစ်ရွက် ဘွားဘွား” ပိကွေ့ယွင်က သစ်ရွက်ကလေးဖြင့် တေးသီချင်းပေါင်း ၁၀၀ ကျော်ကို တီးမှုတ်ပြရာ ခရီးသွားဧည့်သည်အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ (Xinhua)
———————-
(Chinese Version)
【标题】75岁彝族奶奶用叶子吹奏中国民歌
【简介】你见过用叶子吹奏歌曲吗?在弥勒西山地区的彝家山寨,流传着一种古老的习俗——“木叶传情”,阿细姑娘用树叶吹奏出动听的旋律,表达自己的爱意和喜悦,阿细小伙驻足聆听,听到动情处对歌一曲,互诉情思。今年75岁的“叶子奶奶”毕桂云会用叶子吹奏上百首歌曲,吸引了许多游客前来。(记者曾维)