International Organizations
နူနိုထွက်ခွာသွားပြီးနောက် ပိုစတီကိုဂလူးအား ဖောရက်စ်နည်းပြချုပ်အဖြစ် ခန့်အပ်

လန်ဒန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
နူနိုအက်စ်ပရစ်တိုဆန်းတို့စ်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် အန်ဂီပိုစတီကိုဂလူးအား နော်တင်ဟမ် ဖောရက်စ်အသင်းနည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။
အဆိုပါ ဩစတြေးလျနိုင်ငံသားနည်းပြသည် နော်တင်ဟမ်ဖောရက်စ် နည်းပြဘဝပွဲဦးထွက်အဖြစ် စက်တင်ဘာ ၁၃ ရက်၌ အာဆင်နယ်ကွင်းသို့ သွားရောက်ကစားရမည့် ပရီးမီးယားလိဂ်ပွဲတွင် တာဝန် ယူမည်ဖြစ်ကြောင်း၊ တော့တင်ဟမ်ဟော့စပါးအသင်း၌ လက်တွဲခဲ့သည့် ၎င်း၏ နည်းပြအဖွဲ့ဝင် အများအပြားလည်း ပိုစတီကိုဂလူးနှင့် လာရောက်ပူးပေါင်းဖွယ်ရှိကြောင်း မျှော်လင့်ထားကြသည်။
အသက် ၆၀ နှစ်အရွယ်ရှိပြီဖြစ်သော ပိုစတီကိုဂလူးသည် ယူရိုပါလိဂ်ဖလားချန်ပီယံဖလားကို ဇွန်လ အတွင်းက ရယူပေးနိုင်ခဲ့ပြီးနောက် မကြာမီ စပါးစ်အသင်းမှ ထွက်ခွာခဲ့ရသော်လည်း စီးတီးဂရောင်းကွင်း၌ နူနိုနေရာကို ဆက်ခံသော ဦးဆောင်နည်းပြအဖြစ် နည်းပြလောကအတွင်းသို့ မြန်ဆန်စွာ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။
ဖောရက်စ်အသင်းပိုင်ရှင် အီဗန်ဂျီလို့စ်မာရီနာကစ်က ပိုစတီကိုဂလူးကို ခန့်အပ်မှုနှင့် ပတ်သက်၍ “ဆုဖလားတွေ ပုံမှန်ယူပေးနိုင်တဲ့မှတ်တမ်းနဲ့ အရည်အချင်းကိုသက်သေပြပြီးသား နည်းပြတစ်ယောက်ကို ကျွန်တော်တို့အသင်းအတွက် ခန့်အပ်လိုက်ပါပြီ။ အသင်းကြီးတွေမှာ နည်းပြလုပ်ခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံ၊ ဖောရက်စ်မှာ ထူးထူးခြားခြား တည်ဆောက်ပြလိုတဲ့ သူ့ရဲ့ဆန္ဒနဲ့အညီ ပိုစတီကိုဂလူးဟာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်အားလုံး တစ်သမတ်တည်းအောင်မြင်စေဖို့ ဖောရက်စ်ရဲ့ ခရီးလမ်းကို ကူညီပေးမယ့် အံ့အားသင့်ဖွယ်ရာ နည်းပြတစ်ယောက် ဖြစ်လာပါလိမ့်မယ်” ဟု ကြိုဆိုပြောကြားခဲ့သည်။
“ပရီးမီးယားလိဂ်ကို တန်းတက်လာပြီးနောက် ဥရောပပြိုင်ပွဲကစားခွင့်ရနိုင်ဖို့ ကျွန်တော်တို့အသင်းကို တစ်ရာသီပြီး တစ်ရာသီ တစ်သမတ်တည်း ကောင်းမွန်တဲ့ခြေစွမ်းနဲ့ တည်ဆောက်နိုင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ အောင်မြင်မှုဆုဖလားတွေကိုစိန်ခေါ်နိုင်ဖို့ အရမ်းကောင်းမွန် မှန်ကန်တဲ့ခြေလှမ်းနဲ့ မဖြစ်မနေ လျှောက်လှမ်းရပါတော့မယ်။ အန်ဂီက ဒီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းဖို့ အခွင့်အာဏာရှိတဲ့သူဖြစ်တယ်ဆိုတာကို သူ့မှတ်တမ်းတွေက ပြသပြီးသားပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကြီးတဲ့လမ်းခရီးမှာ အန်ဂီပိုစတီကိုဂလူး ပါဝင်လာပြီမို့ စိတ်လှုပ်ရှားနေ ပါတယ်” ဟု မာရီနာကစ်က ထပ်လောင်းပြောကြားခဲ့သည်။
ပိုစတီကိုဂလူးက စပါးစ်အသင်းမှထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ဖြစ်ခဲ့ကြောင်း၊ အယ်လ်အာလီနှင့် ချိတ်ဆက်သည့်သတင်းများထွက်ပေါ်ခဲ့သလို ကိတ်အန်ဒရူးကို ခေါ်ယူခန့်အပ်လိုက်ပြီးဖြစ်သော ဘရန့်ဖို့ဒ်က နည်းပြခန့်အပ်ရန်ဆွေးနွေးချိတ်ဆက်မှုများရှိခဲ့သော်လည်း အကောင်အထည်မပေါ် ခဲ့ကြောင်း သိရသည်။
ပိုစတီကိုဂလူးသည် အဓိကဆုဖလားများနှင့် ၁၇ နှစ်ကြာဝေးကွာနေသော စပါးစ်အသင်းအတွက် ယူရိုပါလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့သော်လည်း ထုတ်ပယ်ခြင်းခံခဲ့ရသည်။
တော့တင်ဟမ်ဟော့စပါးမှာ ယူရိုပါလိဂ်ချန်ပီယံဖလားရရှိခဲ့သော်လည်း ပရီးမီးယားလိဂ်၌အဆင့် ၁၇ သာ ရခဲ့ကာ ရှုံးပွဲ ၂၂ ပွဲရှိခဲ့သဖြင့် ၃၈ ပွဲကစားရသော ပရီးမီးယားလိဂ်ရာသီတစ်ခုတွင် ရှုံးပွဲအများဆုံးဖြင့် တန်းမဆင်းရသည့်အသင်းအဖြစ် စံချိန်ဆိုးရခဲ့ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Postecoglou appointed Forest head coach following Nuno departure
LONDON, Sept. 9 (Xinhua) — Ange Postecoglou has been appointed head coach of Nottingham Forest, following the dismissal of Nuno Espirito Santo.
The Australian will make his debut in the dugout when Forest visits Arsenal in the Premier League on Saturday and is expected to be joined by several members of his former Tottenham Hotspur coaching staff.
The 60-year-old, who left Spurs in June shortly after guiding them to Europa League glory, quickly emerged as the leading candidate to succeed Nuno at the City Ground.
Forest owner Evangelos Marinakis welcomed the appointment. “We are bringing a coach to the club who has a proven and consistent record of winning trophies. His experience of coaching teams at the highest level, along with his desire to build something special with us at Forest, makes him a fantastic person to help us on our journey and achieve consistently all our ambitions,” he said.
“After gaining promotion to the Premier League, then building consistently season after season to secure European football, we now must take the right step to compete with the very best and challenge for trophies. Ange has the credentials and the track record to do this, and we are excited he is joining us on our ambitious journey,” Marinakis added.
Postecoglou has been out of management since leaving Tottenham. He was linked with Al Ahli and also held talks with Brentford, who eventually hired Keith Andrews, but neither move materialized.
His departure from Spurs came despite ending the club’s 17-year wait for a major trophy by winning the Europa League. However, Tottenham faltered in the league, finishing 17th with 22 defeats – the most ever recorded by a side that avoided relegation in a 38-game Premier League season. ■
photo
Ange Postecoglou, manager of Tottenham Hotspur attends the press conference at the Singapore Festival of Football held at the National Stadium in Singapore, July 25, 2023. (Photo by Then Chih Wey/Xinhua)