Connect with us

International Organizations

အေးဂျင့်ငွေပေးချေမှုစည်းမျဉ်း ချိုးဖောက်မှုများအတွက် ချဲလ်ဆီး တရားစွဲခံရ

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် MetLife Stadium ကွင်း၌ ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချဲလ်ဆီးအသင်း (အင်္ဂလန်) နှင့် ပဲရစ်စိန့်ဂျာမိန်း (ပြင်သစ်) တို့၏ ဖိုင်နယ်ပွဲစဥ်အား အနိုင်ရရှိပြီးနောက် အောင်ပွဲခံနေသော ချဲလ်ဆီးအသင်းမှ အသင်းဝင်များကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ချဲလ်ဆီးအသင်းကို ၂၀၀၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အကြား အေးဂျင့်များအား ငွေပေးချေမှုနှင့်ပတ်သက်သည့် စည်းမျဉ်းချိုးဖောက်မှု ၇၄ ဖြင့် ဘောလုံးအဖွဲ့ချုပ် (FA) က တရားစွဲလိုက်ကြောင်း သိရသည်။
စွဲချက်တင်ထားသော ပြစ်မှုအများစုမှာ ၂၀၁၀-၂၀၁၁ နှင့် ၂၀၁၅-၂၀၁၆ ရာသီများအတွင်း လုပ်ဆောင်မှုများနှင့် ဆက်နွှယ်ပြီး အေးဂျင့်များ၊ ပွဲစားများနှင့် ပြင်ပကစားသမားရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်မှုရှိသည်။အဆိုပါတရားစွဲမှုကို ကလပ်အသင်း ချဲလ်ဆီးဘက်မှ တုံ့ပြန်ရန်အတွက် စက်တင်ဘာ ၁၉ ရက်အထိ အချိန်ပေးထားသည်။ချဲလ်ဆီးကို ၂၀၀၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ရုရှားဘီလျံနာ ရိုမန် အေဘရာမိုဗစ်ချ်က ပိုင်ဆိုင်ခဲ့ပြီး အမေရိကန် ရင်းနှီးမြှုပ်နှံသူ Todd Boehly နှင့် ပုဂ္ဂလိက ရှယ်ယာကုမ္ပဏီ Clearlake Capital တို့ ဦးဆောင်သော လုပ်ငန်းစုတစ်ခုထံ ၂၀၂၂ ခုနှစ်က ရောင်းချခဲ့ခြင်းဖြစ်သည်။

“ဝယ်ယူမှုမပြီးဆုံးမီ လုပ်ငန်းစစ်ဆေးမှု လုပ်ဆောင်နေစဥ်အတွင်း ၎င်းလုပ်ငန်းစုက ချဲလ်ဆီးအသင်း၏ သမိုင်းဝင် ငွေပေးငွေယူမှုများနှင့် အခြားဖြစ်နိုင်ခြေရှိသော FA စည်းမျဉ်းချိုးဖောက်မှုများနှင့် ပတ်သက်၍ မပြည့်စုံနိုင်ခြေရှိသော ငွေကြေးဆိုင်ရာ အစီရင်ခံမှုများကို သိရှိလာခဲ့ရကြောင်း” ချဲလ်ဆီးအသင်းက ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်။

“ဝယ်ယူမှု ပြီးစီးသွားသည်နှင့် ချက်ချင်းပင် FA အပါအဝင် သက်ဆိုင်ရာ စည်းကမ်းထိန်းချုပ်ရေးအာဏာပိုင်အားလုံးထံ ချဲလ်ဆီးအသင်းအနေဖြင့် ကိုယ်တိုင်သတင်းပို့ခဲ့သည်” ဟုလည်း ဖော်ပြထားသည်။
“ချဲလ်ဆီးအသင်းက ဤလုပ်ငန်းစဉ်အတွင်း အသင်း၏ဖိုင်များနှင့် သမိုင်းဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်ခွင့်ပေးခြင်းအပါအဝင် မကြုံစဖူးပွင့်လင်းမြင်သာမှုကို ပြသထားသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိကြောင်း သိရသည်။ (Xinhua)
……………………………………………
(English Version)
Chelsea charged for agent payment rule breaches
LONDON, Sept. 11 (Xinhua) — Chelsea has been charged by the Football Association with 74 alleged rule breaches relating to payments to agents between 2009 and 2022.
The majority of the alleged offences are linked to activity between the 2010-2011 and 2015-2016 seasons, and concern dealings with agents, intermediaries, and third-party player investments.
The club has been given until 19 September to respond.
Chelsea was owned by Russian billionaire Roman Abramovich from 2003 until 2022, when he sold the club to a consortium led by American investor Todd Boehly and private equity firm Clearlake Capital.
In a statement, Chelsea said: “During a thorough due diligence process prior to completion of the purchase, the ownership group became aware of potentially incomplete financial reporting concerning historical transactions and other potential breaches of FA rules.”
“Immediately upon the completion of the purchase, the club self-reported these matters to all relevant regulators, including the FA.”
“The club has demonstrated unprecedented transparency during this process, including by giving comprehensive access to the club’s files and historical data,” the statement added. ■
English Caption
Team members of Chelsea FC celebrate winning the final match between Chelsea FC (England) and Paris Saint-Germain (France) at the FIFA Club World Cup 2025 at the MetLife Stadium, New Jersey, the United States, July 13, 2025. (Xinhua/Xu Chang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.