China
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ နှစ်ထောင်ချီ ချီပေါင်ရှေးဟောင်းမြို့လေးတွင် မီးအလှပြပွဲများဖြင့် ထွန်းလင်းနေ

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာမီးအလှပြပွဲ မင်ဟန်ပြပွဲခွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မင်ဟန်ခရိုင် ချီပေါင်မြို့ဟောင်းလေးရှိ နာရီမျှော်စင် ရင်ပြင်၌ ဖွင့်လှစ်ကျင်းပခဲ့သည်။
မင်ဟန် “ချွန်းဆန်း သာယာလှပသော ဘဝရာသီ” ဆက်စပ်အစီအစဉ်များ၏ အရေးကြီးအစိတ်အပိုင်းအနေဖြင့် ချီပေါင်ရှေးဟောင်းမြို့သည် စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ ၈ ရက်အထိ အချိန်အကန့်အသတ်ဖြင့် မီးပုံးဖြင့် ရတနာရှာဖွေမှု၊ မီးအလင်းရောင် ရေများဖြင့် ကခုန်ဖျော်ဖြေတင်ဆက်မှု၊ နာရီမျှော်စင် မီးအလှပြ တင်ဆက်မှုနှင့် အရပ်ဘက်ဂီတ အနုပညာဖျော်ဖြေတင်ဆက်မှု စသည့် ထူးခြားချက်ရှိသော လှုပ်ရှားမှုအစီအစဉ်များ ကျင်းပသွားမည်ဖြစ်ရာ မြို့သူ၊ မြို့သားများအတွက် ခမ်းနားလှပသော မီးအလင်းရောင် တင်ဆက်မှုသယ်ဆောင်လာပေးမည် ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မင်ဟန်ခရိုင် ချီပေါင်ရှေးဟောင်းမြို့အတွင်း၌ ဖျော်ဖြေတင်ဆက်နေသူကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မင်ဟန်ခရိုင် ချီပေါင်ရှေးဟောင်းမြို့အတွင်း၌ လှည့်လည် လည်ပတ်နေသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မင်ဟန်ခရိုင် ချီပေါင်ရှေးဟောင်းမြို့အတွင်း၌ လှည့်လည် လည်ပတ်နေသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————
(Chinese Version)
上海:千年七宝古镇点亮光影秀
新华社照片,上海,2025年9月23日
9月22日晚,第二届上海国际光影节闵行分会场活动在闵行区七宝古镇钟楼广场开幕。作为闵行“春申美好生活季”系列活动的重要组成部分,七宝古镇将自9月22日至10月8日限时推出提灯探宝、光影水舞表演、钟楼光影秀及民乐艺术表演等特色活动,为市民带来光影盛宴。
1、2:9月22日,演员在七宝古镇内表演。 新华社记者 王翔 摄
3、4:9月22日,人们在七宝古镇参观游玩。新华社记者 王翔 摄