China
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ရှီကျင့်ဖိန် ဗီဒီယိုဖြင့် အမှာစကားပြောကြား

ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၂၄ ရက်တွင် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့သည်။
ထိုသို့ ပြောကြားရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် “ပဲရစ်သဘောတူညီချက်” ၁၀ နှစ်ပြည့် ဖြစ်သလို နိုင်ငံအလိုက် ကိုယ်ပိုင်အကျိုးဆောင်ရေး (NDCs) အသစ်တစ်ကြိမ် တင်သွင်းရမည့်အရေးကြီး အချိန်အခါလည်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံခန့်ခွဲမှုမှာ အဓိကျသော အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပထမအနေဖြင့် ယုံကြည်ချက် အခိုင်အမာထားရှိရမည်ဖြစ်ကြောင်း၊ အစိမ်းရောင် ကာဗွန်လျော့နည်း အသွင်ပြောင်းလဲမှုသည် ခေတ်ရေစီးကြောင်း ဖြစ်ကြောင်း၊ တချို့နိုင်ငံများက ဆန့်ကျင်ဘက်လမ်းကြောင်းမှ လုပ်ဆောင်နေသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မှန်ကန်သောဦးတည်ချက်ကို ဆုပ်ကိုင်ထားပြီး ယုံကြည်မှု ယိမ်းယိုင်ခြင်းမရှိ၊ လုပ်ဆောင်မှု ရပ်တန့်ခြင်းမရှိ၊ အားထုတ်မှု လျော့နည်းခြင်းမရှိအောင် ထိန်းသိမ်းထားကာ နိုင်ငံအလိုက် ကိုယ်ပိုင်အကျိုးဆောင်မှု ချမှတ်ရေး၊ ဖော်ဆောင်ရေးအား တွန်းအားပေး၍ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုများပြားသည့် အပြုသဘောဆောင်သော စွမ်းအင်များ ထည့်သွင်းပေးရန် ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ တရားမျှတမှု၊ သမာသမတ်ကျမှုကို လက်ကိုင်ထားကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ခွင့်ကို အပြည့်အဝလေးစားပြီး ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် အသွင်ပြောင်းလဲခြင်းဖြင့် တောင်-မြောက် ကွာဟမှုကို ကျဉ်းမြောင်းလာစေရန် ဆောင်ရွက်ရမည်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် ဘုံဖြစ်၍ ကွဲပြားမှုရှိသော တာဝန်ဝတ္တရားဆိုင်ရာ အခြေခံမူများကို လိုက်နာသင့်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းတွင် လက်တွေ့ဦးဆောင် အကောင်အထည်ဖော်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများအား ပိုမိုများပြားသော ငွေကြေးနှင့် နည်းပညာ အထောက်အပံ့များ ပေးအပ်သင့်ကြောင်း၊ တတိယအနေဖြင့်ပူးပေါင်းဆောင်ရွက်မှုများအား နက်ရှိုင်းစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစိမ်းရောင် နည်းပညာနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ပြီး အစိမ်းရောင် ထုတ်လုပ်မှုစွမ်းအား လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကြိုးစားလျက် အရည်အသွေးကောင်းမွန်သော အစိမ်းရောင် ထုတ်ကုန်များ ကမ္ဘာတစ်ဝန်း လွတ်လပ်စွာစီးဆင်းနိုင်ရန် သေချာစေကာ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအား ကမ္ဘာ့နေရာတိုင်းကို အမှန်တကယ် အကျိုးပြုစေရမည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
၂၀၃၅ ခုနှစ်တွင် တရုတ်နိုင်ငံ စီးပွားရေးအလုံးစုံ အတိုင်းအတာမှ ဖန်လုံအိမ်ဓာတ်ငွေ့ သန့်စင်ထုတ်လွှတ်မှုပမာဏသည် အမြင့်ဆုံးတန်ဖိုး ၇ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချရန် ပိုမိုကောင်းမွန်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရုပ်ကြွင်းမဟုတ်သော စွမ်းအင်သုံးစွဲမှုသည် စုစုပေါင်းစွမ်းအင်သုံးစွဲမှုပမာဏ၏ ၃၀ ရာခိုင်နှုန်းနှင့်အထက်ရှိပြီး လေစွမ်းအင်နှင့် နေရောင်ခြည်သုံးစွမ်းအင်ထုတ်လုပ်မှု စုစုပေါင်းစက်တပ်ဆင်အားပမာဏသည် ၂၀၂၀ ပြည့်နှစ်၏ ၆ ဆအထက်၊ ၃.၆ ဘီလီယံ ကီလိုဝပ်အထိရောက်ရှိရန် ကြိုးစားမည်ဖြစ်ကြောင်း၊ သစ်တောသိုလှောင်ပမာဏ ၂၄ ဘီလီယံ ကုဗမီတာအထက် အထိရောက်ရှိစေပြီး စွမ်းအင်သစ်သုံး မော်တော်ယာဉ်များသည် အသစ်ရောင်းချသော ယာဉ်များ ပင်မရေစီးကြောင်းဖြစ်လာစေကာ တစ်နိုင်ငံလုံး ကာဗွန်ထုတ်လွှတ်ခွင့် ရောင်းဝယ်ရေး စျေးကွက်သည် အဓိက ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်မားသော စက်မှုလုပ်ငန်းများကို လွှမ်းခြုံစေရာ ရာသီဥတုဒဏ်ခံနိုင်သော လူ့အဖွဲ့အစည်းကို အခြေခံအားဖြင့် ထူထောင်နိုင်မည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ အသစ်တစ်ကြိမ် NDCs ကို ကြေညာခဲ့သည်။
ယင်းမှာ တရုတ်နိုင်ငံက “ပဲရစ်သဘောတူညီချက်” ၏ တောင်းဆိုချက်များနှင့်အညီ အကြီးမားဆုံးကြိုးစားမှုကို ထင်ဟပ်စေလျက် ချမှတ်ထားသည့် ရည်မှန်းချက်ဖြစ်ကြောင်း၊ ဤရည်မှန်းချက်ကို ပြည့်မီစေရန်အတွက် တရုတ်နိုင်ငံ ကိုယ်တိုင် ခက်ခဲသော ကြိုးပမ်းအားထုတ်မှု များလိုအပ်သလို အကျိုးရှိ၍ တံခါးဖွင့်လှစ်မှုသော အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်လည်း လိုအပ်ကြောင်း၊ ကတိပြုချက်များကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံတွင် သန္နိဋ္ဌာန်နှင့် ယုံကြည်မှုရှိကြောင်း၊ ဘက်အသီးသီးအနေဖြင့် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ကာ လူသားနှင့် သဘာဝအကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သော သာယာလှပသည့် မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန် တွန်းအားပေးပြီး မိမိတို့၏ ဘုံကမ္ဘာ့မိသားစုဥယျာဉ်ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
习近平在联合国气候变化峰会发表视频致辞
新华社北京9月24日电 9月24日,国家主席习近平在联合国气候变化峰会发表视频致辞。
习近平指出,今年是《巴黎协定》达成10周年,也是提交新一轮国家自主贡献的重要节点,全球气候治理进入关键阶段。一要坚定信心。绿色低碳转型是时代潮流。尽管个别国家逆流而动,但国际社会应当把握正确方向,坚持信心不动摇、行动不停止、力度不减弱,推动制定和实施国家自主贡献,为全球气候治理合作注入更多正能量。二要担当尽责。坚持公平公正,充分尊重发展中国家的发展权,通过全球绿色转型缩小而不是扩大南北差距。各国应当坚持共同但有区别的责任原则,发达国家应当落实率先减排义务,给发展中国家提供更多资金和技术支持。三要深化合作。加强绿色技术和产业国际协作,努力弥补绿色产能缺口,确保优质绿色产品在全球自由流通,让绿色发展真正惠及世界每个地方。
习近平宣布中国新一轮国家自主贡献:到2035年,中国全经济范围温室气体净排放量比峰值下降7%-10%,力争做得更好。非化石能源消费占能源消费总量的比重达到30%以上,风电和太阳能发电总装机容量达到2020年的6倍以上、力争达到36亿千瓦,森林蓄积量达到240亿立方米以上,新能源汽车成为新销售车辆的主流,全国碳排放权交易市场覆盖主要高排放行业,气候适应型社会基本建成。
习近平强调,这是中国对照《巴黎协定》要求、体现最大努力制定的目标。完成这一目标,需要中国自身付出艰苦努力,也需要有利和开放的国际环境。中国有决心、有信心兑现承诺。各方应积极行动起来,推动实现人与自然和谐共生的美好愿景,守护好我们共同的地球家园。(完)
图说:9月24日,国家主席习近平在联合国气候变化峰会发表视频致辞。 新华社记者 黄敬文 摄