Connect with us

Politics, Law & Military

အတွေးအမြင်ဒဿန၊ လူမှုသိပ္ပံပညာရပ်တွင် တရုတ်နိုင်ငံ၏ ဉာဏစနစ် ပိုမိုလျင်မြန်စွာ တည်ဆောက်ရေးအတွက် သမ္မတ ရှီ တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပေကျင်းမြို့တော်တွင် ၂၀၂၄ ခုနှစ် မတ် ၅ ရက်က ပြုလုပ်သော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယအကြိမ်အစည်းအဝေး၌ ကျန်းဆူးပြည်နယ် ကိုယ်စားလှယ်အဖွဲ့မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲ ပါဝင်တက်ရောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အတွေးအမြင်ဒဿန၊ လူမှုသိပ္ပံပညာရပ်တွင် တရုတ်နိုင်ငံ၏ ဉာဏစနစ် တည်ဆောက်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် အလေးထားပြောခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်‌ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက အတွေးအမြင်ဒဿနနှင့် လူမှုသိပ္ပံပညာရပ်ဆိုင်ရာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် လမ်းညွှန်ချက်ချမှတ်ရာ၌ အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ရှီက ၂၀၁၂ ခုနှစ်တွင် CPC ၁၈ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံမှစ၍ တရုတ်နိုင်ငံ၏ အတွေးအမြင်ဒဿနနှင့် လူမှုသိပ္ပံအသိုင်းအဝိုင်းသည် အတွေးအမြင်ဆန်းသစ်တီထွင်မှု၊ အယူအဆဆိုင်ရာ တီထွင်ဆန်းသစ်မှုနှင့် နည်းလမ်း ဆန်းသစ်မှု တည်ငြိမ်စွာ အဆင့်မြှင့်တင်လာခဲ့ကာ အရေးပါသော သုတေသနရလဒ်အများအပြား ထွက်ပေါ်လာခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် စည်းစနစ်ကျ၍ ပညာရပ်ဆိုင်ရာသုတေသနနှင့် ပါတီ၏ သီအိုရီအသစ်များ အဓိပ္ပါယ်ဖော်ဆောင်မှု နက်ရှိုင်းမှုရှိစေရန်လည်း လိုအပ်ကြောင်း ရှီက အလေးထားပြောခဲ့သည်။ ၎င်းအနေဖြင့် အတွေးအမြင်ဒဿန၊ လူမှုသိပ္ပံပညာရပ်တွင် တရုတ်နိုင်ငံ၏ ဉာဏစနစ် ပိုမိုလျင်မြန်စွာ တည်‌ဆောက်ရေး အရှိန်မြှင့်လုပ်ဆောင်ရန်၊ တရုတ်နိုင်ငံ၊ ကမ္ဘာကြီး၊ ပြည်သူများ၊ ခေတ်ကာလ စသည်တို့က ဖော်ထုတ်လာသော မေးခွန်းများကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်ဖြေကြားရန်၊ အတွေးအမြင်ဒဿန၊ လူမှုသိပ္ပံပညာရပ် အရည်အသွေးမြင့်မားစွာ ဖော်ဆောင်ရာတွင် တိုးတက်မှုအသစ်များ ကြိုးပမ်းဆောင်ရွက်ရန်နှင့် တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းရေး မြှင့်တင်ရာတွင် ဉာဏ်ပညာနှင့် ခွန်အားများ ထောက်ပံ့ပေးအပ်နိုင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xi urges faster building of Chinese intellectual system in philosophy, social sciences
BEIJING, May 17 (Xinhua) — Chinese President Xi Jinping has stressed accelerating the building of a Chinese intellectual system in philosophy and social sciences.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, made the remarks in an instruction on promoting the high-quality development of philosophy and social sciences.
Xi noted that since the 18th National Congress of the CPC in 2012, China’s philosophy and social sciences community has steadily advanced knowledge innovation, theoretical innovation and method innovation, producing a number of valuable research outcomes.
He emphasized the need to deepen systematic and academic research and interpretation of the Party’s new theories.
He called for speeding up the building of a Chinese intellectual system in philosophy and social sciences, better responding to the questions posed by China, by the world, by the people and by the times, striving for new progress in the high-quality development of philosophy and social sciences, and therefore contributing wisdom and strength to advancing Chinese modernization.
Photo: Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, takes part in a deliberation with his fellow deputies from the delegation of Jiangsu Province at the second session of the 14th National People’s Congress (NPC) in Beijing, capital of China, March 5, 2024. (Xinhua/Ju Peng)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117