Connect with us

China

တရုတ်နိုင်ငံတွင် ဆောက်လုပ်ရေးပစ္စည်းကဏ္ဍ မြှင့်တင်ရေး နှစ်နှစ်စီမံကိန်း ဖွင့်လှစ်

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် လျို့ဖန်ဆွေ မြို့ရှိ နေစွမ်းအင်သုံး စိုက်ပျိုးရေး စီမံကိန်းတစ်ခုကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၂၀၂၅-၂၀၂၆ ခုနှစ်ကာလအတွင်း ဆောက်လုပ်ရေးသုံးပစ္စည်းလုပ်ငန်းကဏ္ဍ တည်ငြိမ်စွာ တိုးတက်စေရေး အစီအစဥ်ကို အများပြည်သူသိရှိရန် စက်တင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော ဆောက်လုပ်ရေးပစ္စည်းများမှ ဝင်ငွေ ယွမ် ၃၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၂.၂ ဘီလီယံခန့်) ကျော်လွန်စေရန် ရည်မှန်းထားကြောင်းသိရသည်။
အဆိုပါအစီအစဥ်ကို စက်မှုလက်မှုနှင့်သတင်းနည်းပညာဝန်ကြီးဌာန အပါအဝင် အစိုးရဝန်ကြီးဌာန ခြောက်ခုမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အခိုင်အမာပြန်လည်ဦးမော့လာစေရန်၊ အကျိုးအမြတ်တိုးတက်စေရန်နှင့် နည်းပညာ တီထွင်မှု အားကောင်းစေရန် ပန်းတိုင်ချမှတ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။
အစီအစဥ်တွင် အဆင့်မြင့်ဇီဝအခြေခံမဟုတ်သည့် သတ္တုမဟုတ်သောပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော ဆောက်လုပ်ရေးပစ္စည်း ပမာဏကို ပိုမိုတိုးချဲ့သွားမည်ဖြစ်သည်။
အဆိုပါအစီအစဥ်တွင် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများနှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေး ပိုမိုနက်ရှိုင်းစေရေး နိုင်ငံတကာအဆင့်မြင့်ကော်ပိုရေးရှင်းများနှင့်ပူးပေါင်းမှုပျိုးထောင်ရေး၊ ဆောက်လုပ်‌ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်မှုကိုအားပေးရန်နှင့် နည်းပညာနှင့်စံချိန်စံညွှန်းကမ္ဘာ့စံချိန်ဝင်ရန်အစီအစဥ်များ ပါဝင်ကြောင်းသိရသည်။
တရုတ်နိုင်ငံတွင် အဓိကဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းများကို စောင့်ကြည့်မှု မြှင့်တင်သွားမည်ဖြစ်ပြီး စက်မှု တိုးတက်မှုညွှန်းကိန်းများကို ပုံမှန်ထုတ်ပြန်မည်ဖြစ်ကာ လုပ်ငန်းကဏ္ဍ တည်ငြိမ်ပြီး စနစ်တကျဖွံဖြိုးမှု သေချာစေရန် ခန့်မှန်းချက်များ လမ်းညွှန်ပေးသွားမည်ဖြစ်သည်။ (Xinhua)

…………………….
(English Version)
China unveils two-year plan to boost building materials sector
BEIJING, Sept. 24 (Xinhua) — China on Wednesday made public a plan for the steady growth of its building materials industry during the 2025-2026 period, setting a goal for the green building materials sector to exceed a revenue of 300 billion yuan (about 42.2 billion U.S. dollars) by 2026.
The plan was released by six government departments, including the Ministry of Industry and Information Technology, and outlines goals to consolidate recovery, improve profitability and strengthen technological innovation.
It includes the further expansion of the scale of the green building materials and advanced inorganic non-metallic materials industries.
It also includes plans for deepened industrial cooperation with Belt and Road countries, the cultivation of high-level international cooperation, and encouragement for building materials products, technologies and standards to go global.
China will enhance its price monitoring of key building materials, release its industry prosperity index regularly, and guide expectations to ensure the stable, orderly development of the sector.
Photo : An aerial drone photo taken on July 17, 2025 shows an agricultural photovoltaic project in Liupanshui City, southwest China’s Guizhou Province. (Xinhua/Tao Liang)