China
တရုတ်နိုင်ငံတွင် အောက်တိုဘာလအတွင်း ဒါဇင်ချီသော နိုင်ငံတကာသိပ္ပံ-နည်းပညာ ဖလှယ်ရေးဆွေးနွေးပွဲများ ကျင်းပမည်

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာအဖွဲ့ချုပ် (CAST) က နိုင်ငံတကာ သိပ္ပံနည်းပညာ အပြန်အလှန် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်နိုင်ရန် သိပ္ပံ-နည်းပညာကမ်ပိန်းတစ်ခုကို အောက်တိုဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်က ပေကျင်းမြို့၌ ပြုလုပ် ခဲ့သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ပေကျင်း၊ ရှန်ဟိုင်းနှင့် ကျဲ့ကျန်း အပါအဝင် ပြည်နယ်နှင့် မြူနီစီပယ်ဒေသပေါင်း ၁၅ ခု၊ ပြင်သစ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံ ငါးနိုင်ငံတို့တွင် အစီအစဉ်ပေါင်း ၆၀ ခန့်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကမ်ပိန်းကို CAST က နိုင်ငံတကာသိပ္ပံအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ ပြည်နယ်သိပ္ပံ-နည်းပညာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံအသိုက်အဝန်းအတွင်း၌ ပွင့်လင်းမှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး အတွက် မျှတပြီးအားလုံးပါဝင်သော နိုင်ငံတကာပလက်ဖောင်းတစ်ခု ထူထောင်နိုင်ရန် ရည်ရွယ်ကာ အဆိုပါကမ်ပိန်းကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
၁၆ ကြိမ်မြောက် အာရှ-ပစိဖိတ် ရူပဗေဒညီလာခံနှင့် ၂၀၂၅ ခုနှစ် နိုင်ငံတကာ ဇီဝကမ္မ သိပ္ပံပညာများ ညီလာခံအပါအဝင် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များပါဝင်သော ဆွေးနွေးပွဲပေါင်း ၂၀ ကျော်က စက်မှုလုပ်ငန်းများ၏မဟာဗျူဟာမြောက်စွာထွက်ပေါ်လာသည့် တောင်းဆိုမှုများနှင့် နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာများကို အာရုံစိုက်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရုတ်နှင့်နိုင်ငံတကာမှ သုတေသနပညာရှင်များအကြား သဘောထားအယူအဆ အမြင်များ၊ နည်းပညာများ၊ လက်တွေ့ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နှစ်နိုင်ငံ သို့မဟုတ် ဘက်ပေါင်းစုံပါဝင်သည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အပြန်အလှန်နက်ရှိုင်းစွာ ဆွေးနွေးမှု အစီအစဉ် ၁၀ ကျော်ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
China to hold dozens of international sci-tech exchange activities in October
BEIJING, Sept. 28 (Xinhua) — The China Association for Science and Technology (CAST) will launch a campaign next month to promote international sci-tech exchanges and cooperation, according to a press conference on Sunday in Beijing.
There will be about 60 events held across 15 provinces and municipalities including Beijing, Shanghai and Zhejiang, as well as five foreign countries such as France and Brazil.
The campaign will be organized by the CAST, in collaboration with international scientific organizations, local governments and provincial sci-tech associations. It aims to build a fair and inclusive international platform that further promotes openness, trust, and cooperation within the global scientific community.
More than 20 professional academic events, including the 2025 International Conference of Physiological Sciences and the 16th Asia Pacific Physics Conference, will focus on cutting-edge technologies and the demands of strategic emerging industries.
Meanwhile, over 10 multilateral or bilateral sci-tech exchange activities will deepen dialogue among Chinese and international researchers on concepts, methodologies and practices. ■
Photo:
A humanoid robot plays piano at the 2025 China International Fair for Trade in Services (CIFTIS) in Beijing, capital of China, Sept. 11, 2025. (Xinhua/Liu Lingyi)