Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၆၀ ဦးအထိ မြင့်တက်လာ

ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသော လမ်းမအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Cebu provincial disaster management office)

မနီလာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဘူးပြည်နယ်တွင် စက်တင်ဘာ ၃၀ ရက် ညပိုင်းက အင်အား ၆.၉ မဂ္ဂနီကျု အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ သေဆုံးသူအ‌ရေအတွက် ၆၀ ဦးအထိ ရှိနိုင်ကြောင်း ဖိလစ်ပိုင် အရပ်ဘက်ကာကွယ်ရေးရုံး (OCD) က အောက်တိုဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
“ငလျင်ကြောင့် သေဆုံးသွားသူတွေက ၆၀ လောက်ရှိမယ်။ ဒါပေမဲ့ သေဆုံးသူအရေအတွက်ကို တရားဝင်အတည်ပြုဖို့လုပ်ဆောင်နေဆဲပါပဲ” ဟု OCD လက်ထောက်အုပ်ချုပ်ရေးမှူး၊ လက်ထောက်အတွင်းရေးမှူး Bernardo Rafaelito Alejandro က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ ငလျင်ကြောင့် လူ ၂၆ ဦး သေဆုံးပြီး ၁၄၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင် အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီက ကနဦး၌ သတင်းထုတ်ပြန်ခဲ့သည်။
OCD အနေဖြင့် ပျောက်ဆုံးနေသူများအား မည်သူမည်ဝါစိစစ်ခွဲခြားနေဆဲဖြစ်ကြောင်းနှင့် အပျက်အစီးများကြား ပိတ်မိနေသူများရှိကြောင်း သတင်းများကိုလည်း လက်ခံရရှိထားကြောင်း Alejandro က ပြောခဲ့သည်။
စီဘူးပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရုံးက ငလျင်ကြောင့် သေဆုံးသူဦးရေ ၆၀ ကျော်ရှိကြောင်း၊ ၎င်းတို့အနက် ငလျင်ဗဟိုချက်ဖြစ်သော ဘိုဂိုမြို့တွင် သေဆုံးသူ အနည်းဆုံး ၃၀ ဦးရှိကြောင်း ဆန်ရီမီဂျီယိုမြို့တွင် ၂၂ ဦး၊ မီဒယ်လ်လင်မြို့တွင် ၁၀ ဦးနှင့် Tabuelan မြို့တွင် တစ်ဦး ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
စီဘူးပြည်နယ်က ကပ်ဘေးအန္တရာယ်ကျရောက်သောအခြေအနေ ကြေညာခဲ့ပြီး အစိုးရဌာန အထူးသဖြင့် ဒေသန္တရအစိုးရဌာနများအနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပံ့ပိုးပေးရန် အရေးပေါ်ရန်ပုံငွေ (ကပ်ဘေးအန္တရာယ် ရန်ပုံငွေများ) အလျင်အမြန် ရရှိရန်နှင့် ငလျင်ဒဏ်သင့် ပြည်သူများအား ကာကွယ်ရန် မရှိမဖြစ် ကုန်စည်များ၏ ဈေးနှုန်းများကို ထိန်းထားခြင်း စသည့် အစီအမံများကို သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စီဘူးပြည်နယ်တွင် စက်တင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် ည ၉:၅၉ နာရီက အင်အား ၆.၇ မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်ပညာနှင့် ငလျင်ပညာအင်စတီကျုက ကနဦး သတင်းထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါ ငလျင်မှာ အင်အား ၆.၉ မဂ္ဂနီကျုရှိကြောင်းနှင့် ဘိုဂိုမြို့ အ‌ရှေ့မြောက်ဘက် ၁၉ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၅ ကီလိုမီတာအား ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း ထိုအင်စတီကျုကပင် ပြင်ဆင်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဘူးပြည်နယ် အနီးဝန်းကျင်ရှိပြည်နယ်များ၊ နိုင်ငံတောင်ပိုင်းရှိ ဒေသအချို့တွင်လည်း ငလျင်လှုပ်ရှားမှုကို ခံစားခဲ့ရကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ် ငလျင်စက်ဝန်းတစ်လျှောက်တည်ရှိပြီး ငလျင် လှုပ်ရှားမှုများနှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။ (Xinhua)

ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသော လမ်းမအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Cebu provincial disaster management office)

ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ် ဘိုဂိုမြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ဒဏ်ရာရရှိသူများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ် ဘိုဂိုမြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ဒဏ်ရာရရှိသူများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ် ဘိုဂိုမြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ဒဏ်ရာရရှိသူများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Up to 60 feared dead in strong quake in Philippines — authority
MANILA, Oct. 1 (Xinhua) — The death toll in the 6.9-magnitude earthquake that struck Cebu province in the central Philippines on Tuesday night could reach up to 60, the Philippines’ Office of Civil Defense (OCD) said Wednesday.
There have been reports that “as many as 60 individuals perished from this earthquake,” but the number of deaths is still subject to validation, Assistant Secretary Bernardo Rafaelito Alejandro, the deputy administrator for the OCD, said in a press conference.
The National Disaster Risk Reduction and Management Council initially reported that 26 died from the quake and at least 147 people have been injured.
Alejandro said the OCD is still verifying the identities of the missing people, and they have been receiving reports that there are people still trapped in the debris.
The Cebu provincial disaster management office said it has recorded more than 60 deaths from the quake — at least 30 of the fatalities were from the city of Bogo, the epicenter of the earthquake, 22 in San Remigio town, 10 in Medellin, and one in Tabuelan town.
The province of Cebu has declared a state of calamity, enabling the government, particularly local government units, to quickly access emergency funds (calamity funds) to provide relief and rehabilitation, as well as to impose measures such as price freezes on essential goods to protect affected residents.
The Philippine Institute of Volcanology and Seismology initially reported that a 6.7-magnitude earthquake struck Cebu province at 9:59 p.m. local time on Tuesday. The institute later revised the magnitude to 6.9, adding that the quake struck at a depth of 5 km, approximately 19 km northeast of Bogo City.
The tremor was also felt in many neighboring provinces in the central Philippines, as well as some regions in the southern Philippines.
The Philippines sits along the Pacific “Ring of Fire,” a region prone to earthquakes and volcanic activity.
Photo: 1,2. 这是10月1日在菲律宾宿务省拍摄的在地震中损坏的道路。新华社发(宿务省地方政府供图)
Photo: 4,5. 10月1日,伤者在菲律宾宿务省博戈市的医院接受救治。  新华社发