Latin America
ဗင်နီဇွဲလား နိုင်ငံ တွင် လေယာဉ်ငယ် ပျက်ကျ သဖြင့် လူ ၆ ဦး သေဆုံး
ကာရာကပ်စ် ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလား နိုင်ငံ အရှေ့တောင်ပိုင်း Bolívar ပြည်နယ် တွင် စက်တင်ဘာ ၂ ရက် ၌ လေယာဉ်ငယ် တစ်စင်း ပျက်ကျ ခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါခဲ့သူ ၆ ဦး အားလုံး သေဆုံး ခဲ့ကြောင်း ဗင်နီဇွဲလား နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က စက်တင်ဘာ ၃ ရက် ၌ အတည်ပြု ထုတ်ပြန် ခဲ့သည်။
ဗင်နီဇွဲလား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ခရီးသည်များလိုက်ပါသွားသော လေယာဉ်ငယ် သည် စက်တင်ဘာ ၂ ရက် ၌ ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၊ ကယ်ဆယ်ရေး အဖွဲ့အနေဖြင့် Bolívar ပြည်နယ် Angel ရေတံခွန် အနီးတွင် လေယာဉ် အပိုင်းအစ များအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ၊ လေယာဉ် က တောင်တန်း နှင့် တိုက်မိ၍ ပျက်ကျခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၊ လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်မှူး နှင့် လိုက်ပါခဲ့သည့် ခရီးသည် ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဗင်နီဇွဲလား နိုင်ငံ ရှိ Angel ရေတံခွန် သည် ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ရေတံခွန် တစ်ခု ဖြစ်ပြီး ၉၇၉ မီတာ မြင့်မားသည်။ လေယာဉ်ငယ် ဖြင့် အဆိုပါ ရေတံခွန် အား ဝေဟင် မှ ကြည့်ရှုခြင်း သည် ဗင်နီဇွဲလား နိုင်ငံ တွင် ရေပန်းစား သည့် ခရီးသွားလည်ပတ်မှု တစ်ရပ် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)