China
ရှီကျင့်ဖိန်က ဖီဂျီနိုင်ငံ လွတ်လပ်ခြင်း ၅၅ နှစ်ပြည့်အတွက် ဖီဂျီနိုင်ငံ သမ္မတ Ratu Naiqama Lalabalavu ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၀ ရက်တွင် ဖီဂျီနိုင်ငံ လွတ်လပ်ခြင်း ၅၅ နှစ်မြောက်အတွက် ဖီဂျီနိုင်ငံ သမ္မတ Ratu Naiqama Lalabalavu ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
ထိုသို့ပေးပို့ရာတွင် ရှီကျင့်ဖိန်က ဖီဂျီနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အစောဆုံး သံတမန်ဆက်ဆံရေး ထူထောင်သည့် ပစိဖိတ်ကျွန်းစုနိုင်ငံဖြစ်ကြောင်း၊ ရာစုနှစ်ဝက်ကြာကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် အချိန်နှင့်အမျှ ပို၍ကောင်းမွန်လာပြီး ရလဒ်များပြည့်ဝကြောင်း၊ မိမိအနေဖြင့် တရုတ်-ဖီဂျီဆက်ဆံရေး တိုးတက်မှုကို များစွာအလေးထားကြောင်း၊ အဆွေတော် သမ္မတနှင့်အတူ တရုတ်-ဖီဂျီ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ အဆက်မပြတ်တက်ရောက်ရန် တွန်းအားပေး၍ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ကြိုးပမ်းလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
习近平就斐济独立55周年向斐济总统拉拉巴拉武致贺电
新华社北京10月10日电 10月10日,国家主席习近平致电斐济共和国总统拉拉巴拉武,祝贺斐济独立55周年。
习近平指出,斐济是最早同新中国建交的太平洋岛国。半个世纪以来,两国关系历久弥新,成果丰硕。我高度重视中斐关系发展,愿同总统先生一道努力,推动中斐全面战略伙伴关系不断迈上新台阶,更好造福两国人民。(完)