Connect with us

Politics, Law & Military

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲထည့်ရန် မဲဆန္ဒရှင်များ စောင့်ဆိုင်းနေကြ


ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်တွင် မြန်မာနိုင်ငံ နေရာ အနှံ့၌ မဲဆန္ဒရှင် ပြည်သူများသည် နံနက် ၆ နာရီ မတိုင် မီကပင် မဲရုံများ၌ မဲပေးရန် မဲဆန္ဒရှင်များ စောင့်ဆိုင်းလျက် ရှိကြောင်း တွေ့ရသည်။
စမ်းချောင်းမြို့နယ် ၊ ကျွန်းတော ရပ်ကွက်တွင် မဲပေးမည့် ဒေါ်ဂျူးက “ မဲရုံဖွင့်တာနဲ့ မဲပေးနိုင်ဖို့ ကြိုစောင့် နေတာ။ အရမ်း စိတ်လှုပ်ရှားနေပါတယ်။ ဒီရွေးကောက်ပွဲကိုတော့ အရမ်းပဲ မျှော်လင့်ထားပါတယ်’’ ဟုပြောသည်။

ယနေ့ ကျင်းပမည့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးသည် သမိုင်းတွင်မည့် ရွေးကောက်ပွဲကြီး တစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း ၎င်း၏ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေကြသော မဲဆန္ဒရှင်များ အား နိုဝင်ဘာလ ၈ ရက်နေ့ နံနက်က တွေ့ရစဉ် (ဆင်ဟွာ)

ပန်းပဲတန်းမြို့နယ်၊ ရပ်ကွက် ၁၀ တွင် မဲပေးရမည့် ကိုပေါက်စက “ အရမ်းစိတ်လှုပ်ရှားနေတယ်။ ဒီရွေးကောက်ပွဲက ကျွန်တော်တို့ ပြည်သူတွေ အတွက် အရမ်းအရေးကြီးတယ်။ ရွေးကောက်ပွဲ ရောက်ဖို့ ၃ ရက်လောက် အလို ကတည်းက စိတ်လှုပ်ရှားလွန်းလို့ အိပ်တောင်မပျော်ဘူး’’ ဟုပြောသည်။

ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၄၆,၀၀၀ ကျော်ရှိပြီး၊ မဲပေးခွင့်ရှိသူ ၃၃ သန်း ခန့်ရှိကာ၊ ပါတီပေါင်း ၉၁ ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် အရွေးခံကြမည်ဖြစ်သည်။

ယနေ့ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းပေါင်း ၆,၀၃၈ ဦးမှ ဝင်ရောက် အရွေးခံကြပြီး မြန်မာနိုင်ငံတွင် မြို့နယ်ပါင်း ၃၃၀ ၌ မဲဆန္ဒနယ်ပေါင်း ၁,၁၇၁ ခုရှိကာ ထိုထဲမှ မြို့နယ် ၇ ခု တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117