Connect with us

Europe

စည်းကြပ်ခွန်မူဝါဒများကြောင့် ဂျာမနီ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်အနေအထားကို အမေရိကန် ဆုံးရှုံးခဲ့

ဂျာမနီနိုင်ငံ HUSUM WIND 2025 နိုင်ငံတကာ လေစွမ်းအင်ပြပွဲ ကျင်းပရာနေရာကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်သည် ဂျာမနီ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်အနေအထားကို ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ပထမ ၈ လတွင် တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက် ဖြစ်လာကြောင်း ဂျာမန်ဖက်ဒရယ်စာရင်းအင်းရုံး၏ မကြာသေးမီရက်က ထုတ်ပြန်သော ကနဦးအချက်အလက်များတွင် ဖော်ပြထားသည်။

ယခုနှစ် ပထမ ၈ လတွင် ဂျာမနီမှ အမေရိကန်ထံ တင်ပို့သော ပမာဏမှာ ယူရို ၁၀၁ ဘီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၆.၅ ရာခိုင်နှုန်း ကျဆင်းလာခဲ့ကြောင်း၊ ယင်းအနက် ဩဂုတ်လ တင်ပို့မှုမှာ ယူရို ၁၀.၉ ဘီလီယံသာ ရှိ၍ ယမန်လထက် ၂.၅ ရာခိုင်နှုန်းကျဆင်းသွားပြီး ယမန်နှစ် ကာလတူထက် ကျဆင်းမှုမှာ ၂၀.၁ ရာခိုင်နှုန်းအထိရှိလာရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစ၍ အနိမ့်ဆုံးအဆင့် စံချိန်တင်ခဲ့ကြောင်း၊ ယခုနှစ် ပထမ ၈ လတွင် ဂျာမနီ၏ အမေရိကန်မှ တင်သွင်းမှု ပမာဏမှ ၆၃.၄ ဘီလီယံရှိကြောင်း အချက်အလက်တွင် ဖော်ပြထားသည်။

ဂျာမန်လက်ကားနှင့်နိုင်ငံခြားကုန်သွယ်မှုအသင်းဥက္ကဋ္ဌ Dirk Jandula က အမေရိကန် စည်းကြပ်ခွန်မူဝါဒသည် ဂျာမနီ၏ အမေရိကန်ထံ တင်ပို့မှု ကျဆင်းစေသော အရေးပါသည့် အကြောင်းရင်းဖြစ်ရာ ဂျာမနီ မော်တော်ကား၊ စက်ပစ္စည်းနှင့် ဓာတုထုတ်ကုန် စသည့် အစဉ်အလာပို့ကုန်အပေါ် အမေရိကန်ဈေးကွက်၏ဝယ်လိုအားမှာလည်း လျော့နည်းလာခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ပထမ ၈ လတွင် ဂျာမနီမှ တရုတ်နိုင်ငံထံ တင်ပို့မှု ပမာဏမှာ ယူရို ၅၅ ဘီလီယံရှိပြီး တရုတ်နိုင်ငံမှ တင်သွင်းမှု ပမာဏမှာ ၉ ရာခိုင်နှုန်း တိုးတက်လာကာ ယူရို ၁၁၁.၃ ဘီလီယံအထိ ရှိလာရာ တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ အကြီးဆုံးပို့ကုန်အရင်းအမြစ်နိုင်ငံအဖြစ် ဆက်လက်၍ တည်ငြိမ်စွာ ရပ်တည်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………
(Chinese Version)
关税政策致美失去德最大贸易伙伴地位
新华社柏林10月22日电(记者李函林)德国联邦统计局日前发布的初步数据显示,美国失去德国最大贸易伙伴地位。2025年前8个月,中国成为德国最大贸易伙伴。
数据显示,今年前8个月,德国对美出口额为1010亿欧元,同比下降6.5%。其中,8月份出口仅为109亿欧元,环比下降2.5%,同比降幅达20.1%,创下自2021年11月以来最低水平。今年前8个月,德国自美国进口额为634亿欧元。
德国批发和外贸协会主席迪尔克·扬杜拉表示,美国关税政策是导致德国对美出口下降的重要原因,美国市场对德国汽车、机械和化工产品等传统出口商品的需求有所减少。
2025年前8个月,德国对华出口额为550亿欧元,自中国进口额增长9%,达到1113亿欧元,中国继续稳居德国最大进口来源国。(完)
图说:这是2025 年9月16日拍摄的2025年德国胡苏姆国际风能展现场。新华社记者 杜哲宇 摄