China
တရုတ်-အမေရိကန်အနေဖြင့် အရေးကြီးသည့် ကုန်သွယ်စီးပွားကဏ္ဍဆိုင်ရာ ကိစ္စရပ်အများအပြားကို တည်ငြိမ်သင့်လျော်စွာ ဖြေရှင်းရန် ကနဦးသဘောတူညီချက်များ ရရှိဟု လီချိန်ကန်းက ဆို
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် နှစ်ဖက် ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဒေသစံတော်ချိန် အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နိုင်ငံတကာကုန်သွယ်ရေးဆွေးနွေးပွဲ ကိုယ်စားလှယ်နှင့် ဒုတိယဝန်ကြီး လီချိန်ကန်းက နှစ်ဖက်အနေဖြင့် အပြန်အလှန် ဂရုပြုကြသည့် အရေးကြီးသော ကုန်သွယ်စီးပွားကဏ္ဍဆိုင်ရာ ကိစ္စရပ်အများအပြားကို သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းရန် ကနဦးသဘောတူညီချက်များ ရရှိကြောင်း၊ နောက်ခြေလှမ်းတစ်ရပ်အနေဖြင့် ကိုယ်စီ နိုင်ငံအတွင်းခွင့်ပြုချက်လုပ်ထုံးလုပ်နည်းများကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးပွဲအပြီးတွင် တရုတ်ပြည်တွင်းပြည်ပမီဒီယာများအား ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့ တစ်လဝန်းကျင်အချိန်အတွင်းမှာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေးဟာ လှုပ်ခတ်မှုနဲ့ ဂယက်ရိုက်မှုအချို့ရှိခဲ့ရာ ကမ္ဘာတစ်ဝန်းလုံးက အထူးဂရုပြုခဲ့ကြတယ်” ဟု လီချိန်ကန်းက ပြောကြားခဲ့သည်။ ယခုနှစ် မေလ တရုတ်-အမေရိကန် ဂျီနီဗာ ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲပြီးနောက် တရုတ်ဘက်က တရုတ်-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်များ ဖုန်းဖြင့် အကြိမ်များစွာ ဆက်သွယ်ပြောကြား၍ ရရှိခဲ့သော သဘောတူညီချက်များကို တင်းတင်းကျပ်ကျပ် လေးစားလိုက်နာခဲ့သလို ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးပွဲတွင် ရရှိထားသော သဘောတူညီချက်အစီအစဉ်များကို သစ္စာရှိရှိ၊ အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ခဲ့ပြီး ခဲယဉ်းစွာ ရရှိထားသော အထိုက်အလျောက် တည်ငြိမ်မှုရှိသော တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ဂရုတစိုက်ထိန်းသိမ်းခဲ့ကြောင်း၊ “ဒီလိုမျိုးလှုပ်ခတ်မှုများနှင့် ဂယက်ရိုက်မှုများ ဖြစ်ပေါ်လာတာကို တရုတ်ဘက်မှ မမြင်တွေ့လိုပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးရေးအဖွဲ့သည် အမေရိကန်က တရုတ်နိုင်ငံ ပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ရေးနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများအပေါ် လုပ်ဆောင်သော ၃၀၁ အစီအမံ၊ အလားတူအခွန်စည်းကြပ် မှုယာယီရပ်ဆိုင်းကာလအား နောက်တစ်ဆင့် သက်တမ်းတိုးရေး၊ ဖန်တာနိုင်းလ်စည်းကြပ်ခွန်နှင့် မူးယစ်ဆေးဝါးတားမြစ်တိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေး တစ်ဆင့်တိုးချဲ့ရေး၊ ပို့ကုန်စီမံထိန်းချုပ်မှု စသည့် အကြောင်းအရာများကို နက်ရှိုင်းပွင့်လင်းသော ဆွေးနွေးမှုနှင့် ဖလှယ်မှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်ဂရုပြုမှုများကို သင့်လျော်ကောင်းမွန်စွာ စီမံရေး နည်းလမ်းများအချို့ကို အပြုသဘောဆောင်စွာ အဖြေရှာဆွေးနွေးခဲ့ရာ ကနဦးသဘောတူညီချက်များ ရရှိခဲ့ကြောင်း လီချိန်ကန်းက မိတ်ဆက်ပြောကြားခဲ့သည်။
“အမေရိကန်ဘက်ရဲ့ ရပ်တည်ချက် ဖော်ပြမှုက တင်းမာတယ်၊ တရုတ်ဘက်ရဲ့ အကျိုးစီးပွားကာကွယ်ထိန်းသိမ်းမှုက ခိုင်မာတယ်” ဟု လီချိန်ကန်းက ပြောကြားခဲ့သည်။
ယခုအကြိမ် ညှိနှိုင်းဆွေးနွေးမှုတွင် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးရေးအဖွဲ့သည် အစဉ်သဖြင့် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှဆွေးနွေးမှု ပြုလုပ်ခဲ့ကြကြောင်း၊ အနာဂတ်တွင် နှစ်ဖက်အနေဖြင့် ညှိနှိုင်းဆွေးနွေး ဖလှယ်မှုများ တစ်ဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေး ပို၍တည်ငြိမ်သော၊ ကောင်းမွန်သော တိုးတက်မှုအတွက် တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လီချိန်ကန်းက အိမ်ရှင်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံအစိုးရ၏ လှိုက်လှဲသော ကြိုဆိုဧည့်ခံမှုနှင့် ပြည့်စုံသော စီစဉ်ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
李成钢:中美就稳妥解决多项重要经贸议题形成初步共识
新华社吉隆坡10月26日电(记者谢希瑶 王嘉伟)当地时间10月25日至26日,中美双方在吉隆坡举行经贸磋商。中国商务部国际贸易谈判代表兼副部长李成钢在磋商结束后对中外媒体记者表示,双方就妥善解决彼此关注的多项重要经贸议题形成初步共识,下一步将履行各自国内批准程序。
“过去一个月左右的时间,中美经贸关系出现了一些震荡和波动,全球都非常关注。”李成钢说,自今年5月中美日内瓦经贸会谈以来,中方严格遵循中美两国元首多次通话共识,诚信、认真落实经贸磋商达成的共识安排,悉心呵护来之不易、相对稳定的中美经贸合作关系。“出现这些震荡和波动不是中方愿意看到的。”
李成钢介绍,过去两天,中美经贸团队就美对华海事物流和造船业301措施、进一步延长对等关税暂停期、芬太尼关税和禁毒合作、进一步扩大贸易、出口管制等议题进行了深入、坦诚讨论和交流,建设性地探讨了一些妥善处理双方关注的方案,形成了初步共识。
“美方表达立场是强硬的,中方维护利益是坚定的。”李成钢说,此次磋商中,中美经贸团队始终相互尊重、平等对话。未来,双方将进一步加强沟通交流,为中美经贸关系更稳定、更健康的发展作出积极努力。
李成钢还对东道主马来西亚政府的热情接待和周到安排表示感谢。(完)
1. 当地时间10月25日至26日,中美两国经贸团队在马来西亚吉隆坡举行中美经贸磋商。这是10月25日磋商前,中共中央政治局委员、国务院副总理何立峰与美国财政部长贝森特合影。 新华社记者 白雪骐 摄
