Connect with us

Local

ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများနှင့် ပတ်သက်သော အစီရင်ခံစာ နိုင်ငံတော် သမ္မတထံ တင်ပြမည်

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကယားပြည်နယ်အတွင်း လာရောက်ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီ အရေအတွက်၊ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများ၊ ကုမ္ပဏီ တစ်ခုချင်းအလိုက် ရင်းနှီးမြှုပ်နှံငွေများ၊ ပြန်လည်ရရှိလာမည့် အကျိုးကျေးဇူးများ၊ လစဉ်တိုးတက်မှု အခြေအနေများကို ခြုံငုံသုံးသပ်၍ လစဉ်အစီရင်ခံစာတွင် ထည့်သွင်း၍ နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ပြောကြားသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ်(၇/၂၀၁၈)ကို ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည့် အခြေအနေများ ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်၊ ခယောင်းလမ်းတွင် တည်ဆောက်ထားသော ကယန်းစတားဟိုတယ်အတွက် အတည်ပြုမိန့် လက်မှတ်ရေးထိုးနိုင်ရေး၊ Ardent Alliance Co.,Ltd မှ ဘောလခဲ မြို့နယ် ပွန်ချောင်းအတွင်း ကနူး၊ ကယက် လှေစီးခရီးစဉ်၊ သဘာဝအခြေပြုခရီးသွားလုပ်ငန်း နှင့် အပန်းဖြေ စခန်းစီမံကိန်းအကောင်အထည်ဖော်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ကယားပြည်နယ် အထိမ်းအမှတ် ဥယျာဉ်ကိစ္စ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ထုတ်ပြန်ခဲ့သော တိုင်းဒေသကြီး နှင့်ပြည်နယ် အတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများအား ပြင်ဆင်ဖြည့်စွက် ထုတ်ပြန် ခြင်းများအား ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ တင်ပြချက်များနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကယန်းစတားဟိုတယ် ဆောင်ရွက်ခွင့်ပြုရေး အတည်ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ Ardent Alliance Co.,Ltd မှ ဘောလခဲမြို့နယ် ပွန်ချောင်းအတွင်း ကနူး၊ ကယက် လှေစီးခရီးစဉ်၊ သဘာဝ အခြေပြု ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေစခန်းစီမံကိန်း အကောင်အထည် ဖော်ရေးအတွက် လမ်းနှင့်တံတား ဆောင်ရွက်ပေးရန် လိုအပ်ချက်၊ သစ်တောမြေအတွင်း ခရီးသွားလာမှု ခွင့်ပြုချက်ရရှိရေး ကိစ္စရပ်များအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးမှု အခြေအနေများကို မြေပုံများ၊ ဓာတ်ပုံ မှတ်တမ်းများနှင့်တကွ တင်ပြပေးရန်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့တင်ပြ၍ ခွင့်ပြုချက် ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကယားပြည်နယ် အထိမ်းအမှတ်ဥယျာဉ်အတွက် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်ရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117