Connect with us

Politics, Law & Military

နမ့်စန် မြို့တွင် ခဲယမ်းများ ဖမ်းဆီးရမိ

လက်နက် ခဲယမ်းများ သယ်ဆောင်လာသူ ဟိုဆဲနာမူး (ခ) ဖိုးစတာအား ဖမ်းဆီး ရမိသော ပစ္စည်းများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ ရဲတပ်ဖွဲ့)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နမ့်စန်မြို့တွင် ပွိုင့်-၂၂ ကျည် ၃ဝဝ တောင့် နှင့် WINCHESTER စာတန်းပါ စက္ကူဗူးဖြင့် ထည့်လျက် ပွိုင့်-၂၂ ကျည် ၁၄၂ တောင့်၊ စုစုပေါင်းပွိုင့် -၂၂ ကျည် ၄၄၂ တောင့်ကို သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလ ၁ဝ ရက်က မူးယစ်တပ်ဖွဲ့စု (၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် လွိုင်လင်-နမ့်စန် သွားကားလမ်း၊ ပန်ခေါက်ဝိုး ကျေးရွာ ဘုန်းကြီးကျောင်းရှေ့ လမ်းမပေါ်တွင် နမ့်စန်မြို့မှ လွိုင်လင်မြို့သို့ ဟိုဆဲနာမူး (ခ) ဖိုးစတာ မောင်းနှင်လာသည့် ယာဉ်အမှတ် 3C/1557၊ FORD အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်နောက်ခန်းရှိ ပလတ်စတစ်ပုံး အတွင်းမှ MINI-MAG 22 LR စာတန်းပါ ကော်ဗူးဖြင့် ထည့်လျက် ပွိုင့်-၂၂ ကျည် ၃ဝဝ တောင့် နှင့် WINCHESTER စာတန်းပါ စက္ကူဗူးဖြင့် ထည့်လျက် ပွိုင့်-၂၂ ကျည် ၁၄၂ တောင့်၊ စုစုပေါင်းပွိုင့် -၂၂ ကျည် ၄၄၂ တောင့်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်နက် ခဲယမ်းများကို သယ်ဆောင်လာသည့် ဆဲနာမူး (ခ) ဖိုးစတာ (၂၅) နှစ် အား လက်နက် ဥပဒေပုဒ်မ ၁၉ (စ) အရ အရေးယူထားကြောင်း သတင်းရရှိသည်။ (Xinhua)