China
တရုတ်နိုင်ငံ၏ စတော့ရှယ်ယာများ နိုဝင်ဘာ ၁၀ ရက်တွင် အတက်နှုန်းဖြင့် ဈေးကွက်ပိတ်သိမ်း
ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စတော့ရှယ်ယာများသည် နိုဝင်ဘာ ၁၀ ရက်တွင် မြင့်တက်ခဲ့ပြီး စံသတ်မှတ်ထားသော Shanghai Composite အညွှန်းကိန်းမှာ ၀.၅၃ ရာခိုင်နှုန်း မြင့်တက်ကာ ၄,၀၁၈.၆ မှတ်ဖြင့် ပိတ်သိမ်းခဲ့သည်။
Shenzhen Component အညွှန်းကိန်းက ၀.၁၈ ရာခိုင်နှုန်း မြင့်တက်ကာ ၁၃,၄၂၇.၆၁ မှတ်ဖြင့် ပိတ်သိမ်းခဲ့သည်။
ဤအညွှန်းကိန်းနှစ်ခု၏ ပေါင်းစပ်လည်ပတ်ငွေမှာ ယခင်ကုန်သွယ်မှုနေ့တွင် ယွမ် ၂ ထရီလီယံနီးပါး ရှိခဲ့ရာမှ မြင့်တက်လာကာ ယွမ် ၂.၁၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၀၆.၂၅ ဘီလီယံခန့်) ဖြင့် ရပ်တည်ခဲ့သည်။
အဆိုပါမြင့်တက်မှုများတွင် ခရီးသွားလုပ်ငန်း၊ ကြွေထည်၊ အရက်နှင့် ဆက်စပ်သော စတော့ရှယ်ယာများက ဦးဆောင်ခဲ့ပြီး အိမ်သုံးပစ္စည်းများ၊ သင်္ဘောတည်ဆောက်ရေးနှင့် ဆက်စပ်သော စတော့ရှယ်ယာများမှာမူ ကြီးကြီးမားမား အရှုံးပေါ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ Nasdaq ပုံစံ စတော့အိတ်ချိန်းဖြစ်သော Board of Growth Enterprises ကို ခြေရာခံသည့် ChiNext အညွှန်းကိန်းက နိုဝင်ဘာ ၁၀ ရက်တွင် ၀.၉၂ ရာခိုင်နှုန်း ကျဆင်းကာ ၃,၁၇၈.၈၃ မှတ်ဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Chinese shares close higher Monday
BEIJING, Nov. 10 (Xinhua) — Chinese stocks closed higher on Monday, with the benchmark Shanghai Composite Index up 0.53 percent to 4,018.6 points.
The Shenzhen Component Index closed 0.18 percent higher at 13,427.61 points.
The combined turnover of these two indices stood at 2.17 trillion yuan (about 306.25 billion U.S. dollars), up from nearly 2 trillion yuan on the previous trading day.
Shares related to tourism, ceramics and liquor led the gains, while those related to home appliances and shipbuilding suffered major losses.
The ChiNext Index, tracking China’s Nasdaq-style board of growth enterprises, lost 0.92 percent to close at 3,178.83 points Monday. ■
English Caption
This file photo shows the Shenzhen Stock Exchange in Shenzhen, south China’s Guangdong Province. (Xinhua/Liang Xu)
