Connect with us

Politics, Law & Military

တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံက အကြမ်းဖက်ဝါဒ တိုက်ဖျက်ခြင်းကို အစဉ်အမြဲ ခိုင်မြဲစွာ ထောက်ခံအားပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒ ပုံစံမှန်သမျှကို ပြတ်သားစွာဆန့်ကျင်ပြီး ပါကစ္စတန်က အကြမ်းဖက်ဝါဒအား တိုက်ဖျက်ခြင်း၊ လူမှုအသိုက်အဝန်း တည်ငြိမ်မှု ထိန်းသိမ်းခြင်း၊ ပြည်သူများလုံခြုံရေး ကာကွယ်ခြင်းတို့ကို အစဉ်အမြဲ ခိုင်မာစွာ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက နိုဝင်ဘာ ၁၂ ရက် တွင် ပြောကြားခဲ့သည်။သတင်းဖော်ပြချက်များအရ နိုဝင်ဘာ ၁၁ ရက်တွင် ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ် တရားရုံးတစ်ခုအနီးတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၂ ဦးထက်မနည်းသေဆုံး၍ လူများစွာ ဒဏ်ရာရရှိသည်ဟု သိရကြောင်း၊ Tehreek-e-Taliban Pakistan (TTP) အဖွဲ့က ထိုဖြစ်ရပ်အတွက် တာဝန်ယူသည်ဟု ဆိုခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ်မည်ကဲ့သို့ မှတ်ချက်ပြုလိုသနည်းနှင့် တရုတ်ပြည်သူများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က မေးမြန်းခဲ့သည်။

ကောကျားခွန်းက တရုတ်နိုင်ငံအနေဖြင့် ယခုအကြိမ်တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ ဖြစ်ရပ်အတွင်း ထိခိုက်သေဆုံးသူများအတွက် နက်ရှိုင်းစွာဝမ်းနည်းကြောင်း၊ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးမိသားစုဝင်များအပေါ် စိတ်ရင်းအမှန်ဖြင့် နှစ်သိမ့်အားပေးကြောင်း၊ “လက်ရှိသိရှိမှုများအရ တရုတ်ပြည်သူထိခိုက်သေဆုံးမှု မရှိပါ” ဟု ပြောကြားခဲ့သည်။ (Xinhua)

——————————————-
(Chinese Version)
外交部:将一如既往坚定支持巴基斯坦打击恐怖主义
新华社北京11月12日电(记者董雪、刘杨)外交部发言人郭嘉昆12日表示,中方坚决反对一切形式的恐怖主义,将一如既往坚定支持巴基斯坦打击恐怖主义,维护社会稳定,保护民众安全。
当日例行记者会上,有记者问:据报道,11月11日,巴基斯坦首都伊斯兰堡一法院附近发生自杀式炸弹袭击事件,造成至少12人死亡、多人受伤。“巴基斯坦塔利班”宣称对事件负责。中方对此有何评论?是否有中方人员伤亡?
郭嘉昆表示,中方对此次袭击事件予以强烈谴责,对遇难者表示深切哀悼,向伤者和遇难者家属致以诚挚慰问。“据了解,目前没有中方人员伤亡。”(完)