Connect with us

Africa & Middle East

တရုတ်နိုင်ငံက အီကွေတာဂီနီနိုင်ငံ၌ ကူညီပေးသည့် ဆေးကုသရေးအဖွဲ့က အခမဲ့ဆေးကုသပေးမှုလုပ်ဆောင်

အီကွေတာဂီနီနိုင်ငံ မြို့တော် မာလာဘိုရှိ စာသင်ကျောင်းတစ်ကျောင်းတွင် တရုတ်ဆေးကုသရေးအဖွဲ့ သားဖွားမီးယပ်ဆရာဝန်က လူနာအတွက် ကုသပေးနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - 34th Chinese Medical Team in Equatorial Guinea)

နိုင်ရိုဘီ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
၃၄ သုတ်မြောက် အီကွေတာဂီနီနိုင်ငံ၌ ကူညီပေးသည့် တရုတ်နိုင်ငံဆေးကုသရေးအဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်တွင် အီကွေတာဂီနီနိုင်ငံ မြို့တော်မာလာဘိုရှိ စာသင်ကျောင်းတစ်ကျောင်းတွင် အခမဲ့ဆေးကုသမှု လုပ်ဆောင်ပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀ ကျော်အတွက် ဆေးကုသပေးကာ ဆေးဝါးများ ပေးဝေခဲ့သည်။
ဆေးကုသရေးအဖွဲ့ ထန်စွန့်မိုက အထွေထွေရောဂါကုဌာန၊ ခွဲစိတ်ကုသမှုဌာန၊ အရိုးရောဂါဌာန၊ သားဖွားနှင့်မီးယပ်ဌာန၊ ကလေးအထူးကုဌာန၊ မျက်စိအထူးကုဌာန၊ စစ်ဆေးရေးဌာန စသည့် ဌာနများမှ ဆေးကုသရေးအဖွဲ့ အဖွဲ့ဝင်များသည် အခမဲ့ဆေးကုသမှု၌ ပါဝင်၍ ကျောင်းသား၊ ကျောင်းသူများအတွက် သိပ္ပံနည်းကျ စားသောက်မှုနှင့် အားကစားလှုပ်ရှားမှု အကြံပြုချက်များပေးခဲ့သည့်အပြင် ၎င်းတို့က အစားအသောက် သန့်ရှင်းမှု၊ အမြင်အာရုံထိန်းသိမ်းမှု၊ မှန်ကန်သောထိုင်ပုံထိုင်နည်းဖြင့်ထိုင်မှု စသည်တို့အား မည်ကဲ့သို့သတိပြုရန် လမ်းညွှန်ပေးခဲ့သည်။
အီကွေတာဂီနီုနိုင်ငံ ပညာရေးဝန်ကြီးဌာန ကိုယ်စားလှယ် အန်ဂျယ် ဒနီရှိုက အီကွေတာဂီနီနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံသည် ချစ်ကြည်ရေးနက်ရှိုင်းလှကြောင်း၊ ယခုအကြိမ် စာသင်ကျောင်း၌ အခမဲ့ဆေးကုသမှု လှုပ်ရှားမှုလုပ်ဆောင်ခြင်းသည် အရေးကြီးအနက်အဓိပ္ပာယ်ရှိကြောင်း၊ ကလေးများသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်ကြောင်း၊ ၎င်းတို့ကျန်းမာစွာကြီးပြင်းလာမှုသည် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်းနေကြောင်း ပြောကြားခဲ့သည်။
ထန်စွန့်မိုက ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၅၅ နှစ်ပြည့်နှစ်နှင့် တိုက်ဆိုင်လျက်ရှိရာ ယခုအကြိမ် အခမဲ့ဆေးကုသပေးမှုသည် ဒေသတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် လက်တွေ့ကျသော ဆေးကုသဂရုပြုမှု ပံ့ပိုးပေးလိုက်ပြီး နှစ်နိုင်ငံက ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေကာ နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရေးကို တိုးမြှင့်လိုက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၁၉၇၁ ခုနှစ်ကတည်းက တရုတ်နိုင်ငံသည် အီကွေတာဂီနီနိုင်ငံထံသို့ ဆေးကုသရေးအဖွဲ့ ၃၄ သုတ်၊ လူအကြိမ်ရေ ၆၀၀ ကျော် စေလွှတ်ပေးခဲ့ပြီးဖြစ်ကာ စုစုပေါင်းလူနာအကြိမ်ရေ တစ်သန်းကျော်အား ကုသပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
中国援赤道几内亚医疗队开展义诊
新华社内罗毕11月26日电(记者王越)马拉博消息:第34批援赤道几内亚中国医疗队25日在赤几首都马拉博一所学校开展义诊活动,为200多名师生进行诊疗并发放药品。
据医疗队队长谭顺谋介绍,来自内科、外科、骨科、妇产科、儿科、眼科、检验科等科室的医疗队队员参与义诊,为学生们提出科学的饮食和运动建议,指导他们如何注意饮食卫生、保护视力、保持正确坐姿等。
赤几教育部代表安赫尔·迪奥尼西奥说,赤几和中国两国友谊深厚,此次在学校开展义诊活动有重要意义。孩子是国家的未来,他们的健康成长关系到国家的长远发展。
谭顺谋表示,今年恰逢两国建交55周年,此次义诊活动为当地学生提供切实医疗关怀,进一步深化两国在教育和医疗领域的合作,增进两国人民友谊。
据了解,1971年以来,中国已向赤几派遣医疗队34批、600多人次,累计诊治患者超百万人次。(完)
图说:11月25日,在赤道几内亚首都马拉博一所学校,中国医疗队妇产科医生为患者诊疗。新华社发(第34批援赤道几内亚中国医疗队供图)