Connect with us

မြန်မာ-ENG

ကာဂျစ္စတန်နှင့်ရုရှားနိုင်ငံ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မီးမောင်းထိုးပြသ

ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကတ်ရှ်မြို့၌ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်(ဘယ်)နှင့်ကာဂျစ်စတန်သမ္မတ Sadyr Japarov တို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဥ် (ဓာတ်ပုံ-Office of the President of the Kyrgyz Republic/Handout via Xinhua)
ဘစ်ရှ်ကတ်ရှ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ကာဂျစ္စတန်သမ္မတ Sadyr Japarov နှင့် ရုရှားသမ္မတ ဗလာတီမာပူတင်တို့ နိုဝင်ဘာ ၂၆ ရက်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် နှစ်နိုင်ငံခေါင်းဆောင်များက ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုများကို မီးမောင်းထိုးပြသည့် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
Japarov က ရုရှားနိုင်ငံသည် ကာဂျစ္စတန်နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်ကြောင်း နိုင်ငံ၏ကုန်သွယ်မှု စုစုပေါင်း၏ ၂၂ ရာခိုင်နှုန်း ရှိကြောင်း ပြောကြားခဲ့သည်။ လာမည့်နှစ်များတွင် နှစ်နိုင်ငံ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ သို့ရောက်ရှိရေး ဘုံရည်မှန်းချက် တည်ငြိမ်စွာတိုးတက်လျက်ရှိကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။
ယခုနှစ် ပထမ ခြောက်လအတွင်း ရုရှားနိုင်ငံ၏တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဒေါ်လာ ၁၁၀ သန်း ရှိခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ နိုဝင်ဘာအထိ ကာဂျစ္စတန်နိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသည့် ရုရှားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်သည့် ကုမ္ပဏီပေါင်း ၁,၈၀၀ ကျော်ရှိပြီး နိုင်ငံတွင် မှတ်ပုံတင်ထားသည့် နိုင်ငံခြားကုမ္ပဏီအားလုံး၏ သုံးပုံတစ်ပုံ ဖြစ်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၌ နှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ ၄ ဘီလီယံ ကျော်လွန်ကာ စံချိန်သစ်တင်ခဲ့ကြောင်း သမ္မတပူတင်ကို ကိုးကား၍ ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။ယခုနှစ်တွင် ကုန်သွယ်မှု ၁၇ ရာခိုင်နှုန်းဝန်းကျင် ဆက်လက်ကြီးထွားနေပြီး ကုန်သွယ်ရေးဆိုင်ရာ‌ ငွေပေးငွေယူလုပ်ဆောင်မှု ၉၇ ရာခိုင်နှုန်းကို ရူဘယ်အကောင့် များဖြင့် လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
သမ္မတနှစ်ဦးသည် မဟာမိတ်နှင့်မဟာဗျူဟာမိတ်ဖက်ဆောင်ရွက်မှု အားကောင်းခိုင်မာအောင်လုပ်ဆောင်ရန် ပူးတွဲကြေညာချက်တစ်စောင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ရန် အခြားသော နှစ်နိုင်ငံ သဘောတူစာချုပ်များကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Kyrgyzstan, Russia highlight cooperation in trade, investment
BISHKEK, Nov. 26 (Xinhua) — Kyrgyz President Sadyr Japarov and Russian President Vladimir Putin held talks here on Wednesday, after which both leaders issued statements highlighting cooperation in trade and investment.
Japarov said Russia is one of Kyrgyzstan’s main trading partners, accounting for 22 percent of its total trade. He noted steady progress toward the shared goal of reaching 5 billion U.S. dollars in bilateral trade in the coming years.
In the first six months of this year, he added, Russian direct investment reached 110 million dollars. As of November, more than 1,800 Russian-funded companies operate in Kyrgyzstan, making up one-third of all foreign firms registered in the country.
Citing Putin, the Kremlin said bilateral trade exceeded 4 billion dollars in 2024, setting a new record. This year, trade has continued to grow at around 17 percent, and the ruble accounts for 97 percent of commercial transactions.
The two presidents also signed a joint statement on strengthening their alliance and strategic partnership. Other bilateral documents were also signed to expand cooperation.
Photo : Russian President Vladimir Putin (L) and Kyrgyz President Sadyr Japarov attend a joint press conference in Bishkek, Kyrgyzstan, Nov. 26, 2025. (Office of the President of the Kyrgyz Republic/Handout via Xinhua)