Connect with us

Environment, Disasters & Accidents

ကန်းစုပြည်နယ် ယွီကျုံးခရိုင် ကပ်ဘေးသင့်ပြည်သူများ နေအိမ်အသစ်သို့ ရွှေ့ပြောင်းလာ

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် မာဖော်ကျေးရွာစု ကျို့ကျွမ်းကိုးကျေးရွာ ပြန်လည်နေရာချရေးနေရာ၌ နေအိမ်အသစ်သို့ ရွှေ့ပြောင်းလာသော ဝမ်လျင်ဖိန် ပြတင်းပေါက်မှန်သုတ်နေသည်ကို ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ကျိုး၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင်တွင် ရေကြီးရေလျှံမှုသဘာဝဘေးအပြီး ပြန်လည်တည်ဆောက်ရေး၊ စုစည်းပြန်လည်နေရာချထားရေးနေရာ၌ တွဲဖက်အဆောက်အအုံ တပ်ဆင်ခြင်းနှင့် အခန်းအတွင်း၊ အခန်းအပြင် ပြင်ဆင်ခြင်းလုပ်ငန်းများ ယခုအချိန်တွင် အခြေခံအားဖြင့် ပြီးစီးခဲ့ပြီဖြစ်ကာ အိမ်ထောင်စုအလိုက် စစ်ဆေးလက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဘေးသင့်ပြည်သူများသည် နေအိမ်အသစ်များသို့ ပြောင်းရွှေ့နေထိုင်၍ လူနေမှုဘဝသစ်ကို စတင်လျက်ရှိသည်။

 

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် မာဖော်ကျေးရွာစု မာလျန်ထန်းကျေးရွာ ပြန်လည်နေရာချရေးနေရာ၌ ရွာခံအိမ်တစ်အိမ်က အိမ်သစ်တက်မင်္ဂလာကျင်းပနေသည်ကို ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယခုနှစ် ဩဂုတ်လဆန်းပိုင်းက ယွီကျုံးခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုဆက်တိုက်ဖြစ်ပေါ်ခဲ့သောကြောင့် ရေကြီးမှု သဘာဝဘေး ဖြစ်ပွားခဲ့ရာ အချို့သော အိမ်ခြေ၊ လမ်းများစသည့် အခြေခံအဆောက်အအုံများ ပြင်းထန်စွာ ပျက်စီးခဲ့သည်။ သဘာဝဘေးအလွန် ပြန်လည်တည်ဆောက်ရေး အစီအစဉ်အရ ယင်းဒေသတွင် သဘာဝဘေးအလွန် ပြန်လည်တည်ဆောက်ရေး၊ စုစည်းပြန်လည်နေရာချထားရေးနေရာ ၆ ခုကို အရှိန်မြှင့်တည်ဆောက်ခဲ့ပြီး ကပ်ဘေးသင့် ပြည်သူ အိမ်ထောင်စုပေါင်း ၃၂၅ ခုအား နေရာချထားခဲ့သည်။ (Xinhua)
………………….
(Chinese Version)
甘肃榆中受灾群众陆续搬进新居
新华社照片,兰州,2025年12月2日
眼下,甘肃省兰州市榆中县山洪灾害灾后重建集中安置点配套设施安装和室内外装饰已基本完成,正在开展分户验收,受灾群众陆续搬进新居,开启新生活。
今年八月初,榆中县遭遇连续强降雨,引发山洪灾害,导致部分房屋、道路等基础设施严重受损。按照灾后重建计划,当地快速推进6个灾后重建集中安置点建设,共安置受灾群众325户。
图说1:12月1日,在榆中县马坡乡旧庄沟村安置点,刚刚搬进新居的王琳平擦玻璃。 新华社记者 陈斌 摄
图说2:在榆中县马坡乡马莲滩村集中安置点,一户村民在庆祝乔迁(12月1日摄,无人机照片)。新华社记者 陈斌 摄