Asia
အာရှ-ပစိဖိတ်ဒေသအတွက် သဘာဝဘေးတုံ့ပြန်ရေး ထပ်တိုးရန်ပုံငွေ သြစတြေးလျအစိုးရ ကတိပြု
ကင်ဘာရာ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
သြစတြေးလျအစိုးရက အာရှနှင့် ပစိဖိတ်ဒေသများတွင် ဆိုင်ကလုန်းမုန်တိုင်းများနှင့် ရေကြီးမှုများအတွက် သဘာဝဘေးတုံ့ပြန်ရေး ထပ်တိုးရန်ပုံငွေ ပေးအပ်ရန် ဒီဇင်ဘာ ၄ ရက်က ကတိပြုခဲ့သည်။
သြစတြေးလျနိုင်ငံသည် အဆိုပါဒေသသို့ အကူအညီအဖြစ် သြစတြေးလျဒေါ်လာ ၅ သန်း (အမေရိကန်ဒေါ်လာ ၃.၃ သန်း) ထပ်တိုးထောက်ပံ့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Penny Wong နှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Anne Aly တို့က ကြေညာခဲ့သည်။ ယင်းမှာ အောက်တိုဘာကတည်းက ဗဟိုအစိုးရ၏ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ သြစတြေးလျ ဒေါ်လာ ၁၄ သန်းကျော် ရှိပြီဖြစ်ကြောင်းသိရသည်။
သီရီလင်္ကာနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်း Ditwah တိုက်ခတ်ခဲ့မှုအပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရန် သြစတြေးလျဒေါ်လာ ၂.၅ သန်း အပါအဝင် အဆိုပါရန်ပုံငွေကို ဒီဇင်ဘာ ၄ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
သြစတြေးလျနိုင်ငံသည် ၎င်း၏အိမ်နီးချင်းနိုင်ငံများအား ဆိုးတူကောင်းဖက် ပံ့ပိုးကူညီရန် ကတိပြုထားကြောင်း Wong က ဒီဇင်ဘာ ၄ ရက်၌ ပြောကြားခဲ့သည်။ (သြစတြေးလျ တစ်ဒေါ်လာသည် အမေရိကန်ဒေါ်လာ ၀.၆၆ ဒေါ်လာနှင့်ညီမျှသည်) (Xinhua)
…………………….
(English Version)
Australian gov’t commits additional disaster response funding for Asia-Pacific
CANBERRA, Dec. 4 (Xinhua) — The Australian government on Thursday committed additional funding for the disaster response to cyclones and flooding in Asia and the Pacific.
Foreign Affairs Minister Penny Wong and International Development Minister Anne Aly announced that Australia will provide an additional 5 million Australian dollars (3.3 million U.S. dollars) in aid to the region, taking the federal government’s total assistance funding since October to over 14 million Australian dollars.
The funding announced on Thursday includes 2.5 million Australian dollars for Sri Lanka’s response to Cyclone Ditwah.
Wong said on Thursday that Australia is committed to supporting its neighboring countries in good times and bad. (1 Australian dollar equals 0.66 U.S. dollars)
Photo : People evacuate by boat in floodwater after heavy rains on the outskirts of Colombo, Sri Lanka, on Nov. 29, 2025. (Photo by Ajith Perera/Xinhua)
Continue Reading
