Connect with us

Economy

တရုတ်နိုင်ငံ၏ ပထမဆုံး သွင်းကုန်ပြပွဲအတွက် စေတနာ့ဝန်ထမ်း ၅,၄၀၀ ကျော် ပါဝင်မည်

တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲအတွက် လာဘ်ကောင်ရုပ်လေးအား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (China International Import Expo) အတွက် လူပေါင်း ၅,၄၀၀ ကျော် စေတနာ့ဝန်ထမ်းအဖြစ် ကတိသစ္စာပြုခဲ့ကြောင်း တရုတ်နိုင်ငံ ကွန်မြူနစ်လူငယ်များအဖွဲ့ချုပ်၏ ရှန်ဟိုင်း စည်ပင်သာယာကော်မတီအရ သိရသည်။

စေတနာ့ဝန်ထမ်း ၅,၂၀၀ ကျော်သည် ရှန်ဟိုင်းနှင့် အနီးဝန်းကျင်ပြည်နယ်များမှ တက္ကသိုလ်ကျောင်းသားများ ဖြစ်သည်။ နိုင်ငံခြားသား စေတနာ့ဝန်ထမ်းလည်း ပြပွဲတွင် ပါဝင်ကြမည်ဖြစ်သည်။လက်ရှိတွင် ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိကျင်းပမည့် ပြပွဲအတွက် စေတနာ့ဝန်ထမ်းဝန်ဆောင်မှုဌာန ၃၁၅ ခုနှင့် စေတနာ့ဝန်ထမ်းအဖွဲ့ ၂၅၀ နီးပါးက ပြင်ဆင်နေကြောင်း သိရသည်။

CIIE သည် ပြည်ပကုန်သည်များနှင့် ဝန်ဆောင်မှုများ တင်သွင်းခြင်းအပေါ်သီးသန့်အလေးထား ကျင်းပသည့် တရုတ်နိုင်ငံ၏ ပထမဆုံးပြပွဲလည်း ဖြစ်သည်။ ပြပွဲ၌ နိုင်ငံနှင့် ဒေသပေါင်း ၁၃၀ ကျော်မှ ကုမ္ပဏီပေါင်း ၂,၈၀၀ ကျော် ပါဝင်ပြသမည်ဖြစ်သည်။အောက်တိုဘာလ ၂၀ ရက်တွင် ပြုလုပ်ခဲ့သော ကတိသစ္စာပြုပွဲအခမ်းအနား၌ ပြပွဲဖြစ်မြောက်ရေးစီစဉ်သူက ပြပွဲ၏ ဂုဏ်ပြုသီချင်းနှင့် စေတနာ့ဝန်ထမ်းများအတွက် ဝတ်စုံအမျိုးအစားနှစ်စုံကို ထုတ်ဖော်ပြသခဲ့သည်။ဝတ်စုံတစ်စုံမှာ Clover သစ်ရွက်ပုံသဏ္ဍာန်ကြယ်သီးများနှင့် တရုတ်ဟန်ပန် အနီရောင်ဝတ်စုံဖြစ်ကြောင်း၊ အခြားဝတ်စုံမှာမူ ကြယ်များနှင့် အစင်းများပါဝင်သည့် အားကစားဝတ်စုံဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ခေတ်သစ်ပိုးလမ်းမကြီးနှင့် တိုက်ကြီးများ ချိတ်ဆက်မှုအား ပုံဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117