Connect with us

Economy

CIIE ဖွင့်ပွဲတွင် သတင်းစာဆရာများ၏ အာရံုံစိုက်မှုကို ကျယ်ကျယ်ပြန့်ပြန့်ဆွဲဆောင်ထား

တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ ပြုလုပ်မည့်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ပထမဆုံးအကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo) က ပြည်တွင်းနှင့် ပြည်ပ မီဒီယာများမှ အာရုံစိုက်မှုများကို ဆွဲဆောင်ထားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်အထိ ပြည်တွင်းနှင့် ပြည်ပ သတင်းအဖွဲ့အစည်း ၆၃၀ မှ သတင်းစာဆရာ ၄,၁၀၀ ကျော်က ပြပွဲတက်ရောက်ရန် စာရင်းသွင်းထားခဲ့ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်တွင် သတင်းစာဆရာများအတွက် Press Center ကို ဖွင့်လှစ်ထားပြီး နိုဝင်ဘာလ ၄ ရက်တွင် တရားဝင် စတင်လည်ပတ်မည်ဟု ဆိုသည်။

နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ပြပွဲကျင်းပနေစဉ် သတင်းစာဆရာများအား ကူညီရန် စေတနာ့ဝန်ထမ်း ၃၀၀ ကျော်က အသင့်ရှိနေမည်ဖြစ်ကြောင်း၊ ဘာသာစကားဝန်ဆောင်မှုများလည်း ရှိမည်ဖြစ်ကြောင်း သိရသည်။

CIIE ကို နိုဝင်ဘာလ ၅ ရက်တွင် ရှန်ဟိုင်းမြို့၌ စတင်ကျင်းပမည်ဖြစ်သည်။ ပြပွဲသို့ နိုင်ငံနှင့် ဒေသပေါင်း ၁၃၀ ကျော်မှ ကုမ္ပဏီပေါင်း ၃,၀၀၀ ကျော် တက်ရောက်ရန် အတည်ပြုထားသည်ဟု ဆိုသည်။ (Xinhua)