North America
ထိုင်းနှင့် ကမ္ဘောဒီးယားက လာမည့်သီတင်းပတ်တွင် အပစ်ရပ်ရန် မျှော်လင့်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆို
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အနေဖြင့် အစောဆုံး လာမည့်သီတင်းပတ်တွင် ယခုနှစ်အစောပိုင်းကာလက ရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ပြန်လည်ဖော်ဆောင်ရေးကို ဖျောင်းဖျပြောဆိုနိုင်ရန် အမေရိကန်ဘက်က မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဒီဇင်ဘာ ၁၉ ရက်တွင် အမေရိကန် ဝါရှင်တန်မြို့၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့သည်။ထိုင်း-ကမ္ဘောဒီးယားက ဒီဇင်ဘာ ၂၂ ရက် သို့မဟုတ် ဒီဇင်ဘာ ၂၃ ရက်တွင် စတင်အပစ်ရပ်နိုင်မည်ဟု အမေရိကန်ဘက်က “သတိထားစွာနှင့် အပြုသဘောဆောင်စွာ” ယူဆလျက်ရှိကြောင်း မာကိုရူဘီယိုက ပြောကြားခဲ့သည်။အမေရိကန် သမ္မတ ထရမ့်က ဒီဇင်ဘာ ၁၂ ရက်တွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်တို့နှင့် သီးခြားစီ ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြီးအကဲများက ထိုနေ့ညမှစ၍ အပစ်ရပ်ရန် သဘောတူညီကြောင်း ဆိုခဲ့သည်။ သို့သော် ထိုင်းဘက်က ဒီဇင်ဘာ ၁၃ ရက်တွင် ငြင်းဆိုခဲ့ပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ်တွင် ထိုင်းစစ်တပ် ဗုံးကြဲတိုက်ခိုက်ခြင်းခံရသော အရပ်ဘက်အဆောက်အဦတစ်ခုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Agence Kampuchea Presse/Handout via Xinhua)
ယခုနှစ် ဇူလိုင် ၂၄ ရက်တွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၌ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံးက နိုင်ငံတကာဥပဒေချိုးဖောက်သည်ဟု အပြန်အလှန်ပြစ်တင်ခဲ့ကြသည်။ ဩဂုတ် ၇ ရက်တွင် နှစ်နိုင်ငံသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို၌ ကျင်းပသည့် နှစ်နိုင်ငံ နယ်စပ်အထွေထွေကော်မတီ အထူးအစည်းအဝေးတွင် အပစ်ရပ်မှု အသေးစိတ်အကြောင်းအရာနှင့် စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်နိုင်ငံအနေဖြင့် စစ်တပ်များ လက်ရှိဖြန့်ကြက်နေရာချထားမှုကို ထိန်းသိမ်းထားပြီး နယ်စပ်ဒေသသို့ စစ်ကူထပ်မံပို့ဆောင်ခြင်း မပြုရန် ကတိပြုခဲ့ကြကြောင်း သိရသည်။ ဟွန်မန်နက်နှင့် အနူတင်တို့က အောက်တိုဘာ ၂၆ ရက် အာဆီယံထိပ်သီးအစည်းအဝေး ကာလအတွင်း နှစ်နိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
ဒီဇင်ဘာ ၇ ရက်မှစ၍ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသတွင် ပဋိပက္ခအပြင်းအထန် ထပ်မံဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံးက တစ်ဖက်နှင့် တစ်ဖက် “စတင်ပစ်ခတ်” သည်ဟု အပြန်အလှန်ပြစ်တင်ပြောကြားခဲ့သည်။ (Xinhua)
——————————–
(Chinese Version)
美国务卿:希望泰柬下周停火
新华社华盛顿12月19日电 美国国务卿鲁比奥19日在华盛顿一场记者会上表示,美国希望说服泰国和柬埔寨最快于下周重新执行今年早些时候达成的停火协议。
鲁比奥说,美方“谨慎乐观”地认为,泰柬能在22日或23日开始停火。
美国总统特朗普12日同泰国看守政府总理阿努廷、柬埔寨首相洪玛奈就泰柬边境冲突通电话,随后称两国领导人同意从当晚起停火。但泰方13日予以否认。泰柬边境冲突继续。
今年7月24日,泰柬边境爆发武装冲突,双方互相指责对方违反国际法。8月7日,双方在马来西亚吉隆坡举行的两国边界总委员会特别会议上就停火细则达成共识并签署协议,同意维持军队部署现状,承诺不再向边境增兵。洪玛奈和阿努廷10月26日在东盟峰会期间签署关于两国和平的联合声明。12月7日起,泰柬边境再次爆发激烈冲突。双方均指责对方“先开火”。(完)
图说1、11月23日,在位于瑞士日内瓦的美国常驻联合国日内瓦办事处代表团驻地,美国国务卿鲁比奥会见记者。新华社记者 连漪 摄
图说2、这是12月18日在柬埔寨班迭棉吉省拍摄的一处被泰国军队轰炸的民用设施。新华社/柬新社
