Connect with us

Asia

ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစက်ရုံ နျူကလီးယားရေဆိုးစွန့်ထုတ်မှု တန်ချိန် ၁၃၀,၀၀၀ ကျော် ရှိပြီဖြစ်

ဂျပန်နိုင်ငံ နီအီဂါတာခရိုင်၌ ခါရှီဝါဇာကီ-ကာရီဝါ နျူကလီးယား ဓာတ်အားပေးစက်ရုံအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/Kyodo News)

တိုကျို၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစက်ရုံ၏ ၁၇ ကြိမ်မြောက် နျူကလီးယားရေဆိုးစွန့်ထုတ်မှု လုပ်ငန်းများ ဒီဇင်ဘာ ၂၂ ရက်တွင် ပြီးစီးခဲ့ကြောင်း တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ (TEPCO) က ယင်းနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်း၏ ပြင်းထန်သည့်သံသယဖြစ်မှုနှင့် ဆန့်ကျင်မှုများကို လျစ်လျူရှုကာ ဂျပန်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစက်ရုံ၏ နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ လွှတ်ထုတ်မှုကို တစ်ဖက်သတ်အတင်းအဓမ္မ စတင်ခဲ့သည်။ ၁၇ ကြိမ်မြောက် ရေဆိုးလွှတ်ထုတ်မှု ပြီးစီးချိန်အထိ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစက်ရုံ၏ နျူကလီးယားရေဆိုး လွှတ်ထုတ်မှု စုစုပေါင်းပမာဏမှာ တန်ချိန် ၁၃၃,၀၀၀ ခန့်ရှိလာပြီဖြစ်သည်။

၁၇ ကြိမ်မြောက် နျူကလီးယားရေဆိုးလွှတ်ထုတ်မှုကို ဒီဇင်ဘာ ၄ ရက်တွင် စတင်ခဲ့ရာ ယင်းကာလအတွင်း အအိုမိုရိခရိုင် အရှေ့ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၈ ရက် ညပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် ရေဆိုးလွှတ်ထုတ်မှုကို ခဏတာရပ်တန့်ခဲ့ရပြီး ဒီဇင်ဘာ ၉ ရက်တွင် ပြန်လည်စတင်ခဲ့ရကြောင်း၊ ယခုအကြိမ် လွှတ်ထုတ်သော နျူကလီးယားရေဆိုးပမာဏ ၇,၈၃၃ တန် ရှိပြီး ရေဒီယိုသတ္တိကြွ ထရိုင်တီယမ် ၂.၄ ထရီလီယံ ဘက်ကာရယ်ခန့် ပါဝင်ကြောင်း တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ (TEPCO) ၏ ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြထားသည်။

၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လ) တွင် တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ (TEPCO) က စုစုပေါင်း ရေဆိုးလွှတ်ထုတ်မှု ၇ ကြိမ်၊ လွှတ်ထုတ်မှုစုစုပေါင်း တန်ချိန် ၅၄,၆၀၀ ခန့် လွှတ်ထုတ်ရန် စီစဉ်ထားကြောင်း၊ ၂၀၂၅ ဘဏ္ဍာနှစ်၏ နောက်ဆုံးအကြိမ် ရေဆိုးလွှတ်ထုတ်မှုကို ၂၀၂၆ ခုနှစ် မတ်လတွင် လုပ်ဆောင်မည် ဖြစ်ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

———————–
(Chinese Version)
福岛第一核电站核污染水排放已超13万吨
新华社东京12月23日电 日本东京电力公司22日说,福岛第一核电站第17次核污染水排海工作当天结束。
日方无视国际社会的强烈质疑和反对,于2023年8月单方面强行启动福岛第一核电站核污染水排海。截至第17次排放结束,福岛第一核电站核污染水累计排放量已达约13.3万吨。
东京电力公司22日发布的资料显示,第17次核污染水排放始于本月4日,其间由于青森县东部海域8日晚发生地震,排放一度暂停,后于9日重启。本次共排放核污染水7833吨,含放射性氚约2.4万亿贝克勒尔。
资料显示,2025财年(同年4月至次年3月)东京电力公司计划共排放7次,总排放量约5.46万吨。2025财年最后一次排放将于2026年3月进行。(完)
1. 这是11月7日在日本新潟县拍摄的柏崎刈羽核电站。新华社/共同社