Politics, Law & Military
လားရှိုးမြို့နယ်တွင် ကျပ် ၂၂၈၀ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓါတုပစ္စည်းများ သိမ်းဆည်းရမိ
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
လားရှိုးမြို့နယ်တွင် နိုဝင်ဘာ ၁၄ရက်၌ ငွေကျပ် ၂၂၈၀ သိန်းတန်ဖိုးရှိ ထိန်းချုပ် ဓါတုပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟို ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စု၊ စံဖြတ်ကျေးရွာ၊ မန္တလေး-လားရှိုးသွားကားလမ်းဘေး၊ အသောက စက်သုံးဆီရောင်းဝယ်ရေး ဆိုင်အနီးတွင် ရပ်တန့်ထားသည့် (၆)ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် ပုလင်း/ ကော်ဗူးအခွံအိတ်များဖြင့်ဖုံးအုပ်ထားသည့် ပလတ်စတစ်ပီပါ ၁၉ ပီပါအတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ထိန်းချုပ်ဓါတုပစ္စည်းများဖြစ်သည့် 1-PHENYL-2-PROPANONE အက်ဆစ် ၂၈၅၀ လီတာ(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂၈၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိသော ထိန်းချုပ် ဓာတုပစ္စည်းများနှင့် ပတ်သက်ပြီး နောင်မွန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)