Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၉ လတာကာလအတွင်း ဆန်တန်ချိန် ၂.၁ သန်းကျော် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့

ဆန်ပြာနေသည့်အမျိုးသမီးတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပထမ ကိုးလတာကာလဖြစ်သော ဧပြီလမှ ဒီဇင်ဘာလအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၁ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ကိုးလတာကာလအတွင်း ဆန်နှင့် ဆန်ကွဲ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၇၅ သန်းခန့် ရရှိခဲ့ကြောင်း အဖွဲ့ချုပ်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲများကို နိုင်ငံပေါင်း ၃၀ ကျော်သို့ ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်း နှစ်မျိုးလုံးမှတစ်ဆင့် တင်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံက ဆန်နှင့် ဆန်ကွဲတန်ချိန် ၂.၄၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

…………………….
English Version
Myanmar exports over 2.1 mln tons of rice in 9 months of FY2025-26
YANGON, Jan. 12 (Xinhua) — Myanmar exported over 2.1 million tons of rice and broken rice in the first nine months, from April to December, of the current fiscal year 2025-26, according to the Myanmar Rice Federation on Monday.
The Southeast Asian country earned about 675 million U.S. dollars from the exports during the nine months, the federation’s data showed.
During the period, the country exported rice and broken rice via both sea and land routes to more than 30 countries, it said.
In the fiscal year 2024-25, the country exported 2.48 million tons of rice and broken rice, the federation said. ■